မြန်မာတို့ ဝယ်ယူသည့် ထိုင်းကွန်ဒိုများ ပျမ်းမျှတန်ဖိုး ဘတ် ၆.၅ သန်းဖြင့် အမြင့်မားဆုံး ဖြစ်ခဲ့


19 December, 2023

မြန်မာတို့ ဝယ်ယူသည့် ထိုင်းကွန်ဒိုများ ပျမ်းမျှတန်ဖိုး ဘတ် ၆.၅ သန်းဖြင့် အမြင့်မားဆုံး ဖြစ်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ထိုင်းကွန်ဒိုများ တတိယအများဆုံး ဝယ်ယူသည့် မြန်မာများသည် စုစုပေါင်း ဘတ် ၂.၂၅ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။


ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဒုတိယအိုးအိမ်အဖြစ် ရည်ရွယ်ပြီး ဝယ်ယူကြသည့် နိုင်ငံခြားသားဝယ်လက်များကြားတွင် ထိုင်းကွန်ဒိုအခန်းများ ဝယ်လိုအားရှိနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေအရ ကွန်ဒိုတခုတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုသည် ၄၉% ထက် မပိုရပါ။ ထိုသို့ ကန့်သတ်ထားသော်လည်း ဈေးကွက်ထဲတွင် နိုင်ငံခြားသားများကို ရောင်းချရန် ကွန်ဒိုအခန်းများ  အလုံအလောက် ရှိနေဆဲ ဖြစ်သည်။


ပြည်တွင်းဝယ်လိုအား နှေးကွေးပြီး ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသောကြောင့် ထိုက်းကွန်ဒိုဈေးကွက်သည် ပြည်ပဝယ်လက်များပေါ်တွင်သာ မှီခိုနေရကြောင်း အိမ်ခြံမြေသတင်းပြန်ကြားရေးဌာန Real Estate Information Center(REIC) ၏ ယာယီညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောသည်။

“၂၀၂၄ မှာ ခရီးသွားလုပ်ငန်းက ဒီနှစ်ထက် ပိုကောင်းမွန်မယ်ဆိုရင် နိုင်ငံခြားသားဝယ်လက်တွေ ဝယ်ယူကြတာ ပိုမိုများပြားလာတာက ထိုင်းတွေရဲ့ ဝယ်ယူမှုစွမ်းအား လျော့ကျနေတာအတွက် ထေမိစေပါလိမ့်မယ်"ဟု ပြောကြားသည်။
ထိုင်းကွန်ဒိုဈေးကွက် ကြီးထွားဖို့ ပြည်တွင်းမှ ထိုင်းနိုင်ငံသားများ၏ ဝယ်လိုအားက အကျိုးဖြစ်ထွန်းစေခြင်းအစား နိုင်ငံခြားသားများ၏ ဝယ်လိုအားက နေရာဝင်ယူမည် ဖြစ်သညိ။ 
  
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် ကွန်ဒိုအခန်းရေ စုစုပေါင်းမှာ ၁၀၇၀၃ ခန်း ရှိပြီး စုစုပေါင်း တန်ဖိုးမှာ ထိုင်းဘတ် ၅၂ ဒသမ ၃ ဘီလီယံ ဖြစ်ပါသည်။
၎င်းကွန်ဒိုအခန်းများ၏ စုစုပေါင်း ကြမ်းခင်းဧရိယာမှာ ၄၈၇,၄၉၃ စတုရန်းမီတာ ဖြစ်ပါသည်။ 

ချွန်ဘူရီပြည်နယ်သည် နိုင်ငံခြားသားများထံ ကွန်ဒိုရောင်းချမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘန်ကောက်ထက် ပိုများခဲ့ပါသည်။ ဘန်ကောက်သည် ဒုတိယအများဆုံး ဖြစ်ခဲ့ပြီး တတိယအများဆုံးမ‌ှာ ဖူးကက် ဖြစ်ပါသည်။ 

