ရန်ကုန်မြို့ရှိ အဆောက်အဦများကို အုပ်စုလိုက်ခွဲ၍ BCM အသုံးပြုကာ အန္တရာယ်ဖြစ်နိုင်ခြေကို ခွဲခြားသတ်မှတ


09 December, 2020

 ရန်ကုန်မြို့ရှိ အဆောက်အအုံများကို အုပ်စုလိုက်ခွဲ၍ Building Categorization Matrix (BCM) အသုံးပြုကာ အန္တရာယ် ဖြစ်နိုင်ခြေကို ခွဲခြားသတ်မှတ်စမ်းသပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။
 

        အဆိုပါ စမ်းသပ်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ရှိ အဆောက်အအုံများ၌ ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လမှ စတင်စမ်းသပ်မည် ဖြစ်သည်။ BCM စနစ်သည် အဆောက်အအုံများဆောက်လုပ်ခွင့်အတွက် ပါမစ်ချထားရာတွင် အသုံးပြုရန် ရည်ရွယ် ထားသည့် စနစ်သစ် တစ်ခုဖြစ်ပြီး ယင်းစနစ်သစ်ဖြင့် ဆောင်ရွက်ပါက ဆောက်လုပ်သည့်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်မည်ဖြစ်၍ ကုန်ကျစရိတ်များကို လက်ခံချိန်တွင် ချက်ချင်းသိနိုင်မည်ဖြစ်သည်။

 

        ထို့ပြင် Risk ခွဲခြားသတ်မှတ်ခြင်းဖြင့် အဆောက်အအုံဆိုင်ရာအချက်အလက်များ မှန်ကန်စွာရရှိနိုင်ပြီး ခွင့်ပြုရာတွင်လည်းကောင်း၊ တည်ဆောက်ပြီးချိန် စီမံခန့်ခွဲရာတွင်လည်းကောင်း စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်လျှောက်ထားရယူလိုသည့်လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာပြီး အရည်အသွေးတစ်ခုချင်းအလိုက် စီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲ၍ လက်ခံမည်ဖြစ်သည်။ ဆောက်လုပ်ခွင့်လျှောက်ထားသည့်လုပ်ငန်းများ၏ အန္တရာယ်ဖြစ်နိုင်ခြေကို BCM စနစ်ပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများတောင်းခံမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ အဆောက်အအုံလိုအပ်ချက်များအရ တည်ဆောက်မှုများပြားလာပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ယင်းအတွက် အဆောက်အအုံများနှင့် ပတ်သက်၍ ဥပဒေများနှင့် သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

 

        ရန်ကုန်မြို့၌ အဆောက်အအုံများတည်ဆောက်ရာတွင် ယင်းစနစ်အတွက် ပြင်ဆင်ထားရန် အဆောက်အအုံအလိုက် ပါဝင်ရမည့်အချက်များကို အသေးစိတ်ထုတ်ပြန်၍ ပညာပေးရန် လိုအပ်နေကြောင်း၊ စနစ်သစ် ပြောင်းလဲချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် အသားမကျသေးသည့် စနစ်ဖြစ်၍ အခက်အခဲများရှိလာနိုင်ကြောင်း ဝါရင့်ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

 

Source: Myawaddy

Laws and Regulations Read 77 times