ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို

ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို

တည်ဆောက်ရေးလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်စပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင်လုပ်မည် မဟုတ်တော့ဟု သိရသည်။

 

ယင်းသို့မလုပ်ဆောင်တော့ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပါဝင်သည်။

 

ယင်းဌာနများရှိ စီမံကိန်းအထူး အဖွဲ့များမှ အင်ဂျင်နီယာများ၊ ခရိုင်မြို့နယ် အင်ဂျင်နီယာများအနေဖြင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ကာ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည် မဟုတ်ကြောင်းပါရှိသည့် ထုတ်ပြန်ချက်တစ်စောင်လည်း ထွက်ရှိထားသည်။

 

ယင်းညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်မည်ဆိုပါက တင်ဒါရယူလုပ်ကိုင်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အလုပ်အကိုင်အခွင့်အလမ်း ပိုရလာမည်ဖြစ်သည်။

Read 739 times Last modified on Saturday, 10 October 2020 10:29
Rate this item
(0 votes)