အာရှအချမ်းသာဆုံး အမျိုးသမီး လုပ်ငန်းရှင် ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရ


11 August, 2023

အာရှအချမ်းသာဆုံး အမျိုးသမီး လုပ်ငန်းရှင် ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအနက် အကြီးအကဲတစ်ဦးသည် တစ်ချိန်က အာရှ၏ အချမ်းသာဆုံး အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။

သို့သော် သူမ၏ ချမ်းသာမှုသည် ၂၀၂၁ နှစ်လယ်ပိုင်းမှစ၍ ယခု အချိန်အထိ ကာလအတွင်း ၈၄% ကျဆင်းသွားခဲ့သည်။
ယခုအခါ သူမ၏ ကုမ္ပဏီသည် ငွေကြေး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။

အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီကြီး Country Garden ၏ အကြီးအကဲ Yang Huiyan သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကန်ဒေါ်လာ ၂၉ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်။
Country Garden သည် ချေးငွေများအတွက် အမေရိကန်ဒေါ်လာ သန်းရာချီသော အတိုးများ မပေးနိုင်ဘဲ ပျက်ကွက်နေသည်။ အမေရိကန်ဒေါ်လာဖြင့် ချုပ်ဆိုထားသော အာမခံငွေချေးစာချုပ်များအတွက် အတိုးပေးရန် ပျက်ကွက်နေသဖြင့် များမကြာခင်မှာ အရေးယူခံရဖွယ် ရှိနေသည်။ 
Country Garden ၏ ၂၀၂၃ ခုနှစ် ပထမ ၆ လ ရောင်းအားသည် ယခင်နှစ်ထက် ၃၀% လျော့နည်းခဲ့သည်။ 
တရုတ်နိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ငန်း Country Garden သည် အကြွေးပြဿနာများနှင့် ရင်ဆိုင်နေရသည်။
တစ်ချိန်က အာရှ၏ အချမ်းသာဆုံး အမျိုးသမီး Yang Huiyan သည် ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ကာ သူမ၏ ကြွယ်ဝမှုများ ဆုံးရှုံးခဲ့သည်။ Yang သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ကြွယ်ဝမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးနောက် လျော့နည်းလာခဲ့ရာ ကန်ဒေါ်လာ ၂၈.၆ ဘီလီယံ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

Bloomberg ၏ ဘီလျံနာများ အညွှန်းကိန်းအရ အသက် ၄၁ နှစ်အရွယ် Yang ၏ အသားတင် ပိုင်ဆိုင်မှုသည် ယခုအခါ ကန်ဒေါ်လာ ၅.၅ ဘီလီယံ ရှိသည်။

Country Garden သည် ဟောင်ကောင်စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ပြီး ၎င်း၏ ရှယ်ယာဈေးနှုန်းများ ၂၀.၄% ဈေးကျခဲ့သည်။ ရှယ်ယာများ ဈေးကျသဖြင့်  ကုမ္ပဏီ၏ ရှယ်ယာ ၅၂.၆% ပိုင်ဆိုင်သော Yang ၏ ကြွယ်ဝမှုသည်လည်း လျော့ကျသွားသည်။ 

Yang သည် ကုမ္ပဏီ ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်လာရခြင်းမှာ ၂၀၀၇ ခုနှစ်တွင် ဖခင်ထံမှ အမွေ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ 

Country Garden သည် တရုတ်ပြည်တွင် ရောင်းအားပမာဏ အများဆုံး ကုမ္ပဏီ ဖြစ်နေဆဲ ဖြစ်သော်လည်း ငွေမလည်တော့ချေ။
ဇူလိုင်လတွင် ရောင်းအား ယွမ် ၁၃၈.၇၆ ဘီလီယံ (ကန်ဒေါ်လာ ၁၇.၈ ဘီလီယံ) ရရှိခဲ့သည်။
Source markets businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Real Estate & Properties Read 484 times