မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခု လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခု လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် GOOGLE

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း မှုစက်မှုဇုန်စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းထူထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုပေးထားပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

 

“ပဲခူးတိုင်းဒေသကြီး ညောင်အင်းကျေး ရွာအုပ်စုအတွင်းက မြေ ၂၀၃ ဒသမ ၆ ဧကမှာ အမေရိကန်ဒေါ်လာ ၂၈ သန်း ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းတစ်ခုရှိပါတယ်။ Tae Kaung Myanmar Development Co. Ltd က ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှာဖြစ်ပြီး သူက ရာနှုန်းပြည့် ကိုရီးယားရင်း နှီးမြှုပ်နှံမှုဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

 

ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

 

 

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ -ကိုရီးယား အတူတကွအောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့ မိတ်ဖက်ခေါင်းစဉ်ဖြင့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။

 

 

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့် များစွာသောစက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံအဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံသမ္မတမစ္စတာမွန်းဂျေအင်းက အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

 

 

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့် ချိတ်ဆက်ပေးမည့် Hub ဆုံချက်နေရာဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူ ဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

 

အလားတူ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ဒေါ်လာတစ်ဘီလျံမှတစ်ဆင့်ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစက်မှုဇုန်က စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်လုပ် ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သမ္မတမစ္စတာမွန်းဂျေအင်းက ထည့်သွင်းပြောကြားခဲ့သည်။

 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Source: Daily Eleven

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စီမံကိန္းႏွစ္ခု လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေနၿပီျဖစ္

 


ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္း မႈစက္မႈဇုန္စီမံကိန္းႏွစ္ခုကို ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ သန္း ၁၅၀ နီးပါးျဖင့္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းထူေထာင္ရန္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ MIC က ခြင့္ျပဳေပးထားၿပီး လက္ရွိအခ်ိန္တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ သိရသည္။

 

 

“ပဲခူးတိုင္းေဒသႀကီး ေညာင္အင္းေက်း ႐ြာအုပ္စုအတြင္းက ေျမ ၂၀၃ ဒသမ ၆ ဧကမွာ အေမရိကန္ေဒၚလာ ၂၈ သန္း ရင္းႏွီးျမႇဳပ္ႏွံမယ့္ စက္မႈဇုန္စီမံကိန္းတစ္ခုရွိပါတယ္။ Tae Kaung Myanmar Development Co. Ltd က ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ ႏွံမွာျဖစ္ၿပီး သူက ရာႏႈန္းျပည့္ ကိုရီးယားရင္း ႏွီးျမႇဳပ္ႏွံမႈျဖစ္ပါတယ္” ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

 

 

ေဒၚလာ သန္း ၁၂၀ ရင္းႏွီးျမႇဳပ္ႏွံမည့္ ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စီမံကိန္းတြင္ ျမန္မာႏိုင္ငံက ရာခိုင္ႏႈန္း ၄၀၊ ကိုရီးယားက ရာခိုင္ႏႈန္း ၆၀ ျဖင့္ ၂၀၁၉ ခုႏွစ္တြင္ စတင္တည္ေဆာက္မည္ျဖစ္ၿပီး တည္ေဆာက္ေရးကာလ သုံးႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

 

 

“ဒီစီမံကိန္းမွာ ကိုရီးယားက ရာခိုင္ႏႈန္း ၆၀၊ ျမန္မာႏိုင္ငံက ရာခိုင္ႏႈန္း ၄၀ နဲ႔ ေဆာင္႐ြက္မွာျဖစ္ပါတယ္။ ကိုရီးယားက Korea Land and Housing Corporation နဲ႔ ျမန္မာႏိုင္ငံက ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက Developer အေနနဲ႔ ဖက္စပ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာၾကားခဲ့သည္။

 

 

ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စတင္တည္ေထာင္ျခင္းႏွင့္ ျမန္မာ -ကိုရီးယား အတူတကြေအာင္ျမင္တိုးတက္ျခင္းႏွင့္ ခ်မ္းသာႂကြယ္ဝျခင္းတို႔ မိတ္ဖက္ေခါင္းစဥ္ျဖင့္ ျမန္မာ-ကိုရီးယား စီးပြားေရးဖိုရမ္ကို စက္တင္ဘာ ၄ ရက္က ရန္ကုန္ၿမိဳ႕ရွိ Lotte ဟိုတယ္၌ က်င္းပခဲ့သည္။

 

 

ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕အနီးရွိ အႀကီးစားစက္မႈဇုန္တြင္ ဖက္ရွင္ (အထည္ခ်ဳပ္)၊ အထည္အလိပ္၊ ေဆာက္လုပ္ေရးႏွင့္ ဆက္သြယ္ေရးစသည့္ မ်ားစြာေသာစက္မႈလုပ္ငန္းမ်ား ဝင္ေရာက္ႏိုင္ေသာ စက္မႈအေျခခံအေဆာက္အအုံကို တည္ေဆာက္မည္ျဖစ္ေၾကာင္း ကိုရီးယားသမၼတ ႏိုင္ငံသမၼတမစၥတာမြန္းေဂ်အင္းက အဆိုပါအခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္။

 

 

ျမန္မာႏိုင္ငံသည္ တ႐ုတ္၊ အိႏၵိယႏွင့္ အာဆီယံမွ စားသုံးသူ ၃ ဒသမ ၄ ဘီလ်ံႏွင့္ ခ်ိတ္ဆက္ေပးမည့္ Hub ဆုံခ်က္ေနရာျဖစ္ေၾကာင္း၊ လူဦးေရ ၅၃ သန္းရွိၿပီး အဆိုပါလူ ဦးေရ၏ တစ္ဝက္က အသက္ ၃၀ ေအာက္ လူငယ္မ်ားျဖစ္ေသာေၾကာင့္ ျမန္မာႏိုင္ငံသည္ ငယ္႐ြယ္ၿပီး သြက္လက္ေသာႏိုင္ငံျဖစ္ေၾကာင္း ၎က ဆိုသည္။

 

 

အလားတူ ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံ သေဘာတူညီထားေသာ ျပင္ပစီးပြားေရးပူး ေပါင္းေဆာင္႐ြက္ေရးရန္ပုံေငြ ေဒၚလာတစ္ဘီလ်ံမွတစ္ဆင့္ဆက္လက္၍ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ရန္ ေမွ်ာ္လင့္ေၾကာင္း ၊ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရးစက္မႈဇုန္က စီးပြားေရးလုပ္ငန္းမ်ား တည္ၿငိမ္စြာႏွင့္ ေအာင္ျမင္စြာ လုပ္ငန္းလည္ပတ္လုပ္ ေဆာင္ႏိုင္ရန္ စက္ပစၥည္းကိရိယာမ်ား ေကာင္းစြာတပ္ဆင္ထားေသာ အေျခခံအေဆာက္အအုံမ်ားကို ကုမၸဏီမ်ားအတြက္ ေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း သမၼတမစၥတာမြန္းေဂ်အင္းက ထည့္သြင္းေျပာၾကားခဲ့သည္။

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္သင္တန္းေက်ာင္း၊ ေျမဧရိယာ ၅၅၅ ဒသမ ၈၁ ဧကေပၚတြင္ KMIC Industrial Complex စီမံကိန္းေဆာင္႐ြက္ရန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရးဦးစီးဌာနႏွင့္ Korea Land and Housing Corporation တို႔အၾကား ဖက္စပ္လုပ္ငန္းသေဘာတူစာခ်ဳပ္ကို ၂၀၁၉ ခုႏွစ္ၾသဂုတ္ ၇ ရက္က လက္မွတ္ေရးထိုးခဲ့ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

 

 

Source: Daily Eleven

Read 2749 times Last modified on Wednesday, 19 February 2020 17:16
Rate this item
(0 votes)