ဘန်ကောက် မြေကွက်ဈေး ၁ စတုရန်းမီတာ ဘတ် ၁ သန်းကျော်သို့ မြင့်တက်


03 February, 2024

ဘန်ကောက် မြေကွက်ဈေး ၁ စတုရန်းမီတာ ဘတ် ၁ သန်းကျော်သို့ မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Central Group မှ ဝယ်ယူနေသည့် ဘန်ကောက်မြို့ ပလုံချစ်လမ်းရှိ မြေကွက်တစ်ကွက်၏ ခေါ်ဈေးအရ ဘန်ကောက်ရှိ မြေကွက်ဈေးသည် တစ်စတုရန်း wah (၄ စတုရန်းမီတာ)လျှင် ဘတ်ငွေ ၄ သန်းကျော် စံချိန်တင် မြင့်မားလာရန် မျှော်မှန်းထားကြသည်။

(1 Wah = 4 square meters)

အဆိုပါမြေကွက်သည် ၃ ရိုင် ဝန်းကျင်ရှိသည်။

(1 Rai = 1,600 square meters )

 

"ဝါယာလက် လမ်းမပေါ်ရှိ ဗြိတိသျှသံရုံးဟောင်း မြေနေရာကို ၂၀၁၈ ခုနှစ်မှာ တစ်စတုရန်း wah ကို ဘတ် ၂ သန်းဖြင့် ရောင်းချခဲ့ပါတယ်။ အဲဒီမြေကွက် ပိုင်ရှင်ကို developer တွေက ချဉ်းကပ်ပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့ကြတယ်။ မြေပိုင်ရှင်က မရောင်းဘူး" ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောကြားသည်။

 

၂၀၂၀ ပြည်နှစ်တွင် မြေခွန်နှင့် အဆောက်အဦခွန်တို့ စတင်သက်ရောက်ခဲ့ပြီး ယခုနှစ်တွင် အပြည့်အဝ စတင်စည်းကြပ်တော့မည် ဖြစ်သည်။ ထို့ပြင် ရာဖြတ်ဈေးနှုန်ူအသစ် ယမန်နှစ်မှာ စတင်ကျင့်သုံးသည်။ 

မြေရှင်သည် မလွှဲမရှောင်သာ မြေခွန်ပေးဆောင်ရတော့မည် ဖြစ်သဖြင့် စိတ်ပြောင်းသွားပြီး မြေကွက်ကို ရောင်းချရန် စီစဉ်သည်။

ပလုံချစ်လမ်း Ploenchit Road မှ မြေဈေးကို အခွန်ဌာနမှ ရာဖြတ်ထားသည်မှာ ၁ စတုရန်း wah ကို ၂၀၂၃ မှ ၂၀၂၆ ခုနှစ်အထိ ဘတ် ၁ သန်းဟု သတ်မှတ်ထားသည်။

၂၀၁၆ မှ ၂၀၂၂ ခုနှစ်အထိ ဘတ် ၉ သိန်းဟု သတ်မှတ်ခဲ့သည်။

 

ဘတ် ၁ မှ ၅ ဘီလီယံကြား တန်ဖိုးရှိ မြေလွတ် သို့မဟုတ် လုပ်ငန်းသုံးမြေများအတွက် အခွန်နှုန်းထားမှာ ၀.၆ ရာခိုင်နှုန်း ဖြစ်ပါသည်။

 

ပလုံချစ်လမ်းမှ ၃ ရိုင်မြေကွက်သည် ရာဖြတ်ဈေးနှုန်း ဘတ် ၁.၂ ဘီလီယံ ရှိပြီး မြေခွန် ဘတ် ၇.၂ သန်း ပေးဆောင်ရမည် ဖြစ်သည်။

“မြေခွန်နှင့် အဆောက်အအုံခွန် သက်ရောက်မှုကြောင့် အချို့မြေပိုင်ရှင်တွေက ခေါ်ထားတဲ့ ဈေးနှုန်းကို  ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့စျေးပေးနေကြတယ်"ဟု UHG အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ ဒါရိုက်တာ Wutthiphon Taworntawat က ပြောသည်။

 

