ပဲခူးတိုင်းဒေသကြီး တွင် City Credit Capital Holdings Limited စက်မှုဇုန် တစ်ခုဖော်ထုတ်ထား


20 November, 2020

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းဟောင်ကောင်အခြေစိုက် City Credit Capital Holdings Limited (CCCHL)မှ စက်မှုဇုန်တစ်ခုဖော်ထုတ်ပြီးစက်ရုံအမျိုးအစား ၅ဝ ခန့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

သီလဝါ ဆိပ်ကမ်းနှင့် နီးကပ်မှု ရှိ ခြင်း၊လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် အနာဂတ်တွင် စီးပွားရေးအရ အရေးပါလာမည့် ဒေသတစ်ခုဖြစ်သော ပဲခူးမြို့နယ်အတွင်း ယခုကဲ့သို့ စက်မှုဇုန် လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

ပဲခူးဒေသသည် အရှေ့-အနောက်-တောင်-မြောက် ကုန်စည် ကူးသန်းမှုအတွက် အဓိက ဖြတ်သန်း ရာလမ်းဆုံပေါ်တွင် ကျရောက်လျက်ရှိသည့်အပြင် စီးပွားရေးအရ မဟာဗျူဟာကျသည့် ဒေသဖြစ်သောကြောင့်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အမေရိကန် ဒေါ်လာ ငါးသန်းအထိ အစိုးရအဖွဲ့မှ တိုက်ရိုက်ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးမှ ပို့လွှတ်မည့် 500KVA မဟာဓာတ်အား လိုင်းသည်လည်း မကြာမီ ပဲခူးမြို့နယ် အတွင်းရောက်ရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်သည်။

ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းအတွက် အစိုးရအဖွဲ့အနေနှင့်လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

ထို့ပြင်တိုင်းဒေသကြီးအစိုးရအနေဖြင့် ပဲခူးမြစ်ကို ပြန်လည်အဆင့်မြှင့်တင်ပြီးသီလဝါဆိပ်ကမ်းသို့ကုန်တင်သင်္ဘောငယ်များ သွားလာနိုင်ရန် အနာဂတ်စီမံကိန်းများအဖြစ် လျာထားပြီး ဖြစ်သည့်အပြင်

ပဲခူး-ခရမ်း-ရန်ကုန်-သီလဝါ အဆင့်မြင့် ကားလမ်းမကြီးများ၊အဆင့်မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံတော်မှ လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Factory and Industrial Plant Read 93 times