စင်ကာပူမြစ်တစ်လျှောက်မှာ အမြင့်ဆုံးဖြစ်မယ့် အဆောက်အဦအသစ် CanningHill Piers


06 November, 2021

စင်ကာပူမြစ်တစ်လျှောက် အမြင့်ဆုံးဖြစ်မယ့် အဆောက်အဦအသစ်က ၂၀၂၅ မှာ အပြီးဆောက်လုပ်မယ့် CanningHill Piers အဆောက်အဦ ဖြစ်ပါတယ်။ ဈေးဆိုင်တန်းများ၊ လူနေတိုက်ခန်းများနဲ့ ဟိုတယ်တစ်ခု ပါဝင်ပြီး CapitaLand နဲ့ City Developments (CDL) တို့ ပူးပေါင်းပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။

အောက်ဆုံးနှစ်ထပ်မှာ လက်လီအရောင်းဆိုင်များ ထားရှိပြီး Moxy Hotel နဲ့ လူနေတိုက်ခန်းများ ပါဝင်တယ်။

 ထူးခြားချက်က CanningHill Piers တိုက်တာနှစ်ခုကို ၂၄ ထပ်မှာ တံတားထိုးပြီး ဆက်သွယ်ပေးထားပါတယ်။ တံတားမှာ ရေကူးကန်ငယ်တစ်ခု ထည့်ပေးထားပါတယ်။ 

လူနေတိုက်ခန်း ၆၉၆ ခန်း ပါဝင်တယ်။ တိုက်ခန်းတွေထဲမှာ ၅၃၁ ခန်းက အိပ်ခန်း တစ်ခန်း သို့မဟုတ် နှစ်ခန်းပါ တိုက်ခန်းတွေ ဖြစ်ပါတယ်။ 

အိပ်ခန်းတစ်ခန်းပါ တိုက်ခန်း တစ်ခန်း ရောင်းဈေးက စင်ကာပူဒေါ်လာ ၁.၁၆ သန်း ဖြစ်ပါတယ်။
အိပ်ခန်း ၄ ခန်းပါ တိုက်ခန်းဆိုရင်တော့ စင်ကာပူ ဒေါ်လာ ၅.၂၂ သန်း ဖြစ်ပါတယ်။
အိပ်ခန်း ၅ ခန်းပါ တိုက်ခန်းဆိုရင်တော့ စင်ကာပူဒေါ်လာ ၈.၁ သန်း ဖြစ်ပါတယ်။

 


 CanningHill Piers မှာ တိုက်နှစ်လုံး ပါဝင်ပြီး ပိုမြင့်တဲ့ တိုက်က ၄၈ ထပ် ပါဝင်တယ်။ 
ပိုမြင့်တဲ့ တိုက်ရဲ့ အပေါ်ဆုံး ခေါင်မိုးအထပ်ရဲ့ တိုက်ခန်း ရောင်းဈေးက စင်ကာပူဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။

 

ပိုမြင့်တဲ့ တိုက်ရဲ့အမြင့်က ၁၈၀ မီတာ ဖြစ်ပါတယ်။ စင်ကာပူ မြစ်တစ်လျှောက်မှာ အမြင့်ဆုံး ဖြစ်ပေမဲ့ စင်ကာပူရဲ့ အမြင့်ဆုံးတော့ မဟုတ်ပါဘူး။
စင်ကာပူရဲ့ အမြင့်ဆုံး တိုက်တာက Tanjong Pagar မှာ တည်ရှိတဲ့ Guoco Tower ဖြစ်ပြီး အမြင့်က ၂၈၄ မီတာ ဖြစ်ပါတယ်။

 


CanningHill Piers ဗိသုကာဒီဇိုင်းကို ဒိန်းမတ်ဗိသုကာ လုပ်ငန်း Bjarke Ingels Group က ဒီဇိုင်း ထုတ်ပေးထားပါတယ်။ဦးဆောင် ဗိသုကာက Brian Yang ဖြစ်ပါတယ်။ လုပ်ငန်းကညကိုပင်ဟေဂင်မြို့မှာ ရုံးချုပ်ထားရှိပါတယ်။ 

ပုံ

Mixed Use and Urban Read 592 times