မန္တလေး-မြစ်ကြီးနား Air Con လေအိတ်ရထား စတင်ပြေးဆွဲမည်


17 December, 2020

မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားကို အဆိုင်းနှစ်ဆိုင်းဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၃၁)အဆန်ရထားတွင် အထက်တန်းတွဲ(၁၀)တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ရိုးရိုးတန်း ၃၆ ခုံပါ ဘရိတ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ ပါဝင်ကာ မန္တလေးဘူတာမှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာလာမည်ဖြစ်ပြီး ကန့်ဘလူဘူတာသို့ ညနေ ၅ နာရီခွဲ၌ ဆိုက်ရောက်မည်ဖြစ်ပြီး မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

အမှတ်(၃၂)အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ထွက်ခွာကာ ကန့်ဘလူဘူတာသို့ နံနက် ၂ နာရီခွဲတွင် ဆိုက်ရောက်ပြီး မန္တလေးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းဘူတာများတွင် ရပ်တန့်ပေးမည် ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 72 times