ဒုတိယအကြိမ်မြောက်ကျင်းပခဲ့သော Bangkok Luxury Property Exhibition


14 November, 2020

ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Your Property Finder(YPF) real estate ကုမ္ပဏီသည်

စင်္ကာပူနိုင်ငံမှ အိမ်ခြံမြေ ကုမ္ပဏီအကျိုးဆောင်တစ်ခုဖြစ်သော DWG(Dennis Wee Group)နှင့်လက်တွဲ၍ Bangkok Luxury Property Exhibition အား အောက်တိုဘာ ၂၆ရက်မှ ၂၈ရက်နေ့အထိ

ရန်ကုန်မြို့ Sedona ဟိုတယ်၊ရန်ကင်းခန်းမတွင် ကျင်းပခဲ့ပြီး မလာဖြစ်ခဲ့သောဧည့်သည်တော်များနှင့် ထပ်မံဝယ်ယူလိုသူ Customer များ၏တောင်းဆိုချက်အရ နိုဝင်ဘာ ၁၁ရက်နေ့တွင် Sedona ဟိုတယ်၊အလုံခန်းမတွင် ထပ်မံရောင်းချပေးခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၆ရက် မှ ၂၈ရက်နေ့ပွဲတွင် condo project နှစ်ခုသာ ရောင်းချခဲ့သော်လည်း ယခုပြုလုပ်ခဲ့သောနိုဝင်ဘာ၁၁ရက်နေ့ပွဲတွင် customer များ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန်

ဘန်ကောက်မြို့ရှိနေရာအစုံ၊အဆင်သင့်နေထိုင်ရန်ဖြစ်စေ (သို့)ပြန်လည်ငှားရမ်းရန်ဆောက်လုပ်ပြီးကွန်ဒိုများ၊ကြိုပွိုင့်ဝယ်ယူလိုသူများအတွက်ဆောက်လုပ်ဆဲကွန်ဒိုများ စသဖြင့် စျေးနှုန်းအနေနှင့်

ထိုင်းဘတ်ငွေ ၄သန်းခွဲမှ ၂၅သန်းအထိရွေးချယ်ဝယ်ယူနိုင်သော ကွန်ဒို ၅ခုကို မိတ်ဆက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြပွဲကျင်းပခဲ့သောအချိန်မှာ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလ ၁၁ရက်၊မနက်၁ဝနာရီမှ ညနေ၆နာရီအထိဖြစ်ပြီး ညနေ၃နာရီအချိန်တွင် ယခုရောင်းချခဲ့သည့် ဘန်ကောက် Condominium Market အကြောင်းသိကောင်းစရာ

Shot Presentation အား မိနစ် ၃ဝခန့်ပြုလုပ်ပေးသွားခဲ့ကြောင်း သိရသည်။

ယခုပွဲတွင်ကွန်ဒို project ၅ခုကို မိတ်ဆက်ရောင်းချပေးခဲ့သည့်အပြင် ယခင်ပွဲမှ ဝယ်ယူထားသော customer များကိုအရောင်းအဝယ်စာချုပ်လက်မှတ်ထိုးသည့် အစီအစဉ်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Events Read 82 times