ရိုးရာမဲ့ Bank of China Tower ဗိသုကာဒီဇိုင်းဂယက်


04 November, 2021

ဟောင်ကောင်မှာ တရုတ်မိရိုးဖလာ ရှေးရိုးရာ ဖန်းဆွေ အစဉ်အလာ အယူအဆတွေကို အရမ်းဂရုစိုက်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေကအစ အဆောက်အဦဒီဇိုင်းထုတ်ရင် ဖန်းဆွေဆရာ မာစတာနဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ် ယူပြီး ဗိသုကာ ဒီဇိုင်း ထုတ်ကြတယ်။

 Bank of China Tower က ဖန်းဆွေကို အရေးမလုပ်ဘူးလို့ ဆိုတယ်။ ဗိသုကာ I.M. Pei က ဖန်းဆွေမာစတာနဲ့ တိုင်ပင်ခြင်း မရှိဘဲ ဒီဇိုင်း ထုတ်ပေးခဲ့လို့ ပြစ်တင်ဝေဖန်ခံရတယ်။

မိုးထိတိုက်မြင့်တာဝါရဲ့ ထုထည်ပုံပန်းသဏ္ဍာန်က ဆိုးဝါးနေလို့ စိုးရိမ်မကင်းဖြစ်ကြ၊ တန်ပြန်တဲ့ အစီအရင် ထားရှိကြတဲ့အထိ ဂယက်ထကုန်တယ်။

တာဝါက တြိဂံ ပရစ်ဇမ် ပုံပန်းသဏ္ဍာန် ဖြစ်ပါတယ်။ ဝါးမျှစ်ပုံမျိုး ြဖစ်နေတယ်။ Structural Expressionism အရတော့ အလွန်လက်ရာမြောက်ပါတယ်။
 
ဒါပေမဲ့ ပရစ်ဇမ်ရဲ့ ထောင့်က ဖန်းဆွေဓလေ့ကို ဖီလာဆန့်ကျင်ပြုနေတယ်။ ဓားဦးချွန်လို ဖြစ်နေတယ်။ ကောင်းကျိုးပေးတဲ့ 'ချီ' ဓာတ် စီးဆင်းမှုကို ဓားဦးချွန်က ဖြတ်တောက်ပစ်နေပြီး အကျိုးဆက်အဖြစ် အနီးပတ်ဝန်းကျင်ကို ဆိုးကျိုးပြုစွမ်းအားတွေ လွင့်စင်ကျရောက်နေစေတယ်လို့ ယူဆကြတယ်။

ဖြစ်ချင်တော့ Bank of China Tower ဆောက်တာကြောင့် ကံဆိုးတာတွေ  ဖြစ်ပွားကုန်ပြီလို့ ယူဆကြတာကြောင့် ထနေတဲ့ ဂယက် ပိုကြီးသွားစေတယ်။ 
 
ဟောင်ပောာင် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူး စံအိမ်တော်မှာ ကွယ်လွန်ခဲ့တယ်။
အနားမှာရှိတဲ့ အဆောက်အဦ Lippo Centre ရဲ့ မူလပိုင်ရှင် စီးပွားပျက်တယ်။

Lippo Centre

ဆိုးဆိုးဝါးဝါး မဖြစ်အောင် အကာအကွယ်ယူကြတယ်။ တန်ပြန်ကြတယ်။

အနီးမှာ တည်ရှိတဲ့ ဘဏ်လုပ်ငန်း HSBC ရဲ့ အဆောက်အဦ ခေါင်မိုးမှာ ရှေးခေတ်သုံးအမြောက်ပုံစံဖြင့် ကရိန်းတွေ ထားရှိတယ်။

 

ဝေဖန်ပြစ်တင်တာတွေ ပြင်းထန်လို့ Bank of China Tower မှာ တရုတ်ပြည်မထံမှ ကျောက်တုံးကြီးတွေ မှာယူပြီး ရေတံခွန်တစ်ခု ဆောက်လုပ်ပေးတယ်။ သဟဇာတ ဖြစ်ခြင်းနဲ့ တည်ငြိမ်ခြင်းကို ဖြစ်ထွန်းစေတယ်။ အဆောက်အဦ ပတ်လည်မှာလည်း အပင်ငယ်တွေ၊ သစ်ပင်တွေ များများစားစား ထားရှိပေးတယ်။ ကောင်းကျိုးပေးတဲ့ စွမ်းအင်တွေ ထုတ်လွှတ်ပေးတဲ့အပြင် အနီးအတ်ဝန်းကျင်ကို သန့်စင်ပေးတယ်။ 
Bank of China အဆောက်အဦမှာလည်း ခိုက်တယ်လို့ ယူဆကြတယ်။ အချို့အထပ်တွေမှာ အခုအထိ အခန်းလွတ်တွေ များနေဆဲ ဖြစ်ပါတယ်။ ‌မြေအရမ်းရှားတဲ့ ဟောင်ကောင်ကျွန်းမှာ အခန်းအလွတ်တွေ များပြားနေတာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်လို့ စီးပွား ခန်းခြောက်တာလို့ ယူဆကြပါတယ်။ 

Architecture Read 569 times