ယန်စီမြစ် ရေခန်းခြောက်သဖြင့် ရှေးဗိသုကာ ဆင်းတုတော် ပေါ်ထွက်


21 August, 2022

ယန်စီမြစ် ရေခန်းခြောက်သဖြင့် ရှေးဗိသုကာ ဆင်းတုတော် ပေါ်ထွက်


ယန်ဇီမြစ်၏ ရေအမြင့် ကျဆင်းမှု များပြားခြင်းကြောင့် နှစ်ပေါင်း ၁၅၀ အတွင်း ရေအတိမ်ဆုံး အဖြစ်သို့ ဆိုက်ရောက်နေသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့၌  ယခင်က မြစ်ရေအောက် နစ်မြုပ်နေသော ကျွန်းတစ်ကျွန်း ပြန်ပေါ်ထွက်လာသည်။
၎င်းကျွန်းပေါ်တွင် တည်ထားကိုးကွယ်သည့် ရှေးဗိသုကာလက်ရာ အဆောက်အဦကို ဗုဒ္ဓဆင်းတုတော်များနှင့်တကွ  မြင်တွေ့ကြရသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ဝန်းကျင်တုန်းက ဗိသုကာလက်ရာဖြစ်ပါသည်။

ရုပ်ပွားတော်သုံးဆူကို Foyeliang ဟုခေါ်သော ကျွန်းကျောက်တန်း၏ အမြင့်ဆုံးအပိုင်းတွင် တွေ့ရှိရသည်။

Ming နှင့် Qing မင်းဆက်များအတွင်း တည်ဆောက်ခဲ့သည်ဟု ကနဦး အဆုံးအဖြတ်ပြုထားသည်။


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် မိုးခေါင်မှုနှင့် အလွန်ပြင်းထန်သော အပူလှိုင်းကြောင့် ယန်ဇီမြစ်ရေ အမြင့်သည် လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။

ယန်ဇီမြစ်ဝှမ်းတွင် မိုးရေချိန်သည် ဇူလိုင်လမှစ၍ ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်။
မြင့်မားသော အပူချိန်များသည် အနည်းဆုံး နောက်ထပ် တစ်ပတ်အထိ ဆက်ရှိနေနိုင်ဖွယ်ရှိသည်။

ချုံကင်းမှ ခရိုင် ၃၄ ခုမှ  မြစ် ၆၆ ခုခန့် ခန်းခြောက်သွားပြီဖြစ်‌ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က သောကြာနေ့ (ဩဂုတ် ၁၉ ရက်) မှာ ပြောကြားခဲ့ပါသည်။
#MyanmarBuilderGuide 
Telegram Channel https://t.me/Guid4U
Source: SCMP

 

MBG

Global Region Read 931 times