ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ် ဖွင့်လှစ်


11 December, 2020


 ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံလမ်းပိုင်းသည် ကော့ကရိတ် မြို့မှတစ်ဆင့် မြဝတီနယ်စပ်မြို့ သို့ လည်းကောင်း၊ ဘုရားသုံးဆူနယ်စပ်မြို့သို့ လည်းကောင်း၊ မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်မြို့တို့သို့ လည်းကောင်း ဆက်သွယ်သွား လာနိုင်ရန်အတွက် အရှည် ၂၈မိုင်၊ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းသစ်ကို ခင်းကျင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ မေ ၉ ရက် နံနက်ပိုင်းက ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ် ဖွင့်ပွဲကို အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခု ဖွင့်လှစ်လိုက်သည့် ကတ္တရာလမ်းသစ်ကို ပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန်၊ တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား အားလုံး သွေးချင်းညီနောင်များသဖွယ် အလွယ်တကူကူးလူး ဆက်ဆံနိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြ သူများနှင့်အတူ လမ်းသစ်အား ဖြတ်သန်း ကြည့်ရှုကြသည်။

Events Read 82 times