‌‌ရေစီးသံ ငြိမ့်ငြိမ့်လေးများ နားဆင်ကာ စိတ်အပန်းပြေနိုင်မည့် လွဲပုတ်ရေတံခွန် 


27 January, 2021

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့ မှာရှိသည့် လွဲပုတ်ရွာဟောင်း ရေတံခွန်သည် အဆင့်ခုနစ်ဆင့် ရှိပြီး အပေါ်ပိုင်းတွင် ရေပြင်ကျယ်ကာ ရေစီးအားကောင်းမွန်ပြီး ကျောက်တုံးကျောက်ဆောင်ကြီးများ ကြားကနေ တောင်ကျ စမ်းချောင်းငယ်များသဖွယ် သာယာသောရေစီးသံများဖြင့်  တောက်လျှောက် စီးဆင်းလို့နေသည့် အတွက် ခရီးသွားမိဘပြည်သူများအတွက် လာရောက်အပန်းဖြေလို့ကောင်းသည့် နေရာတစ်ခု ဖြစ်လာပါသည်။

လွဲပုတ်ရေတံခွန်သို့ သွားရန် မိုးကောင်းမြို့မှ စန်းမော်ကျေးရွာကို ဖြတ်ပြီး ထီးချိုင့် အထိ ၁၄ မိုင်ခန့်ကို မော်တော်ဆိုင်ကယ်ဖြင့်  မိနစ်၃၀ ခန့် မောင်းနှင်ရမှာဖြစ်ပြီး ထီးချိုုင့် မှတစ်ဆင့် ကျေးရွာ၏ အရှေ့တောင်ဖက်ကို သုံးမိုင်ခန့် မိနစ် ၂၀ခန့် ကြာအောင် ဆက်လက်မောင်း နှင်ရမည် ဖြစ်ပါသည်။ 

မိုးကောင်းမြို့နယ်‌ဒေသတွင်း နှင့် ပြင်ပမှ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေလည်ပတ်အနားနိုင်ရန် We Love Moe Kaung ခရီးစဥ်ဒေသသစ် ဖော်ဆောင်ရေးအဖွဲ့ နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ‌ရေတံခွန် ပတ်ဝန်းကျင်တွင် ရှိသော စ်ပင်ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပြီး လွဲပုတ်ရေတံခွန်ကို သွားရောက်ဖို့ လွဲပုတ်ရွာဟောင်နှင့် ထီးချိုင့် ကျေးရွာကြားရှိ နိုင်အင်းချောင်းကို ဖြတ်ရပါသည်။

ထိုချောင်းကို ဖြတ်နိုင်ရန် အရှည် ပေ ၂၀၀၊ အကျယ် ၆‌ပေ၊ ရေပြင်အထက်အမြင့် ၃‌ပေ ရှိသည့် ဝါးတံတားကို ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် နေ့ချင်းပြီး တည်ဆောက်ထားသည်ကိုလည်း တွေ့ရပါသည်။ 

အဆိုပါ ဝါးတံတားနှင့် လွဲပုတ်ရေတံခွန်ကို ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်    ခရီးစဥ် ဒေသသစ် ဖော်ဆောင်ရေး အဖွဲ့  နှင့် ဒေသခံပြည်သူများတို့မှ ဇန်နဝါရီလ ၂၄ ရက် တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

လွဲပုတ်ရေတံခွန်ဟာ အဆင့်ဆင့်ရှိပြီး သွားရသည့် ခရီးမှာ ကြမ်းတမ်းသော်လည်း ခရီးစဥ် တစ်လျှောက်တွင် ရေစီးသံများဖြင့် သာယာလျက်ရှိပါသည်။ 

လွဲပုတ်ရေတံခွန်၏ အကြီးဆုံး ရေတံခွန်မှာ ပေ ၄၀ မြင့်ပြီး အောက်ခြေတွင် ၁၀ ပတ်လည် ကျယ်ဝန်းသောကြောင့် လာရောက်လည်ပတ်ရန် အတွက် ပျော်ရွှင်စရာဖြစ်စေပြီး စိတ်မွန်းကျပ် နေသည့် မိဘပြည်သူများအတွက် စိတ်အပန်း ဖြေစေမည့် သဘာဝ ပတ်ဝန်းကျင် နေရာ ကောင်း တစ်ခု ဖြစ်သောကြောင့် လာရောက် အပန်းဖြေကြရန် ဖိတ်ခေါ်လိုက်ရပါသည်။

By Myanmar Builder Guide 

Local Read 526 times