Pullman Mandalay

Pullman Mandalay soda website

Pullman Hotel(Mandalay) စီမံကိန်းကို မန္တလေးမြို့ ၇၃ လမ်းနှင့် သဇင်လမ်းကြား၊ ချမ်းမြသာစည် မြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

ထိုစီမံကိန်းကို ကြမ်းခင်းဧရိယာမှာ ၂၆,၉၀၀ စတုရန်းမီတာခန့်ရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်စီမံကိန်းဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို Regal Hospitality ကုမ္ပဏီမှပိုင်ဆိုင်ပြီး New Star light နှင့် C.A.D construction တို့မှတာဝန်ယူဆောက်လုပ်ပေးထားကြောင်းသိရသည်။

ယင်းစီမံကိန်းကို ဥာဏ်မိသားစုမှ sub constructor အနေဖြင့်တာဝန်ယူထားပြီး Zenith Power ကုမ္ပဏီမှ mechanical နှင့် electrical ပိုင်းကိုတာဝန်ယူလုပ်ဆောင်ပေးမည် ဖြစ်သည်။

ထိုစီမံကိန်းကို ထိုင်းနိုင်ငံမှ SODA Architecture မှအဆောက်အဦးဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

ယင်းဟိုတယ်စီမံကိန်းကိုထိုင်းနိုင်ငံ Accor Hotels မှ Pullman brand ဖြင့်စီမံခန့်ခွဲပေးမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ iBuild pte ကုမ္ပဏီမှ အကြံပေးအဖြစ်ပါဝင်ကြောင်းသိရသည်။

ထိုဟိုတယ်စီမံကိန်းတွင် basement ၁ ထပ် နှင့် အထပ်ပေါင်း ၁၀ ထပ်ပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၃၅၈ ခန်းပါဝင်မည်ဟု သိရသည်။

ယင်းဟိုတယ်အဆောက်အဦး၏ သုံးလွှာမှစ၍ ဟိုတယ်ခန်းများထားရှိမည်ဖြစ်ပြီး မြေညီထပ်မှ နှစ်လွှာအထိ အားကစားခန်းမ၊ ရေကူးကန် အစရှိသည့် facilities များပါဝင်မည် ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းအတွက်ကားပါကင်ကို အဆောက်အဦးတည်ရှိသည့် ၀န်းထဲတွင်ထားရှိမည်ဖြစ်သည်။

This is an original writing of Myanmar Builders Guide based on information sourced from new star light office, chief engineer,soda website.

Read 8258 times Last modified on Tuesday, 04 October 2016 20:12
Rate this item
(1 Vote)