မြေအရှုပ်တော်ပုံကြောင့် ထိုင်းသန်းကြွယ်သူဌေးကြီး ထောင်ကျ


11 August, 2023

မြေအရှုပ်တော်ပုံကြောင့် ထိုင်းသန်းကြွယ်သူဌေးကြီး ထောင်ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားရုံး၊ တိုင်းဒေသကြီး(၈)မှ သန်းကြွယ်သူဌေးကြီး ပရာယွတ် မဟာဂီတီရီအား မြေအရှုပ်တော်ပုံဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ရှစ်လ ထောင်ဒဏ်စီရင်ချက်ချခဲ့ကြောင်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် National Anti-Corruption Commission(NACC) မှ ပြောကြားသည်။

Muang ခရိုင်တွင် မြေဧရိယာ ၂၉ ရိုင်ခန့်ရှိသည့် နိုင်ငံပိုင်မြေကို ပုဂ္ဂလိကပိုင်မြေအဖြစ် မသမာသော နည်းလမ်းများဖြင့် ထုတ်ပေးထားသော စာရွက်စာတမ်းများကို တရားရုံးက တွေ့ရှိသည်ဟု ကော်မရှင် အထွေထွေ အတွင်းရေးမှူး Niwatchai Kasemongkol က ပြောကြားသည်။
မြေယာ အရာရှိဟောင်း ၁၀ ယောက်တို့ ပါဝင် ပတ်သက်ခဲ့ကြသည်ဟု ၎င်းက ပြောကြားသည်။ 


သန်းကြွယ်သူဌေးကြီး ပရာယွတ် မဟာဂီတီရီက မြေပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများကို ၎င်းအစိုးရအရာရှိများနှင့် အတူပူးပေါင်း လုပ်ဆောင်ခဲ့သည်။

 

အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားရုံးက ကနဦးတွင် တရားခံတစ်ဦးကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ပရာယွတ်အပါအဝင် ကျန်သည့်တရားခံများအား ထောင်ဒဏ် ၄ နှစ်စီ ကျခံစေခဲ့သည်။

၎င်းတို့အားလုံးက ဖြောင့်ချက်ပေးပြီး ဝန်ခံကြသဖြင့် ထောင်ဒဏ်  ၆ နှစ်ကျသူကို ၄ နှစ်၊ ကျန်သည့်သူများကို ၂ နှစ်နှင့် ၈ လ အသီးသီး ခောင်ဒဏ်ကျခံရန် လျှော့ပေါ့ ပေးခဲ့သည်။

မြေပိုင်ခွင့်များ အားလုံးကို ပယ်ဖျက်လိုက်သည်ဟု Niwatchai Kasemongkol က ပြောကြားသည်။


သန်းကြွယ်သူဌေးကြီး ပရာယွတ်သည် ၎င်းမြေများကို ဘတ် သန်း ၄၀၀ ဖြင့် ၂၀၁၇ ခုနှစ်ကတည်းက ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။ 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Laws and Regulations Read 362 times