ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)၏ စီမံကိန်းအဆိုပြုလွှာတင်သွင်းသည့် အခမ်းအနား

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)၏ စီမံကိန်းအဆိုပြုလွှာတင်သွင်းသည့် အခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP)

 

အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း (၁) (YEX Phase-I) အတွက် စီမံကိန်းအဆိုပြုလွှာ (Request for Proposal, RFP) တင်သွင်းသည့် အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ Prime Hill Business Square ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 

 

အဆိုပါအခမ်းအနားအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းအကြံပေးအဖွဲ့ ဖြစ်သော IFC မှ တာဝန်ရှိသူများနှင့် စီမံကိန်းအဆိုပြုလွှာ (Request for Proposal) တင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

 

အဆိုပါအခမ်းအနားတွင် တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများမှ ကုမ္ပဏီအဖွဲ့အစည်း (၃) ခုသည် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း (၁) အတွက် စီမံကိန်းအဆိုပြုလွှာများ တင်သွင်းခဲ့ပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

 

(က) China Communications Construction Company Ltd; (CCCC) (CHINA)

( ခ ) JFE / Marubeni Consortium (JFE Engineering Corporation and Marubeni Corporation ) (JAPAN)

( ဂ ) IDT (Italian - Thai Public Company Limited) (THAILAND)

 

 

လက်ခံရရှိသော စီမံကိန်းအဆိုပြုလွှာများကို စီမံကိန်းအကြံပေးအဖွဲ့ဖြစ်သည့် International Finance Corporation မှ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးမှုများပြုလုပ်သွား မည်ဖြစ်ပြီး တင်ဒါအောင်မြင်သူအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ပြန်ကြေငြာသွားရန် မျှော်မှန်းဆောင်ရွက်လျှက်ရှိပါသည်။

Ministry of Construction

Read 1434 times
Rate this item
(2 votes)