မလေးရှား  မိုးမျှော်တိုက် ကမ္ဘာ့စတုတ္ထအများဆုံးနိုင်ငံ ဖြစ်လာ


02 March, 2024

မလေးရှား  မိုးမျှော်တိုက် ကမ္ဘာ့စတုတ္ထအများဆုံးနိုင်ငံ ဖြစ်လာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၃ ရက် စာရင်းအရ မိုးမျှော်တိုက် စုစုပေါင်း ၃၆၆ လုံးရှိပြီး ကမ္ဘာတစ်ဝှမ်း မိုးမျှော်တိုက် အရေအတွက်အများဆုံးနိုင်ငံများအကြား စတုတ္ထနေရာ ရရှိထားသည်။

၎င်းမိုးမျှော်တိုက်တာများတွင်

• အမြင့် မီတာ ၁၅၀ မှ မီတာ ၂၀၀ အထိ၂၉၃ လုံး

• အမြင့် မီတာ ၂၀၀ မှ မီတာ ၃၀၀ အထိ  ၆၇ လုံး

• အမြင့် မီတာ ၃၀၀ အထက် ၆ လုံး

တို့ ပါဝင်သည်။ 

 

ကွာလာလမ်ပူ မြို့တော်တွင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်သည့် အမြင့် ၆ရ၈.၉ မီတာရှိ  Merdeka 118  မိုးမျှော်တိုက်တာ တည်ရှိသည်။ 

 

"မိုးမျှော်တိုက်" "skyscraper" ဟူသော အသုံးအနှုန်းသည် ယေဘူယျအားဖြင့် အနည်းဆုံး အမြင့် ၁၅၀ မီတာနှင့် အထပ် ၄၀ ကျော်ရှိသော အဆောက်အဦများကို ရည်ညွှန်းသည်။

 

နိုင်ငံသား လူဦးရေ သုံးသန်းကျော်သာရှိသော ဒူဘိုင်းတွင် ၈၂၈ မီတာ မြင့်သော Burj Khalifa သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆောက်အဦ ဖြစ်ပါသည်။

 

ကမ္ဘာပေါ်တွင် မိုးမျှော်တိုက် အများဆုံးရှိသော နိုင်ငံများမှာ

• တရုတ်နိုင်ငံ (၄,၃၇၇ လုံး)

• အမေရိကန်နိုင်ငံ (၁,၁၆၄ လုံး)

• ယူအေအီးနိုင်ငံ (၅၄၅ လုံး) 

တို့ ဖြစ်ပါသည်။

စင်ကာပူတွင် မိုးမျှော်တိုက် ၁၃၀ ရှိပါသည်။

Source nst


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 270 times