ဘုရားသုံးဆူ ငလျင်ကြော နှစ်စဉ် အကြိမ် ရာချီလှုပ်သော်လည်း စိုးရိမ်ရန် မလိုဟု ပြောကြား

22 November, 2023

ဘုရားသုံးဆူ ငလျင်ကြော နှစ်စဉ် အကြိမ် ရာချီလှုပ်သော်လည်း စိုးရိမ်ရန် မလိုဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကန်ချနပူရီရှိ ဘုရားသုံးဆူပြတ်ရွေ့ ငလျင်ကြော တစ်လျှောက် ငလျင်များသည် သတိမပြုမိနိုင်လောက်အောင် သေးငယ်သော်လည်း နှစ်စဉ် အကြိမ်ပေါင်း ရာနှင့်ချီ ငလျင်လှုပ်လေ့ရှိကြောင်း Mahidol University ၏ Geoscience Department မှ ကျွမ်းကျင်သူ ဘူမိဗေဒပညာရှင် Prinya Putthapiban က ပြောသည်။

ဘုရားသုံးဆူပြတ်ရွေ့သည် မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းပြတ်ရွေ့တို့နှင့် အပြိုင်တည်ရှိနေပြီး ကြားညပ်နေသဖြင့် အင်အားပြင်းငလျင်လှုပ်ရန် နေရာအနည်းငယ်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

"ဘုရားသုံးဆူပြတ်ရွေ့တလျှောက်မှာ ငလျင်လှုပ်တာက တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာမြောက်ပိုင်းနဲ့ နီပေါနိုင်ငံတွေမှာ တွေ့ကြုံခဲ့သလိုမျိုး အပျက်အဆီး ကြီးကြီးမားမား ဖြစ်နိုင်ခြေ မရှိပါဘူး" ဟု Mr Prinya မှ ပြောကြားသည်။

ဘုရားသုံးဆူပြတ်ရွေ့သည် အကြမ်းဖျင်း ကီလိုမီတာ ၆၀ ခန့် ရှည်လျားသည်။

"ဘုရားသုံးဆူပြတ်ရွေ့တစ်လျှောက်မှာ ဖြစ်ပေါ်တဲ့ ငလျင်အများစုဟာ သေးငယ်လို့  သတိမပြုမိကြပါဘူး" ဟု Mr Prinya မှ ပြောကြားသည်။


ထိုင်းနိုင်ငံကို ထိခိုက်ပျက်စီးစေနိုင်သော အနီးကပ်ဆုံးပြတ်ရွေ့ကြောမှာ မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ဖြစ်သည်။ သို့သော်လည်း ယင်းပြတ်ရွေ့ကြောင့် ငလျင်အများစုသည် အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ပြီး အရှေ့ဘက်တွင် တည်ရှိသော ထိုင်းနိုင်ငံအဖို့ ငလျင် အများစုမှာ ထိခိုက်မှုမရှိဟု ၎င်းက ပြောသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 262 times