• တရုတ်နိုင်ငံသားများသည် ဝယ်ယူသည့် အရေအတွက် အများဆုံး ဖြစ်ပြီး ၄,၉၉၁ ခန်း ဝယ်ယူခဲ့သည်။
• ရုရှားနိုင်ငံသားများသည် ဒုတိယအများဆုံး ဖြစ်ပြီး ၉၆၂ ခန်း ဝယ်ယူခဲ့သည်။ 
• တတိယအများဆုံး ဝယ်ယူသည့် နိုင်ငံသားမှာ အမေရိကန်ဖြစ်ပြီး ၄၂၂ ခန်း ဝယ်ယူခဲ့သည်။ 
• ထိုင်ဝမ်သည့် စတုတ္ထအများဆုံးဖြစ်ပြီး ၃၇၂ ခန်း ဝယ်ယူခဲ့သည်။ 

 တန်ဖိုးအရကြည့်လျှင် 
• တရုတ်နိုင်ငံသားများသည် ဘတ် ၂၄.၇ ဘီလီယံဖိုး ဝယ်ယူခဲ့ပြီး အများဆုံး ဖြစ်ပါသည်။
• ရုရှားနိုင်ငံသားများသည် ဘတ် ၃.၄၃ ဘီလီယံဖိုး ဝယ်ယူခဲ့ပြီး ဒုတိယအများဆုံး ဖြစ်ပါသည်။
• ဘတ် ၂.၂၅ ဘီလီယံဖိုး ဝယ်ယူခဲ့သော မြန်မာနိုင်ငံသားများသည် တတိယအများဆုံး ဖြစ်ပါသည်။
• စတုတ္ထအများဆုံးဖြစ်သော အမေရိကန်တို့သည် ဘတ် ၂.၁ ဘီလီယံဖိုး ဝယ်ယူခဲ့သည်။
• ပဉ္စမအများဆုံး ဝယ်ယူသည့် ထိုင်ဝမ်တို့သည် ဘတ် ၁.၈၄ ဘီလီယံဖိုး ဝယ်ယူခဲ့ကြပါသည်။

ဈေးနှုန်း အတိုင်းအတာအရ ကြည့်လျှင်
• ဘတ် ၃ သန်းအောက် ၁,၄၉၀ ခန်း
• ဘတ် ၃.၀၁ - ၅ သန်း ၈၄၃ ခန်း
• ဘတ် ၅.၀၁ - ၇.၅ သန်း ၅၀၇ ခန်း
• ဘတ် ၇.၅၁ - ၁၀ သန်း ၁၇၉ ခန်း
• ဘတ် ၁၀ သန်းအထက် ၃၄၆ ခန်း
တို့ကို နိုင်ငံခြားသား ဝယ်လက်များထံ ရောင်းချခဲ့ပါသည်။

အခန်းများ၏ ပျမ်းမျှတန်ဖိုးအရ ကြည့်လျှင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့ကြသည့် ကွန်ဒိုအခန်းများ အားလုံးအတွက် ပျမ်းမျှတန်ဖိုးသည် အမြင့်မားဆုံး ဖြစ်ပြီး ပျမ်းမျှတန်ဖိုးမှာ တခန်းလျှင် ဘတ် ၆.၅ သန်း ဖြစ်ပါသည်။

Mr Vichai က နိုင်ငံခြားဝယ်လက်များကြား တစ်ပတ်ရစ်ကွန်ဒိုအခန်းများ ရေပန်းစားလာနေသည်ဟု ဆိုပါသည်။ ၂၀၂၃ ခုနှစ် ပထမ ၉လတာအတွင်း နိုင်ငံခြားသားများ ဝယ်ယူခဲ့ကြသည့် ကွန်ဒိုအခန်းများတွင် ၄၀%သည် တစ်ပတ်ရစ်ကွန်ဒိုအခန်းများ ဖြစ်ပါသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 299 times