ကြွေးမြီ ဒေါ်လာ ၃၀၀ ဘီလီယံတင်နေသည့် ချိုင်းနား အဲဗားဂရန်တီ စာရင်းရှင်းဖျက်သိမ်းရန် စီရင်ချက်ချ


29 January, 2024

ကြွေးမြီ ဒေါ်လာ ၃၀၀ ဘီလီယံတင်နေသည့် ချိုင်းနား အဲဗားဂရန်တီ စာရင်းရှင်းဖျက်သိမ်းရန် စီရင်ချက်ချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိမ်ခြံမြေ ဖွံ့ဖြိုးရေး ဖွံ့ဖြိုးရေး မဟာကုမ္ပဏီကြီး China Evergrande Group ကို တနင်္လာနေ့(ဇန် ၂၉)တွင် ဟောင်ကောင်တရားရုံးက စာရင်းရှင်းဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။

 

 

စုစုပေါင်းအကြွေး ဒေါ်လာ ၃၀၀ ဘီလီယံကျော် ရှိနေသော ကမ္ဘာ့ကြွေးမြီအထူဆုံး developer ကို ဖျက်သိမ်းရန် ဟောင်ကောင်တရားသူကြီး Linda Chan က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Evergrande သည် လပေါင်းများစွာ နှောင့်နှေးကြန့်ကြာနေသော်လည်း ခိုင်မာသော ကြွေးပြန်ဆပ်မည့် အစီအစဉ်ကို ကမ်းလှမ်းနိုင်ခြင်း မရှိပေ။

“တရားရုံးက လုံလောက်ပြီလို့ ပြောဖို့ အချိန်တန်ပြီ” ဟု သူမက ဆိုသည်။

ဟောင်ကောင်တရားသူကြီး Linda Chan

 

 

စာရင်းရှင်း ဖျက်သိမ်းရေးအရာရှိကို အတည်တကျ မခန့်အပ်မီ ယာယီစာရင်းရှင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်မည်ဟု မျှော်လင့်ရသည်။ 

 

ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၂၄၀ ဘီလီယံရှိသော Evergrande သည် ၂၀၂၁ ခုနှစ်တွင် ၎င်း၏ ကြွေးမြီတာဝန်ကို အတိုးများနှင့် ချေးငွေများ ပေးဆပ်ရန် ပျက်ကွက်သွားသောအခါတွင် ရုန်းကန်နေရသော တရုတ်အိမ်ခြံမြေကဏ္ဍကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့သည်။ 

ယခုလို စာရင်းရှင်း ဖျက်သိမ်းရန် စီရင်ချက် ချသဖြင့်  ပြိုလဲနေသော တရုတ်အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကဏ္ဍကို လှုပ်ခါသွားစေမည် ဖြစ်သည်။ 

 

တရုတ်နိုင်ငံ အိမ်ရာတိုက်တာဈေးကွက်သည် ပြီးခဲ့သည့် ၉ နှစ်တာအတွင်း အဆိုးဝါးဆုံး အ‌ခြေအနေသို့ ဆိုက်ရောက်နေသည်။ စတော့ရှယ်ယာ ဈေးနှုန်းများ ၅ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ 

တရားရုံး စီရင်ချက်ကြောင့် China Evergrande ၏ ရှယ်ယာများ အရောင်းအဝယ် ရပ်ထားသည်။ China Evergrande ၏ လက်အောက်ခံ China Evergrande New Energy Vehicle Group  နှင့် Evergrande Property Services တို့၏ ရှယ်ယာများလည်း အရောင်းအဝယ် ရပ်ထားသည်။ 

 

 စာရင်းရှင်း ဖျက်သိမ်းရန်မှာ အချိန်ကြာမြင့်မည် ဖြစ်သည်။ ပြည်ပမှ မြီရှင်များက တာဝန်အပ်နှင်းသည့် စာရင်းရှင်း ဖျက်သိမ်းရေးအရာရှိတို့သည် တရုတ်ပြည်မမှ အဲဗားဂရန်တီ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းရယူရမည် ဖြစ်ရာ၌   လနှင့်ချီ ကြာမြင့်မည် ဖြစ်ပြီး နှစ်နှင့်ချီ ကြာမြင့်မည့် စာရင်းများလည်း မုချ ရှိနေသည်။  

Source scmp


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Laws and Regulations Read 287 times