ပြတင်းများ အတွင်းမှာထားတဲ့ 55 sathorn


25 August, 2021

တိုင်းနိုင်ငံ အခြေစိုက် ဗိသုကာ  kuanchanok pakavaleetorn က သူမနဲ့ သူမရဲ့ မိသားစု အတူနေထိုင်ဖို့ တိုက်အိမ်ကို အမိုးမဲ့ အဝင်လမ်းကို အူတိုင်အဖြစ် ထားပြီး ဒီဇိုင်းဖွဲ့ထားပါတယ်။
အိမ်နံရံမှ ပြတင်းပေါက်တွေ အားလုံး အတွင်းဘက်မှာ ရှိနေပြီး ခြံဝင်းအပြင်မှ ကြည့်ပါက နံရံများ အပြည့်ကိုသာ မြင်ရမှာ ဖြစ်ပါတယ်။ အခုလို အတွင်းဘက်မှာ ပြတင်းထားတဲ့အတွက် ပြတင်းမှတစ်ဆင့် လမ်းသွားလမ်းလာတို့ အိမ်အတွင်းသို့ အတိုင်းသား မြင်နေရတဲ ပြဿနာ ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ နံရံပြည့် မှန်တပ်ဆင်တယ် ဆိုရင်လည်း မှန်အနောက်ဖြင့် အပြင်မှ မမြင်သာအောင် လုပ်ပေးနေဖို့ မလိုတော့ဘူး။ 
ပဓာနကျတဲ့ အချက်တစ်ချက်က ပြင်ပမှ နေအလင်းရောင် အိမ်ထဲသို့ ကောင်းစွာ ရောက်ရှိနိုင်ပြီး နေတိုက်ရိုက်ထိုးခြင်းမှ ကင်းဝေးစေတာ ဖြစ်ပါတယ်။ 

အိမ်တည်နေရာက ဘန်ကောက်မြို့ရဲ့ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည်တို့ အချက်အချာကျတဲ့ နေရာတစ်နေရာ ဖြစ်တဲ့  sathorn မှာ ဖြစ်ပြီး ခြံနံပါတ်က ၅၅ ဖြစ်တာကြောင့် 55 sathorn လို့ အမည်တွင်တယ်လို့ သိရပါတယ်။ 

အိမ်က ကွန်ကရိတိုက်တာ အမျိုးအစားရှိပြီး ထုထည်ကြီးမားနေဟန် ရှိတဲ့ နံရံများမှာ ထောင့်ကွေးများဖြင့် ချိုးပေးထားတာ ရှိသလို ချွန်ထွက်နေတဲ့ ထောင့်ချိုးလည်း ပါဝင်တယ်။ 
55 sathorn အိမ်က အထပ် ၅ ထပ် ရှိပြီး ခေါင်မိုးပေါ်မှာ ပန်းဥယျာဉ်ငယ် ထားရှိတယ်။ ကွန်ကရိထုထည် မာကျောနေမှုကို ခေါင်မိုးပန်းဥယျာဉ်က ပြေပြစ်နေစေတယ်။ 

 

 

 

 

 

 

 


 

 

 

 

 

Architecture Read 388 times