“ကွန်ဒိုတည်ဆောက်သူတွေက မြေအဝယ်တွေကို လျှော့ချလိုက်တဲ့အခါ အိမ်ရှင်တွေက သူတို့ရဲ့မြေတွေကို ငှားဖို့ လုပ်ကြတယ်” ဟု Mr Wutthiphon က ပြောသည်။

“တချို့က အမြင်မတူတဲ့ ညီအစ်ကို မောင်နှမတွေ ပိုင်ဆိုင်တဲ့မြေကွက် ဖြစ်နေတယ်။ တချို့က ရောင်းချင်ပေမဲ့ တချို့က မရောင်းချင်ကြဘူး၊ ဒါကြောင့် ငှားတာက တခါတလေမှာ အဆင်ပြေတဲ့ ဖြေရှင်းချက်ပါ”ဟု ၎င်းက ပြောကြားသည်။ 

 

မြေကွက်ပိုင်ရှင်များသည် ၎င်းတို့၏ မြေကွက်များကို ရောင်းချရန် ချီတုံချတုံ ဖြစ်နေသည့်အခါ အချက်အချာကျသည့် နေရာမှ မြေကွက်ကို အငှားချခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ပြီး တိုက်တာဆောက်လုပ်ခြင်း နည်းလမ်းတို့ကို သုံးစွဲကြသည်ဟု အိမ်ခြံမြေ အတိုင်ပင်ခံ Colliers Thailand မှ သုတေသနနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Phattarachai Taweewong က ပြောသည်။

 

“စီးပွားရေး အချက်အချာကျတဲ့ ရပ်ကွက်မှာရှိတဲ့ မြေကွက်တွေဟာ မြေငှားရမ်းခတွေ မြေဈေးတွေ မြင့်မားနေပေမဲ့ လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဆသွန်ခရိုင် ဧရိယာရှိ မြေကွက်များ အရောင်းအဝယ် ပြုကြရာတွင် ၂၀၂၂ ခုနှစ်တွင် ၁ စတုရန်း wah ကို ဘတ် ၂ သန်းကျော်ဖြင့် ဈေးတည့်ခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်တုန်းက ဘတ် ၁.၄၅ သန်း ပေါက်ဈေး ရှိခဲ့သည်။ ထိုစဉ်က ဩစတေးလျ သံရုံး မြေနေရာဟောင်းကို လေလံတင်ခဲ့ရာ ၎င်းမြေဈေးဖြင့် အိမ်ရာတိုက်ခန်း တိုက်တာဖွံ့ဖြိုးရေးကုမ္ပဏီ Supalai က လေလံအောင်ခဲ့သည်ဟု Mr Phattarachai က ပြောကြားသည်။

 စူကွန်ဗစ် အချက်အချာဇုန်မှ မြေကွက်များကို ၁ စတုရန်း wah လျှင် ဘတ် ၂ သန်းဖြင့် ဝယ်ကြသည်။ သွန်လော ဧရိယာတွင် အချို့ အရောင်းအဝယ်များသည် ဘတ် ၂.၈၆ သန်းဖြင့် ဈေးတည့်ကြသည်ဟု အိမ်ခြံမြေ အတိုင်ပင်ခံ Colliers Thailand မှ  မှတ်ချက်ပြုသည်။

"၁ စတုရန်း wah မြေဈေးနှုန်း စံချိန်က ဘတ် ၃.၉ ဘီလီယံ ဖြစ်ပါတယ်။ စာရာစင်လမ်းမှ မြေကွက်ကို Sansiri က ၂၀၂၀ ပြည်နှစ်မှာ ဝယ်ယူခဲ့တဲ့စံချိန် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

 

Sansiri သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းဖြစ်ပြီး   ထိုင်းနိုင်ငံတစ်ဝှမ်းတွင် စီမံကိန်းပေါင်း ၂၀၀ ကျော် လုပ်ကိုင်လျက် ရှိသည်။ 

 

၂၀၂၃ ခုနှစ် ပထမ ၉ လတာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေကွက်နှင့် အဆောက်အဦး အရောင်းအဝယ်တန်ဖိုး စုစုပေါင်း ဘတ် ၇၈၀ ဘီလီယံဖိုး ရှိခဲ့ကြောင်း Colliers က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

 

Source bangkokpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Tips Read 238 times