KOBELCO Generation 10 Series အားမိတ်ဆက်ပွဲကို Novotel Hotel Yangon တွင်ကျင်းပပြုလုပ်


12 November, 2020

မြန်မာကိုင်ဒိုကုမ္ပဏီမှ တင်သွင်းဖြန့်ချိလျက်ရှိသော Kobelco Excavator ၏နောက်ဆုံးပေါ်မျိုးဆက်သစ် ဖြစ်သော KOBELCO Generation 10 Series အားမြန်မာပြည်တွင်းဈေးကွက် သို့ စတင်မိတ်ဆက်သည့်အခမ်းအနားကို၂၀၁၇ခုနှစ်တေအာက်တိုဘာလ၁၀ရက်နေ့တွင် Novotel Hotel Yangon တွင်ကျင်းပပြူလုပ်ခဲ့သည်။

 ထိုအခမ်းအနားသို့ ဖိတ်ကြားထားသော အထူးဧည့်သည်တော်ကြီးများ၊ယန ္တရားထုတ်လုပ်သူ KOBELCO Construction Machinery South East Asia Company (KCMSA) နှင့် Myanmar Kaido Co.,Ltd(MK)တို့မှ ဒါရိုက်တာအဖွဲ့နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊KOBELCO မြေတူးစက်ယန ္တရားကြီးများကို အစဉ်တစိုက်ဝယ်ယူအားပေးနေကြသည့် ဆောက်လုပ်ရေးလုပ်ငန်း၊

သတ္တုတူးဖော်ရေးလုပ်ငန်းများမှ လုပ်ငန်းရှင်ကြီးများသည် Novotel Hotel Yangon Max၏ Yangon Ballroomတွင်စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်ပထမပိုင်းအနေဖြင့် KOBELCO Generation 10 ၏ယခင်စက်မော်ဒယ်များထက် သာလွန်သည့် စွမ်းဆောင်ရည်များနှင့် နည်းပညာအသစ်ထီထွင်မှုများကို ဗီဒီယိုဖြင့် ပြသခဲ့ပါသည်။

Generation 10 KOBELCO Excavator ၏အားသာချက်များသည် ဆီစားနှုန်းပိုမိုသက်သာခြင်း၊စွမ်းအားပြည့် အသုံးပြုနိုင်ခြင်း၊ကြမ်းတမ်းခက်ခဲသည့် လုပ်ငန်းခွင်အတွက် တောင့်တင်းခိုင်မာခြင်း ၊ရွေ့လျားသွားလာရာတွင် ပေါ့ပါးသွက်လက်ခြင်းစသည့် အချက်များဖြစ်ပါသည်။

KOBELCO Generation 10၏ အထူးခြားဆုံးအားသာချက်မှာ KOMEXS စနစ်ပင်ဖြစ်သည်။

KOMEXS စနစ်အရ စက်တည်နေရာ၊ဆီစားနှုန်း၊စက်မောင်းချိန်အတွင်း လုပ်ကိုင်ခဲ့သည့် လုပ်ဆောင်ချက်များ၊စက်ပြုပြင်ထိန်းသိမ်းရန်လိုအပ်မည့် အခြေအနေများစသည်တို့ကို စက်ပိုင်ရှင်နှင့် မြန်မာကိုင်ဒို၏ဆားဗစ်အင်ဂျင်နီယာများအနေဖြင့်မိမိတို့၏ လက်ကိုင်ဖုန်း(သို့)ကွန်ပျူတာမှ တဆင့် နေ့စဉ် လစဉ်အလိုက်သိရှိနိုင်ခြင်းဖြစ်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တေးဂီတအကအလှတို့ဖြင့်ဧည့်ခံဖျော်ဖြေရေး၊ကံစမ်းမဲအစီအစဉ်များနှင့် အတူ ဧည့်သည်တော်ကြီးများအား ညစာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။

Events Read 149 times