Song Hye-kyo ရဲ့ အိမ်ခြံမြေ ရင်နှီးမြှုပ်နှံမှုများ

Song Hye-kyo ရဲ့ အိမ်ခြံမြေ ရင်နှီးမြှုပ်နှံမှုများ

၁၉၉၆ ခုနှစ်မှာ စတင်ထွန်းပေါက်ခဲ့သူ Song Hye-kyo ဟာ တောင်ကိုရီးယားမှာ

အခကြေးငွေ အများဆုံး ရရှိတဲ့ အနုပညာရှင်များစာရင်းထဲ မကြာခဏ ပါခဲ့တယ်။ K-drama ဇာတ်လမ်းတွဲတစ်ခု ရိုက်ရင် သရုပ်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ရရှိတယ်လို့ ခန်ံမှန်းထားကြတယ်။ ၂၀၀၀ ပြည့်နှစ်မှာ Autumn in My Heart ၂၀၀၄ ခုနှစ်မှာ Full House တို့ အောင်မြင်ထွန်းပေါက်ခဲ့တယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာပါ သူမ ပါဝင်တဲ့ ဇာတ်ထုပ်တွေ ထွန်းပေါက်တယ်။ 

၂၀၁၆ ခုနှစ်မှာ Descendants of the Sun ကို ရိုက်ကူးတော့ Song Joong-ki နဲ့အတူ သရုပ်ဆောင်ရတယ်။ ပြည်တွင်းမှာသာက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
၂၀၁၇ ခုနှစ်မှာ Song Hye-kyo က Song Joong-ki နဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။ သူတို့ အကြင်လင်မယားကို ပရိသတ်က Song-Song လို့ အဖျားဆွတ်ပြီး ခေါ်ခဲ့ကြတယ်။ အိမ်ထောင်ရေးက မတည်မြဲဘူး။ လင်မယား ကွာရှင်းပြတ်စဲတာ ဟိုးလေးတကျော် ဖြစ်ခဲ့တယ်။
ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်ကြောင့် Song Hye-kyo ရဲ့ အနုပညာအလုပ်ကို ထိခိုက်လိမ့်မယ်လို့ စိုးရိမ်စရာ ဖြစ်ခဲ့ပေမဲ့ Song Hye-kyo က အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ခဲ့တာ တွေ့ကြရတယ်။
ထိပ်တန်း နာမည်ကြီး စည်းစိမ်ဂုဏ်ရည်ပြ brandတွေမှာ ambassadress အဖြစ် လုပ်ကိုင်ခွင့်တွေ ရရှိခဲ့တယ်။ အိမ်ထောင်ရေးပျက်တာကြောင့် ဝင်ငွေ မထိခိုက်တဲ့အပြင် ပိုတောင် တိုးလာခဲ့တယ်။

အခုလောလောဆယ် နာမည်ကြီး လက်ဝတ်ရတနာလုပ်ငန်း Chaumet ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတယ်။ ဖက်ရှင် လုပ်ငန်း Bottega Veneta အရောင်းမြှင့်တင်ရေး ရုပ်ရှင်ကားတိုမှာ သရုပ်ဆောင်ခဲ့တယ်။ မော်ဒယ်အဖြစ်လည်း လုပ်ကိုင်လျက် ရှိတယ်။

KDrama Stars ရဲ့ တွက်ချက်ခန့်မှန်းမှုအရ Song Hye-kyo ရဲ့ ချမ်းသာမှုပမာဏ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၁ သန်းလို့ ဆိုတယ်။
Song Hye-kyo က သူရဲ့ ချမ်းသာမှုတွေကို အိမ်ရာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလေ့ ရှိတယ်။ ဆိုးလ်မြို့တော်ရဲ့ ဈေးအကြီးဆုံးရပ်ကွက်ဖြစ်တဲ့ Samseong-dong မှာ အိမ်ရာ ပိုင်ဆိုင်မှု သုံးခု ရှိတယ်။ ပထမတစ်ခုကို ၂၀၀၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄.၃ သန်းဖြင့် ဝယ်ယူခဲ့တယ်။ ၂၀၁၉ခုနှစ်မှာ တန်ဖိုး ၂ ဆ တက်နေပြီ ဖြစ်တယ်။
လုံးချင်းလူနေအိမ်ခြေ တစ်ခုကို အမေရိကန်ဒေါ်လာ ၇.၉ သန်း ဖြင့် ဝယ်ယူခဲ့တယ်။ ကိုရီးယားရဲ့ ထိပ်တန်းဆေးဝါးလုပ်ငန်းကြီးတစ်ခုရဲ့ ဥက္ကဋ္ဌဟောင်း ပိုင်ဆိုင်နေထိုင်တဲ့ အိမ်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

စည်းစိမ်ဂုဏ်ပြ ဗီလာတစ်ခုကိုလည်း အမေရိကန်ဒေါ်လာ ၂.၆သန်းဖြင့် ဝယ်ယူခဲ့တယ်။

သရုပ်ဆောင် Song Hye-kyo က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ Central Park နဲ့ မျက်နှာချင်းဆိုင်မှာ နာမည်ကြီး ရပ်ကွက်ဖြစ်တဲ့ Manhattan မှာ ကွန်ဒိုတိုက်ခန်းတစ်ခု ဝယ်ခဲ့ဖူးတယ်။ ၂၀၁၈ ခုနှစ်မှာ ပြန်ရောင်းလိုက်တယ်။ အဲဒီကွန်ဒိုတိုက်ခန်းကို ၂၀၀၈ ခုနှစ်မှာ “Make Yourself at Home” အမည်ရှိ အမေရိကန်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ နယူးယောက်မြို့မှာ သူမ ရှိနေစဉ် အမေရိကန်ဒေါ်လာ ၁.၇ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြန်ရောင်းချိန်မှာ ဈေးနှုန်း အတိအကျ မသိရပေမဲ့ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂.၈ သန်း အထက်မှာ ရှိတယ်လို့ ဆိုကြပါတယ်။

ကိုဗစ်ကာလ ဧပြီလမှာ လုံးချင်းတိုက်ဖြစ်တဲ့ ဗီလာကို ပြန်ရောင်းဖို့ စာရင်းတင်ထားတယ်လို့ သိရပါတယ်။ ခေါ်ဈေးက အမေရိကန်ဒေါ်လာ ၇ သန်းလို့ ဆိုထားပါတယ်။

Read 329 times
Rate this item
(0 votes)