အမြင်ဆန်းတဲ့ သပ်ပုံ လသာဆောင်

အမြင်ဆန်းတဲ့ သပ်ပုံ လသာဆောင်

လသာဆောင်ဟာ စိတ်အပန်းဖြေရာ နေရာတစ်ခု ဖြစ်ပါတယ်။ အိမ်အပြင်ကို ထွက်လိုက်တဲ့ အရသာကို ပေးတယ်။

ပြင်ပလေထုနဲ့ ထိတွေ့ခွင့် ရစေတယ်။ ညဘက် ကောင်းကင်ကို မော့ကြည့်ဖို့ အခွင့်သာစေမယ်။ 

လသာဆောင် အများစုဟာ တစ်ခုအပေါ်တည့်တည့်မှာ နောက်တစ်ခုကို နေရာချပေးထားတယ်။ တည့်တည့်တန်းတန်းတွေ ဖြစ်နေကြတယ်။
ပြင်သစ် ဗိသုကာလုပ်ငန်း valode & pistre က မြင်နေကျ လသာဆောင်နဲ့ မတူဘဲ တစ်မူထူးပြီး အမြင်ဆန်းနေအောင် လသာဆောင် အောက်ခံကို တြိဂံသပ်ပုံ ဖြင့် ပုံဖော်ပေးထားပြီး အဖြူရောင်ကို သုံးစွဲထားတယ်။
လသာဆောင်တွေ အလှဆင်ထားတဲ့ အဆောက်အဦမှာ လူနေတိုက်ခန်း၊ ကျောင်းနဲ့ လက်လီအရောင်းဆိုင်တို့ ပါဝင်တယ်။
လူနေတိုက်ခန်းတွေအတွက် လသာဆောင်မှာ ထူးခြားချက်တွေ ရှိနေတယ်။
လသာဆောင်တိုင်းမှာ အပင်တစ်ပင်စီ ထည့်ပေးထားပြီး စိတ်အပန်းဖြေဖို့ကို အထောက်အကူ ဖြစ်စေတဲ့အပြင် တိုက်တစ်တိုက်လုံးကို ကြည့်ရင် ကွန်ကရိမဆန်ပဲ စိမ်းစိုစို အပင်တွေကို မြင်ရစေတယ်။

လသာဆောင်တွေမှာ အပေါ်နဲ့အောက် တစ်ထပ်တည်း ကျမနေအောင်လည်း နေရာလွဲပေးထားတယ်။ အပင်ကြီးထွား မြင့်တက်ဖို့ နေရာရနေစေတယ်။ အပင်ကို တြိဂံရဲ့ အသားအထူဆုံးရှိတဲ့ဘက်မှာ နေရာချပေးထားတယ်။

 

parado_blacony_02.PNG

parado_blacony_03.PNG

parado_blacony_04.PNG

parado_blacony_05.PNG

parado_blacony_06.PNG

 

 
Read 266 times Last modified on Friday, 20 November 2020 17:08
Rate this item
(0 votes)