တစ်ကိုယ်တည်း နေထိုင်သူ တသန်းခွဲအတွက် ၅၀% လျှော့ဈေး အိမ်ရာတိုက်ခန်းစီမံကိန်း ဆိုးလ်တွင် အကောင်အထည်ဖော


26 February, 2024

တစ်ကိုယ်တည်း နေထိုင်သူ တသန်းခွဲအတွက် ၅၀% လျှော့ဈေး အိမ်ရာတိုက်ခန်းစီမံကိန်း ဆိုးလ်တွင် အကောင်အထည်ဖော်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဆိုးလ်မြို့အစိုးရသည် မြို့၏တိုးပွားလာနေသော လူတစ်ဦးတည်း အိမ်ထောင်စုများကို နေစရာ  ဖြည့်ဆည်းပေးရန်အတွက် တစ်ကိုယ်ရေသမားများအတွက် လျှော့စျေးဖြင့် အိမ်ရာတိုက်ခန်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူများက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၆)တွင် ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က ဆိုးလ်တွင် လူတစ်ဦးတည်း အိမ်ထောင်စု အရေအတွက် ၁ ဒသမ ၅ သန်းအထိရောက်ရှိသွားသောကြောင့် တစ်ကိုယ်တည်း နေထိုင်သူများအတွက် နေထိုင်မှုပုံစံသစ်ဖြင့် နေစရာ အိမ်ရာတိုက်ခန်း  ဖြည့်ဆည်းပေးရန် အဆိုပါ အိမ်ရာစီမံကိန်းကို ကြေညာခဲ့သည်။

 

လူတစ်ဦးတည်း အိမ်ထောင်စု အရေအတွက်သည် အိမ်ထောင်စု အရေအတွက် စုစုပေါင်း၏ ၃၇% ရှိပါသည်။ 

 

အိမ်ရာစီမံကိန်းအတွက် နေရာများ ရွေးချယ်သတ်မှတ်ရန် စီစဉ်နေသည်။ အလုပ်သွားရန်၊ ကျောင်းတက်ရန်၊ ဆေးရုံသွားရန် လွယ်ကူမည့် နေရာများကို အသုံးပြုမည် ဖြစ်သည်။ 

ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီမံကိန်း တရားဝင် စတင်နိုင်ရန်အတွက် လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြီးသတ်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

စီမံကိန်းတွင် သီးသန့်အခန်းများကို ကာလပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ ဈေးလျှော့ပေးပြီး ငှားရမ်းမည်။

သီးသန့်နေရန် အခန်းများနှင့် အများနှင့်အတူ မျှဝေ သုံးစွဲရမည့် အခန်းများ ဟူ၍ အခန်း အမျိုးအစား နှစ်မျိုးပါရှိမည်။ 

ချက်ပြုတ်စားသောက်ရန် အခန်းများ၊ အဝတ်လျှော်စက်များ ထားရှိသည့်အခန်း၊ ဂိမ်းကစားရန် အခန်း အပါအဝင် အပန်းဖြေရန် ဖျော်ဖြေရေးအခန်း စသည်တို့သည် အများနှင့်အတူ သုံးစွဲရမည် ဖြစ်ပြီး သုံးသလောက် ကျသင့်ငွေ ပေးချေရမည် ဖြစ်သည်။ 

ကောက်ခံရရှိသော ကျသင့်ငွေများကို အဆောက်အဦ ထိန်းသိမ်းပြုပြင်ရေးအတွက် သုံးစွဲမည် ဖြစ်သည်။ 

 

 အသက် ၁၉ နှစ်မှ ၃၉ နှစ်အထိ အသက်အပိုင်းအခြား ရှိသူများသည် အများဆုံး ၆ နှစ်အထိ ငှားရမ်းနေထိုင်ခွင့် ရမည်။ အသက် ၄၀ နှစ်နှင့်အထက် အသက်အပိုင်းအခြား ရှိသူများသည် အများဆုံး ၁၀ နှစ်အထိ ငှားရမ်းနေထိုင်ခွင့် ရမည် ဖြစ်ပါသည်။

 

Source Yonhap


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 199 times