ပြည်သူ့အငှားအိမ်ရာ အခန်း(၁၀၀၀၀) စီမံကိန်း အစည်းအဝေး

ပြည်သူ့အငှားအိမ်ရာ အခန်း(၁၀၀၀၀) စီမံကိန်း အစည်းအဝေး
နိုင်ငံတော်အစိုးရမှ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊
 
 
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန်၊ မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေ
 
နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းချုပ်(၃)ခုမှ ဥက္ကဋ္ဌတို့က
 
Video Conferencing စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ပါသည်။
 
 
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် နေထိုင်ရေး အဆင်ပြေစေရန် COVID-19 ကာလအတွင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုရေးနှင့်
 
ပတ်သက်သည့် အစည်းအဝေးကို တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး
 
ဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းချုပ်များမှ ဥက္ကဋ္ဌ တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားပြီး ဖြစ်သည့်အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေလို
 
ပါကြောင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း(၁၀၀၀၀) စာချုပ်ကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယနေ့အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး
 
စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း၊
 
 
 
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများ ဆောင်ရွက်နိုင်ရန် ပန္နက်များ ချပြီးဖြစ်၍ လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် ယနေ့အစည်းအဝေးတွင် စာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများ
 
အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ယခုလို ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ နေထိုင်ရေး အဆင်ပြေမှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမှာ ဖြစ်ပါ
 
ကြောင်း၊ ယခုဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း စသည်ဖြင့် ပြောကြားပါသည်။
 
 
 
ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ယနေ့အစည်းအဝေးသည် အိမ်ရာစီမံကိန်းများကို စတင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်များကို အတည်ပြုရန် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ စာချုပ်များကိုလည်းသက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေး
 
ထားပြီး ဖြစ်ပါကြောင်း၊ စာချုပ်ပါအချက်များနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ / အကြံပြုချက်များကို ပြောကြားပေးစေလိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
 
စက်မှုဝန်ကြီးဌာနမှ ချမှတ်ထားသော ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွဲဝေပေးမှာ ဖြစ်ပါကြောင်း၊ ယခု COVID-19 ကာလ ဖြစ်သည့်အတွက် လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊
 
ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား
 
ပါသည်။
 
 
 
ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ မြန်မာနိုင်ငံ ဆောက်လုပ်
 
ရေးလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝိတ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူတို့က ပြည်သူ့အငှားအိမ်ရာစီမံကိန်း စာချုပ်ပါ
 
စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လိုအပ်ချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သဘောတူညီမှုရယူပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြော
 
ကြားခဲ့ပါသည်။
 
 
 
 
Ministry Of Construction
Read 754 times
Rate this item
(0 votes)