Ashton Asoke ကွန်ဒိုမီနီယံတွင် နေထိုင်သူများက အစိုးရရှေ့နေများထံ အကူအညီတောင်းခံ


10 August, 2023

Ashton Asoke ကွန်ဒိုမီနီယံ တွင် နေထိုင်သူများက အစိုးရရှေ့နေများထံ အကူအညီတောင်းခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဆောက်လုပ်ခွင့်ပါမစ်ရုပ်သိမ်းပြီးနောက် Watthana ခရိုင်ရှိ Ashton Asoke ကွန်ဒိုမီနီယံ တွင် နေထိုင်သူများကို ကူညီရန် အစိုးရရှေ့နေများက ကတိကဝတ်ပြုကြပါသည်။
ဘတ်ငွေ ၆ ဘီလီယံတန် အထက်တန်းစားကွန်ဒို Ashton Asoke ၏ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ကို တရားရုံးချုပ်မှ ပြန်လည်ရုပ်သိမ်းပြီးနောက် Pornchai Lertsathittayapong ဦးဆောင်သော Ashton Asoke ကွန်ဒိုမီနီယံတွင် နေထိုင်သူ ၂၀ ဦးတို့သည်  ရှေ့နေချုပ်ရုံး Office of the Attorney General (OAG) ထံမှ ဥပဒေဆိုင်ရာ အကူအညီများ တောင်းခံခဲ့သည်။ 

ဆောက်လုပ်ပြီးစီးခဲ့ပြီး အခန်းများ ဝယ်ယူကာ နေထိုင်သူများ ရှိနေပြီဖြစ်သော အထပ် ၅၀ Ashton Asoke ကွန်ဒိုသည် ဘန်ကောက်၏ စီးပွားရေး အချက်အချာနေရာတွင် တည်ရှိသည်။
Ashton Asoke ဝင်ပေါက်အကျယ်သည် စံနှုန်းနှင့်ကိုက်ညီခြင်း မရှိသဖြင့် ဆောက်လုပ်ခွင့်ပါမစ် ပြန်ရုပ်သိမ်းရန် စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။
ယခုအခါ Ashton Asoke ဆောက်လုပ်သူက ဝင်ပေါက်ကိစ္စ ပြေလည်အောင် မဖြေရှင်းနိုင်ပါက  ဖြိုဖျက်ခံရမည့်အရေး ရှိနေသည်။ 

ကွန်ဒိုအခန်းပိုင်ရှင်များနှင့် ငှားရမ်းသူများသည် ဥပဒေအဖွဲ့များနှင့် ဌာနများ အသီးသီးထံမှ ဥပဒေရေးရာအတွက် အကူအညီ တောင်းခံထားကြသည်။

ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့သည်  အသနားခံစာကို OAG ပြောရေးဆိုခွင့်ရှိသူ Tharam Chaleechan နှင့် OAG ရုံး၏ လက်ထောက်အကြီးအကဲ Kosolwat Inthachanyong ထံသို့ ပေးပို့ခဲ့သည်။ ပိုင်ဆိုင်ခွင့်များ ကာကွယ်ပေးရန် ဥပဒေရေးရာ အကူအညီများ ပေးပါရန် ပန်ကြားထားသည်။

နေထိုင်သူများအား စားသုံးသူအကာအကွယ်ပေးရေးနှင့် ဥပဒေရေးရာ အကြံဉာဏ်များ ပေးရန် OAG ရုံး၏ အခန်းကဏ္ဍ ပါဝင်သည်ဟု မစ္စတာ သာရမ်က ပြောကြားသည်။
ဘန်ကောက် မြို့ပြ အုပ်ချုပ်ရေး Bangkok Metropolitan Administration (BMA) နှင့် တိုင်ပင်ပြီး ဝင်ပေါက်ပြဿနာကို ဖြေရှင်းနိုင်ဖွယ် ရှိသည်ဟု မစ္စတာ Kosolwat က ပြောကြားသည်။
ထို့အပြင် နေထိုင်သူများအနေဖြင့် ကွန်ဒိုတည်ဆောက်သူ Ananda MF Asia Asoke Co နှင့် အဖြေရှာရန် ကြိုးစားသင့်ကြောင်း ၎င်းက ဆိုသည်။ အကယ်၍ Ananda ဘက်မှ ပျက်ကွက်ပါက OAG ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံးမှ ဝင်ရောက်ပြီး ဥပဒေရေးရာအကူအညီကို ပေးဆောင်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

နေထိုင်ကြသူတို့က အိုးအိမ်ကော်မတီထံသို့လည်း စားသုံးသူ အကာအကွယ် ပေးရန် တင်ပြထားကြသည်။ ၎င်းတို့၏ အရေးကိစ္စကို အိုးအိမ်ကော်မတီက အစည်းအဝေး ခေါ်ယူခဲ့ရာ OAG ရုံးကိုလည်း ဖိတ်ကြားခဲ့သည်။

ဥပဒေကြောင်းအရ ပါဝင်ပတ်သက်သူအကြား ဆွေးနွေးပြီး ကြေအေးနိုင်သည်။ အကယ်၍ သဘောတူညီချက် မရရှိသဖြင့် မကြေအေးပါက OAG သည် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် စတင်လုပ်ဆောင်မည်ဟု Mr Kosolwat က ပြောကြားသည်။ Ashton Asoke ကွန်ဒိုတွင် နေထိုင်ကြသူများအတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
မစ္စတာ Kosolwat က ယခင်ကလည်း အလားတူ စားသုံးသူအမှုများကို တရားရုံးသို့ မရောက်ဘဲ ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြားသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 265 times