၂၀၂၀ ခုနှစ်တွင် အနက်ရောင် ရေချိုးခန်းများခေတ်စား


18 February, 2020

ယခင်ခေတ်က ရေချိုးခန်းများတွင် အနည်းငယ်မျှသော ဒီဇိုင်းများဟာ မှေးမှိန်သွားပြီး အနက်ရောင်ဖြင့် အစားထိုးမည်ဟု Hausera ကျွမ်းကျင်သူများက ပြောပါတယ်။

မကြာသေးမီနှစ်က သန့်ရှင်းသပ်ရပ်သော ရေချိုးခန်းဒီဇိုင်းများ ခေတ်စားခဲ့ပါတယ်။

Hausera ကျွမ်းကျင်ရှင်များက ၂၀၂၀ ခုနှစ်မှစတင်၍ လူကြိုက်များသော white-on-white ဆိုသော အဖြူလမ်းကြောင်းသစ်ကို အနက်ရောင်ကြွေပြားအတွင်း အစားထိုးအသုံးပြုသွားမှာပါ။

အဖြူရောင် ရေချိုးခန်းတွေထက် အနက်ရောင်ကိုရွေးချယ်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။


အနက်ရောင်စကျင်ကျောက်များ

အနက်ရောင်စကျင်ကျောက်များတွင် အစင်းကြောင်းများရှိနေခြင်းဟာ တခြားအနက်ရောင် ပစ္စည်းများထက် ပိုပြီးတော့ လှပပါတယ်။

အနက်ရောင်ဟာ စင်ကြယ်သော ဗေဒကိုလည်း ဖန်တီးပေးပါတယ်။

အဖြူရောင်ကဲ့သို့ အကျိုးသက်ရာက်မှုကိုလည်း ရပါတယ်။

အနက်ရောင်ဟာ စိတ်၏နက်ရှိုင်းမှုကို ဖန်တီးပေးပါတယ်။

အခြားနေရာများထက် ပိုပြီးအသက်ဝင်ပြီးတော့ စိတ်ကူးဉာဏ်ကောင်းများကို ထွက်စေပြီး အောင်မြင်မှုလည်း ရရှိနိုင်ပါတယ်။

အနက်ရောင်ကို သုံးလိုက်မယ်ဆိုရင် နေရာကျဉ်းလေးတစ်ခုပင်ဖြစ်စေ အိမ်ရှင်၏ နွေးထွေးစွာ ကြိုဆိုမှုကို ခံစားရမှာပါ။

အနက်ရောင်ဟာ ကြိုဆိုခြင်းဆိုသော စိတ်ခံစားချက်ကိုရပြီး ကိုယ့်အိမ်ကိုယ့်ရာလို သက်သောင့်သက်သာရှိတယ်လို့ ခံစားရမှာပါ။

 

Interior Decoration Read 248 times