ဘတ် ၆ ဘီလီယံ ကွန်ဒို စီမံကိန်း Ashton Asoke ပါမစ် ပြန်လျှောက်ရန် လိုအပ်


30 July, 2023

ဘတ် ၆ ဘီလီယံ ကွန်ဒို စီမံကိန်း Ashton Asoke ပါမစ် ပြန်လျှောက်ရန် လိုအပ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 ဘန်ကောက်မှာ ဘတ် ၆ ဘီလီယံ ကွန်ဒို စီမံကိန်းဖြင့် အကောင်အထည်ဖော်ခဲ့ပြီး အခန်းများလည်း ရောင်းချပြီး ဖြစ်သည့် အထက်တန်းစား ကွန်ဒိုမီနီယံ  Ashton Asoke ၏ စီမံကိန်း စတင်အကောင်အထည်ဖော်ရန် ရရှိခဲ့သည့် ဆောက်လုပ်ရေး ပါမစ်သည် ဥပဒေနှင့် မညီညွှတ်ဟု တရားရုံးတော်က စီရင်ဆုံးဖြတ်ခဲ့သည့်အကြောင်းကို  Myanmar Builder Guide တွင် ဖော်ပြခဲ့ပါသည်။


ထိုင်းတွင် အခန်းများ ရောင်းချပြီးသားကွန်ဒို ဆောက်လုပ်ခွင့်ပါမစ် ဥပဒေနှင့်မညီဟု တရားရုံးချုပ် စီရင်ချ
https://www.buildersguide.com.mm/article/unlawful-con-struction-permit.html



နာမည်ကြီး Asoke ကွန်ဒိုမီနီယံ စီမံကိန်း ပိုင်ရှင်သည် ဆောက်လုပ်ခွင့်ပါမစ်ကို ဘန်ကောက်မြို့ပြ အုပ်ချုပ်ရေးအဖွဲ့ Bangkok Metropolitan Administration (BMA) ထံ ပြန်လည်တင်ပြနိုင်ပြီး ဝင်ပေါက်ပြဿနာကို ဖြေရှင်းမည့် အစီအစဉ်ကို တပါတည်း ရှင်းလင်းတင်ပြရမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ လက်ထောက် အုပ်ချုပ်ရေးမှူး Wisanu Subsompon က ပြောကြားသည်။

Ashton Asoke စီမံကိန်းကို အကောင်အထည်ဖော်သည့် ဖက်စပ်လုပ်ငန်း Ananda MF Asia Asoke Co, ၏ မိခင်လုပ်ငန်း Asoke ကွန်ဒိုမီနီယံ စီမံကိန်း ပိုင်ရှင်ထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း Mr Wisanu က ပြောကြားသည်။
အထက်တန်းစား ကွန်ဒိုမီနီယံ Ashton Asoke အတွက် ခွင့်ပြုမိန့်ကို တရားရုံး၏ အမိန့်အရ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာတွင် အသိပေးထားသည်။

အထပ် ၅၀ ထပ်မြင့်သည့် Ashton Asoke ကွန်ဒိုမီနီယံမှ တိုက်ခန်းများတွင် နေထိုင်ကြသူများသည် ကွန်ဒို ဖြိုဖျက်ခံရမည့်အရေးကို စိုးရိမ်ပူပန်နေကြကြောင်း ၎င်းက ပြောကြားသည်။


ထိုင်းဘီလျံနာရဲ့ပတ္တရားမှ နတ်ဘုံနတ်နန်း အပိုင်း တချို့ ဖြိုဖျက်
https://www.buildersguide.com.mm/article/mansion-demolish.html


BMA သည် စီမံကိန်းပိုင်ရှင်အား ပြန်လည်တင်ပြရန်အတွက် အတိုင်းအတာတစ်ခုအထိ  အချိန်ပေးမည်ဖြစ်သည်။
 
