ဒေါ်လာ ၁၁ ဘီလီယံ ဖိလစ်ပိုင်လေဆိပ် စီမံကိန်း တရုတ်နိုင်ငံပိုင်လုပ်ငန်း CCCC လက်လွှတ်ဆုံးရှုံး


19 September, 2022

ဒေါ်လာ ၁၁ ဘီလီယံ ဖိလစ်ပိုင်လေဆိပ် စီမံကိန်း တရုတ်နိုင်ငံပိုင်လုပ်ငန်း CCCC လက်လွှတ်ဆုံးရှုံး

ဖိလစ်ပိုင်၊ ဥရောပနှင့် တောင်ကိုရီးယားကုမ္ပဏီများ ပေါင်းစပ်ဖွဲ့စည်းထားသည့် ကုမ္ပဏီစုသည်  ယခင်က တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီး တင်ဒါအောင်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံမှ ကန်ဒေါ်လာ ၁၁ ဘီလီယံအတွက် လေဆိပ်စီမံကိန်းအတွက် ကန်ထရိုက် ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့မှ စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ပါသည်။

ဖိလစ်ပိုင်ရှိ Cavite ပြည်နယ်အစိုးရသည် Sangley Point International Airport (SPIA) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ကန်ထရိုက်အား  SPIA Development Consortium ကို ချီးမြှင့်ခဲ့ပါသည်။

Sangley Point International Airport (SPIA) သည် မနီလာမြို့‌တော်ရှိ Ninoy Aquino International Airport မနိုင်မနင်း ဖြစ်နေရခြင်းကို လျှော့ချပေးရန်အတွက် အကောင်အထည်ဖော်သည့် စီမံကိန်း ဖြစ်ပါသည်။
ကန်ထရိုက်ရရှိသည့် SPIA Development Consortium ကုမ္ပဏီစုတွင် ဖိလစ်ပိုင်မှ ကုမ္ပဏီများ ဖြစ်ကြသည့် 

  •  Luis Virata’s Cavitex Holdings
  • Yuchengco Group’s House of Investments Lucio Tan’s MacroAsia

တို့ပါဝင်ပါကြသည်။
ထိုပြင် ပြည်ပကုမ္ပဏီများ ဖြစ်ကြသည့် 

  • တောင်ကိုရီးယားမှ Samsung Group ၏ ဆောက်လုပ်ရေးလက်တံ Samsung C&T Corporation
  • ဂျာမနီမှ Munich Airport International GmbH
  • ဟောင်ကောင်မှ Ove Arup & Partners Hongkong Limited

တို့ ပါဝင်ကြပါသည်။ 

SPIA စီမံကိန်းကြီးတွင် လေယာဉ်ပြေးလမ်း ၂ ခု ပါဝင်ပြီး တစ်နှစ်လျှင် ခရီးသည်ဦးရေ ၇၅ သန်း သုံးစွဲနိုင်မည် ဖြစ်သည်။ 
ထို့ပြင် လိုအပ်လာလျှင် ပြေးလမ်း ၄ ခုအထိ တိုးချဲ့ပြီး တစ်နှစ်လျှင် ခရီးသည်ဦးရေ သန်း ၁၃၀ အထိ အသုံးပြုနိုင်အောင် ချဲ့ထွင်ပေးနိုင်ရန် ထည့်သွင်းစဉ်းစားပေးထားပါသည်။

စီမံကိန်းတွင် လေဆိပ်အတွက် ၄ ကီလိုမီတာ ချိတ်ဆက်လမ်းကို ကားနှင့် ရထားတို့အတွက် ဆောက်လုပ်မည်။ 
ရထားလမ်းကို လော့ဂျစ္စတစ်အတွက် အသုံးပြုရန် စီစဉ်ပေးထားမည်ဖြစ်ရာ လေကြောင်းဖြင့် တင်ပို့/ တင်သွင်းသည့် ကုန်စည်များအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ 
စီမံကိန်းက အလုပ်အကိုင် ၅၀,၀၀၀ ဖန်တီးပေးနိုင်မည်ဖြစ်သည်။


တရုတ်နိုင်ငံမှ  နိုင်ငံပိုင် China Communications Construction Company, Ltd. (CCCC) သည် MarcoAsia နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် SPIA ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် ပထမဆုံးအကြိမ် ခေါ်ယူသည့် တင်ဒါကို ကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့် ရရှိခဲ့ပါသည်။

 CCCC သည် စီမံကိန်းကို အကောင်အထည်ဖော်ရန် အရည်အချင်းပြည့်မီကြောင်း အထောက်အထား စာရွက်စာတမ်းမျာ တင်ပြရန် ပျက်ကွက်ခဲ့ပါသည်။ Cavite ပြည်နယ်အစိုးရသည် နောက်ဆုံးတင်သွင်းရမည့် သတ်မှတ်ရက်ကို လေးကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့သော်လည်း လုပ်ငန်းစုသည် တင်ပြခြင်း မရှိခဲ့သဖြင့် သဘောတူစာချုပ်ကို Cavite ပြည်နယ်အစိုးရက ဖျက်သိမ်းခဲ့ပါသည်။

လေဆိပ်၏ ဗျူဟာမြောက်တည်နေရာကြောင့် တရုတ်ကုမ္ပဏီ လက်ထဲသို့ စီမံကိန်းကို ပေးအပ်သည့်အပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများလည်း ရှိခဲ့ပါသည်။

လေဆိပ်စီမံကိန်းတည်ရာ Sangley Point သည် ယခင်က အမေရိကန်ရေတပ် အခြေစိုက်စခန်း ဖြစ်ခဲ့ဖူးပြီး ယခုအခါ ဖိလစ်ပိုင်ရေတပ် အခြေစိုက်စခန်း ထားရှိပါသည်။ ဖိလစ်ပိုင်ရေတပ်ဌာနချုပ် တည်ရှိရာ နေရာလည်း ဖြစ်ပါသည်။
Source Eurasiantime
#MyanmarBuilderGuide 
 Telegram Channel  https://t.me/Guid4U

 

Infrastructure and Zones Read 616 times