၂၀၁၈ ခုနှစ်မှာ ထပ်မံကျင်းပမယ့် Biggest Home Loan Expo ပြန်လည်စတင်ခြင်း


18 November, 2020

အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှား ၀က်ဆိုဒ်နှင့် အိမ်ခြံမြေပြပွဲကျင်းပရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Shwe Property.com ရဲ့ ဒုတိယအကြိမ်မြောက်အဖြစ်

Biggest Home Loan Expo at Tatmadaw Hall အိမ်ရာ အရောင်းပြပွဲကြီးကို ကျင်းပတော့မှာဖြစ်ပါတယ်။

Shwe Property က မတ်လ ၁၆, ၁၇, ၁၈ ရက်နေ့ တပ်မတော်ခန်းမမှာ ကျင်းပမည့် အိမ်ရာအရောင်းပြပွဲ က Middle Class  လူလတ်တန်းစားတွေကို ရည်ရွယ်ပြီး

ပထမဦးဆုံးအနေနဲ့ အိမ်ဝယ်လို၍ဖြစ်ဖြစ်၊ ထပ်မံရင်းနှီးမြှုပ်နှံလို၍ဖြစ်ဖြစ် ငွေကြေးတစ်လုံးတစ်ခဲတည်း ရင်းနှီးမြှုပ်နှံစရာမလိုဘဲ ဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ဝယ်လို့ရအောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

အိမ်ရာကဏ္ဍပိုင်းမှာ အကြီးမားဆုံးအချက်ကတော့ တန်ဖိုးသင့်တိုက်ခန်းတွေကို ငှားရမ်းတဲ့သဘောတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး အိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ အိမ်ပိုင်ဆိုင်မှုကို ငှားရမ်းလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

သူတို့တွေကတော့ ကြင်စဦးဇနီးမောင်နှံတွေ၊ အသေးစားကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေစုပေါင်းပြီး တစ်လကို ၀င်ငွေသိန်း ၂၀ ရှိတယ်ဆိုရင်တော့

ပထမဦးဆုံး ပေးချေရမယ့် ကနဦးဝင်ငွေကို စုပေါင်းပြီး ပေးချေလိုက်ရင် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်အောင် စီစဉ်ထားကြောင်း သိရပါတယ်။ ကျန်တဲ့ငွေကိုတော့ ၁၀ နှစ်ကနေ ၁၅ နှစ်အထိ နှစ်ရှည်ဘဏ်ချေးငွေနဲ့ ပုံမှန်ဆပ်သွားနိုင်ကြောင်း သိရပါတယ်။

မြန်မာ့အိမ်ခြံမြေကဏ္ဍကတော့ ၂၀၁၇ ခုနှစ်မှာ အစကောင်းခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ခဲ့ ကြတာလည်း ကွန်ဒိုမီနီယံစျေးကွက်နဲ့

တိုက်ခန်းစျေးကွက်တွေမှာ ဘဏ်ချေးငွေဆိုတဲ့ ကြားဖြည့် ကဏ္ဍတစ်ခု ပါ၀င်လာတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူလိုမှုအတွက် Shwe Property ကို ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမှုကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ဖုန်းခေါ်ဆိုမှုပေါင်း

၂၃၇ ခုသာရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ ၂၄၈၉ အထိ သိသိသာသာ တိုးတက်ပြောင်းလဲလာတယ်လို့ Shwe Property မှ သုတေသနတစ်ခု ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒီကိန်းဂဏန်းဟာ အိမ်တန်ဖိုး သိန်း ၅၀၀ အောက်ရှိတဲ့ တိုက်ခန်းအတွက် စုံစမ်းမှုပေါင်းဖြစ်ပြီး သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ မီနီကွန်ဒိုတွေနဲ့ ကွန်ဒိုတွေအတွက်မှာလည်း စုံစမ်းမှုဟာ ၂၃ ကနေ ၁၀၁ အထိ မြင့်တက် လာခဲ့ကြောင်း သိရပါတယ်။

Shwe Property မှ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ဖို့ရည်ရွယ်ပြီး ပုံမှန်လစဉ်ဝင်ငွေရှိတဲ့သူတိုင်း အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်မှန်းပြီး ဘဏ်ချေးငွေနဲ့

အိမ်ရာဝယ်ယူနိုင်အောင် စီစဉ်ပေးခဲ့ရာကနေ ယခု ၂၀၁၈ ခုနှစ်ထဲမှာလည်း တန်ဖိုးမြင့် နဲ့ တန်ဖိုးသင့်အိမ်ရာတွေများကို စုစည်းပြီး ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ ထပ်မံစီစဉ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

Events Read 125 times