ဥပဒေနှင့် ညီညွှတ်အောင် မလွှဲမသွေ ဆောင်ရွက်ရမည် ဖြစ်သဖြင့် အနည်းဆုံးအနေဖြင့် ကွန်ဒို၏ ဝင်ပေါက် တစ်ပေါက်သည် ဥပဒေနှင့်အညီ အနည်းဆုံး အကျယ် ၁၂ မီတာ ရှိရမည်။ ၎င်းဝင်ပေါက်သည် အနည်းဆုံး ၁၈ မီတာကျယ်သည့် အများပိုင် လမ်းမနှင့် လမ်းပေါက်ရမည်။ ထိုအချက်များ ပြေလည်အောင် မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို ရှင်းလင်းတင်ပြချက်ကို ပါမစ်လျှောက်လွှာတွင် တပါတည်းတင်ပြရမည်ဟု Mr Wisanu က ပြောကြားသည်။

Ashton Asoke ၏ အဓိကဝင်ပေါက်သည် Asoke Road နှင့် တဆက်တည်း ဖြစ်သည်။
သို့သော် အဓိကဝင်ပေါက်နေရာမှ ဧရိယာအချို့သည် Mass Rapid Transit Authority of Thailand (MRTA) ပိုင်ဆိုင်သည့် မြေ ဖြစ်နေသည်။ 
၎င်းမြေနေရာသည် MRTA မှ မကြာခင် စတင်တော့မည့် မြေအောက်ဘူတာရုံ စီမံကိန်းဧရိယာတွင် အကျုံးဝင်နေသည်။
သို့ဖြစ်ရာ MRTA ပိုင်သည့် မြေဧရိယာကို နုတ်ပယ်လိုက်လျှင် Ashton Asoke ကွန်ဒိုမီနီယံ အဓိကဝင်ပေါက်သည် အကျယ် ၁၂ မီတာ မပြည့်တော့ချေ။ 

 ဆောက်လုပ်ရေး ပါမစ် လျှောက်ထားစဉ်က Ananda သည် MRTA ထံမှ မြေဧရိယာကို ငှားရမ်းခဲ့သည်။ ယခု MRTA က အငှားရပ်လိုက်ပြီဖြစ်သည်။ ထိုသို့ ပြဿနာ အကြီးအကျယ် ပေါ်ပေါက်နိုင်သည့် အရေးကိစ္စကို စီမံကိန်းပိုင်ရှင်က အရဲစွန့် လုပ်ကိုင်ခဲ့သည်ဟု Mr Wisanu က ပြောကြားသည်။ သို့ဖြစ်ရာ စီမံကိန်းပိုင်ရှင်က တာဝန်ယူ ဖြေရှင်းရမည်ဟု ၎င်းက ဆိုသည်။

တရားစွဲဆိုခဲ့သူ ကမ္ဘာကြီးပူနွေးလာမှု ရပ်တန့်ရေးအသင်းဥက္ကဋ္ဌ တက်ကြွလှုပ်ရှားသူ  Srisuwan Janya က  Ananda သည် ယခုအခါ ကွန်ဒိုမှ အခန်း ၅၈၀ ခန်းတွင် နေထိုင်နေသည့်သူများ ဒုက္ခရောက်ကြမည့်အရေးကို တင်ပြပြီး BMA နှင့် 
 MRTA တို့ကို နစ်နာမှုအတွက် တာဝန်ယူရန်  ဖိအား မပေးသင့်ဟု ပြောကြားသည်။

MRTA အုပ်ချုပ်ရေးမှူး Pakapong Sirikantaramas က တရားရုံး ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များသည် MRTA နှင့် မသက်ဆိုင်ကြောင်း ပြောကြားသည်။ Ananda ထံမှ ဆက်သွယ်လာခြင်းလည်း မရှိကြောင်းလည်း ၎င်းက ပြောကြားသည်။ Ananda နှင့် BMA တို့ကသာ ဖြေရှင်းရမည့်ကိစ္စရပ်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Laws and Regulations Read 306 times