ကမ္ဘာ့တန်ဖိုး အကြီးဆုံးအိမ် ၇ လုံး (အပိုင်း-၂)


17 November, 2020

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးအိမ် များစွာရှိသည့်အထဲကမှအောက်ပါ ရလုံးအား စုစည်းတင်ပြလိုက်ရပါသည်။

1.Silicon Valley Estate

Silicon Valley တွင်တည်ရှိပြီး Kumar Malavalli မှ ဒီဇိုင်းရေးဆွဲထားသည်။

ထိုအိမ်တွင် massage room နှင့် ချွေးပေါင်းအိမ်များပါ ပါဝင်သည်။တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၈ သန်းရှိသည်။

 


2.  Holmby Hills Villa
Los Angeles ရှိ Holmby Hills တောင်ကုန်းပေါ်တွင်တည်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်ပင်များပေါက်နေသည်။တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၈သန်း ရှိသည်။

Fashion Designer Max Azria မှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၁၉၃ဝတွင် Paul Williams မှ ဒီဇိုင်းရေးဆွဲပေးသည်။

ထူးခြားမှုအနေဖြင့် ၎င်းအိမ်တွင် ရေချိုးခန်း ၂၂ခန်းနှင့်စတုရန်းပေ ၆ဝဝဝကျယ်ဝန်းသော ကဇာတ်ရုံတစ်ခုပါဝင်သည်။

 



3. Del Dios Ranch


ဧက ၂၁ဝကျယ်ဝန်းသောထိုအိမ်သည် Rancho Santa တွင်တည်ရှိပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၈၅သန်း ရှိသည်။
အိမ်မကြီးသည် တောင်ကုန်းပေါ်တွင်တည်ရှိပြီး စိုက်ပျိုးမွေးမြူရေးခြံများအား အပေါ်စီးမှ ကြည့်ရှု့နိုင်ပြီး အနီရောင်သစ်များ၊မှန်များ၊စကျင်ကျောက်နှင့် ကွန်ကရစ်များဖြင့် တည်ဆောက်ထားသည်။

 


4. Beaux-Arts Mansion


New York တွင် တည်ရှိသော ယင်းအိမ်အား ၁၉ဝ၃ခုနှစ်တွင်တည်ဆောက်ခဲ့သည်။
Keith Rubenstein မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄ဒသမ ၅သန်းရှိသည်။

 


 5.432 Park Penthouse
Rafael Vinoly မှ ဒီဇိုင်းရေးဆွဲထားပြီး အနောက်နိုင်ငံတွင် အမြင့်ဆုံး residential အဆောက်အဦ တစ်ခုဖြစ်သည်။
New Yorkရှိ432 Park Avenue တွင်တည်ရှိပြီး အလွှာပေါင်း ၉၅ထပ်ရှိသော ထိုအဆောက်အဦသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၂သန်းရှိသည်။

 


6.Elk Mountain Lodge
သစ်လုံးများဖြင့်တည်ဆောက်ထားသော ထိုအိမ်သည်Aspen တွင်တည်ရှိပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၈ဝသန်း ရှိသည်။

 


 7.Edie Goetz Mansion
Holmby Hills Spot တွင် တည်ရှိပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ရ၉သန်းရှိသော ထိုအိ်မ်အား MGM Founder Louis B Mayer ၏သမီးဖြစ်သူEdie Goetz မှ ပိုင်ဆိုင်သည်။

Global Read 20 times