စင်ကာပူဒေါ်လာ ၁ ဘီလီယံ ငွေကြေးခဝါချမှုမှ အိမ်ရာပိုင်ဆိုင်မှု ၁၀၅ ခုတွင် Sentosa Cove ဘန်ဂလိုများ၊ ကွ


20 August, 2023

စင်ကာပူဒေါ်လာ ၁ ဘီလီယံ ငွေကြေးခဝါချမှုမှ အိမ်ရာပိုင်ဆိုင်မှု ၁၀၅ ခုတွင် Sentosa Cove ဘန်ဂလိုများ၊ ကွန်ဒိုအခန်းများ ပါဝင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၃၆ သန်း) ငွေကြေးခဝါချမှုဖြင့် ဩဂုတ်လ ၁၅ ရက် အင်္ဂါနေ့တွင် ဖမ်းဆီးခံရသော နိုင်ငံခြားသား ၁၀ ဦးနှင့် ဆက်နွှယ်နေသည့် အိမ်ခြံမြေများတွင် Sentosa Cove ရှိ သီးသန့်ဘန်ဂလို ခုနစ်လုံး၊ ကွန်ဒိုအခန်း ၇၉ ခန်းနှင့် စီးပွားရေးလုပ်ငန်းရုံးခန်း ၁၉ ခန်းတို့ ပါဝင်သည်။

သောကြာနေ့ (ဩဂုတ် ၁၈) အခြေအနေတွင် ဗုဒ္ဓဟူးနေ့တွင် အစောပိုင်းက ကြေညာခဲ့သည့်  အိမ်ခြံမြေ ပိုင်ဆိုင်မှုများ ၉၇ ခုတွင် စာရင်းထပ်တိုးပြီး ၁၀၅ ခုအထိ ဖြစ်လာပါသည်။ 
၎င်းအိမ်ခြံမြေ ပိုင်ဆိုင်မှု ၁၀၅ ခုကို ထုခွဲရောင်းချခြင်း မပြုရန် အမိန့်စာ ထုတ်ပြန်ထားပါသည်။

၎င်းစာရင်းမှာ ပါဝင်သည့် ကွန်ဒိုအခန်း ၇၉ ခန်းတွင် ၁၉ ခန်းမှာ ဆောက်လုပ်ဆဲ ဖြစ်ပါသည်။ 

၎င်းပိုင်ဆိုင်မှုများ၏ ကာလတန်ဖိုး စုစုပေါင်းသည် စင်ဒေါ်လာ ၈၃၁ သန်းဟု ခန့်မှန်းပါသည်။

 

“ဒီပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ပုဂ္ဂိုလ်တွေ (ဖမ်းဆီးခံထားရတဲ့သူတွေ၊ တိမ်းရှောင်နေသဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေတဲ့သူ‌တွေ)၊ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ၊ သူတို့နဲ့ နှီးနွှယ်နေတဲ့ ကုမ္ပဏီတွေက ပိုင်ဆိုင်ပါတယ်" ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။
အမျိုးသားကိုးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သည့် အသက် ၃၁ နှစ်မှ ၄၄ နှစ်ကြား နိုင်ငံခြားသား ၁၀ ဦးမှာ  အလုပ်အကိုင်နှင့် မှီခိုခွင့်လက်မှတ်များ Employment and Dependant Passes ကိုင်ဆောင်ထားကြောင်း လူအင်အားဝန်ကြီးဌာနက ပြောကြားသည်။
အမှုတွင် ပတ်သက်နေသည့် အကောင်းစား ဘန်ဂလို Good Class Bungalow (GCB) များကိုမူ ၎င်းတို့က အမည်ပေါက် ပိုင်ဆိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ ထုခွဲရောင်းချခြင်း မပြုရန် အမိန့်စာ ထုတ်ပြန်ထားသည့် အိမ်ခြံမြေ ပိုင်ဆိုင်မှု ၁၀၅ ခု စာရင်းတွင် မပါဝင်ပါ။ 

အကောင်းစား ဘန်ဂလို Good Class Bungalow (GCB) များသည် ကိန်းခန်းကြီးသည့် ခြံဝင်းပါ လုံးချင်းအိမ်များ ဖြစ်ပါသည်။ 
သို့ဖြစ်ရာ ရဲတပ်ဖွဲ့သည် ဤအမှုနှင့် ပတ်သက်နေသော မည်သည့် GCB ကိုမှ ထုခွဲရောင်းချခြင်း မပြုရန် တားမြစ်သည့် အမိန့်စာ ထုတ်ပြန်ခြင်း မပြုပါ။

Source: CNA
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 1545 times