ဗီယက်နမ်၏ တစ်ခုတည်းသော နေနာရီ နှစ်ပေါင်း ၁၁၀ ကြာပြီးနောက် ပြုပြင်မွမ်းမံမည်


10 March, 2024

ဗီယက်နမ်၏ တစ်ခုတည်းသော နေနာရီ နှစ်ပေါင်း ၁၁၀ ကြာပြီးနောက် ပြုပြင်မွမ်းမံမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်၏ တစ်ခုတည်းသော နေနာရီဖြစ်သည့် Thai Duong နေနာရီ၏  ပျက်စီးသွားသော နာရီပြသသည့် အပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ၎င်း၏ ဂရက်နိုက် မျက်နှာစာကို စဉ့်ဖြင့် အစားထိုးမည် ဖြစ်သည်။

 

နေနာရီ ရှေ့ရှိ အုတ်များတွင် အပျက်အစီး ရှိနေသည်။ ရောမဂဏန်းများသည် အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်သွားခဲ့သည်။  ရေညှိများလည်း တက်နေသည်။

 

ပြင်သစ်ကိုလိုနီနယ်ချဲ့လက်ထက်တွင် "Thai Duong" နေနာရီကို Bac Lieu ဘုရင်ခံ၏ အိမ်ရှေ့တွင် တည်ဆောက်ခဲ့သည်။

 

နာရီကို ဖန်တီးသူမှာ ၂၀ ရာစုအစောပိုင်းကာလတွင် တောင်ပိုင်းမှ ထင်ရှားသော သိပ္ပံပညာရှင် မစ္စတာ Luu Van Lang (၁၈၈၀ – ၁၉၆၉) ဖြစ်သည်။

 

 

နာရီ၏ မျက်နှာပြင်သည် အရှေ့သို့ မျက်နှာမူလျက် အတော်လေး စနစ်ကျသည်။ အုတ်နှင့် ဘိလပ်မြေတို့ဖြင့် ပြုလုပ်ထားပြီး အမြင့် ၀.၇ မီတာ နှင့် အကျယ် ၁ မီတာခန့် ရှိသည်။

 

နာရီကိုညွှန်ပြရန်  1 မှ 12 အထိ ရိုမန် နံပါတ်တစ်ဆယ့်နှစ်ခုကို ဒိုင်ခွက်ပေါ်တွင် လက်ဖြင့် ထွင်းထားသည်။ မိနစ်များကိုညွှန်ပြရန် ဂဏန်းများ၏ အလယ်ကို ဧရိယာ ၁၂ ခု ခွဲထားသည်။

နာရီ အလုပ်လုပ်ပုံသည် ရိုးရှင်းပါသည်။

စတုဂံမျက်နှာပြင်ပေါ်တွင် နေရောင်ခြည် ကျရောက်သည့်အခါ ဒိုင်ခွက်ပေါ်မှာ အရိပ်အမှတ်အသားကို ဖန်တီးပေးသည်။

နာရီပေါ်ရှိ နေရောင်ခြည်၏ အရိပ်သည် နာရီလက်တံအတိုင်း လှည့်နေသည်။

အလွဲအမှား ၅ မိနစ်မှ ၇ မိနစ်အထိ ရှိနိုင်သည်။

 

နေနာရီ  ဂရက်နိုက် အစိတ်အပိုင်းများကို ဖယ်ရှားမည်ဖြစ်ပြီး လူ ဝင်ရောက်နိုင်ရန် လှေကားထစ်များ တည်ဆောက်မည် ဖြစ်သည်။

ခြံစည်းရိုးကာခြင်း နှင့် ရေကြီးရေလျှံမှု တားဆီးကာကွယ်ရေးနှင့် ရေစုဆောင်းခြင်းစနစ်များ လည်းပါဝင်မည် ဖြစ်သည်။

ပြုပြင်မွမ်းမံမှုမှာ ဒေါင် သန်း ၈၀၀ (ကန်ဒေါ်လာ ၃၂,၄၀၀) ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 166 times