အမှုအခင်း ဖြစ်ထားသော အိမ်ကြီးကို ဝယ်လိုက်တဲ့ ဗြိတိန်မင်းသား Harry

Shin Min Bo Shin Min Bo

ဗြိတိန်မင်းသား Harry နဲ့ သူရဲ့ ဇနီးဖြစ်သူ Meghan တို့ဟာ ကယ်လီဖိုးနီးယားခရိုင်မှာ အသက် ၅၄ နှစ်အရွယ် ရုရှား သန်းကြွယ်သူဌေးကြီး ဆီကနေဝယ်တယ် လို့ သိရပါတယ်။အဆိုပါ သူဌေးကြီး အနေနဲ့ ၇ ဧကလောက်ကို အင်မတန်မှ ဈေးလျော့ ရောင်းချတာဖြစ်ပြီး ပေါင်စတာလင် ၁၁ မီလီယံသန်း နဲ့တင်ရောင်းချခဲ့တာပါ။

 

၎င်းအိမ်မှာ အဆိုပါ ရရှား သူဌေးကြီးမှ သူ့ရဲ့ ယခင် ဇနီးမယားဖြစ်သူကို နှိပ်စက်ခဲ့တယ်လို့သိရပြီး အမှုအခင်းနဲ့ အတော်အခြေအနေရှုပ်ခဲ့တယ်လို့ သိရပါတယ်။အခု အိမ်ကြီး ဟာ အိပ်ခန်း ၉ ခန်းပါဝင်ပြီး အဆမတန် တန်ကြေးကျ နေပြီး ဈေးကွက်မှာ ရောင်းချ နေတာကို ဟယ်ရီနဲ့ မက်ဂန် က သတိထားမိပုံမရပါဘူး။

 

အိမ်ရဲ့ အနေအထားက အတော့်ကို ကောင်းပါတယ်။ ကျယ်ဝန်းပြီး ရေကူးကန်ကြီး ရှိတယ် ၊ တင်းနစ်ကွင်းပါတယ်၊ ဧည့်သည်ဆောင်ပါတယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ၎င်း အိမ်ကြီးကို ၂၆ မီလီယံ သန်းပေါက်ဈေးရှိခဲ့တာပါ။

 

31889114-8625319-The_home_was_built_in_2003_The_estate_has_sweeping_lawns_tiered_-a-67_1597361065303.jpg

 

အိမ်ကို ရရှိဖို့ အပြိုင်အဆိုင်လုကျရင်း အဆိုပါ သူဌေးကြီးနှင့် သူ့ ကွာရှင်းပြီးသော ဇနီးတို့ တရားရုံးအထိ ရောက်ပြီး တရားရင်ဆိုင်ခဲ့ရပါတယ်တဲ့။၎င်း သူဌေးကြီး ရဲ့ အမျိုးသမီးဟာ သူမ ယခင်အမျိုးသားမှ သူမကို သေနတ်နဲ့ အိမ်တွင်းခြိမ်းခြောက်ပါတယ်ဆိုကာ ရုံးတော်ကို တင်ပြခဲ့တာပါ။

 

သူဌေးကြီးက သူရဲ့ ယခင်ဇနီးမယားရဲ့ ထွက်ဆိုချက်ကို ငြင်းဆိုခဲ့ပြီး တရားခွင်မှာ အနိုင်ရရှိခဲ့ပါတယ် အဆိုပါ သူဌေးကြီး နဲ့ အရမ်း ရင်းနှီးတဲ့ သူတစ်ဦးရဲ့ ပြောပြချက် သူဌေးကြီးဟာ သူ့ယခင် ဇနီးမယားထံမှ ငွေညှစ်ခံရတာပါ အဘယ်ကြောင့်ဆိုသော် အဆိုပါ အမျိုးသမီးမှာ အခြား အမျိုးသားတစ်ဦးနှင့် မေတ္တာ မျှရာမှ အခုလိုတွေ ငွေညှစ်ဖို့စိတ်ကူးရလာခြင်းဖြစ်ပါတယ်။

 

အခုချိန်မှာတော့ ၎င်းတို့အနေနဲ့ ဝယ်ယူပြီးသွားပြီဖြစ်ပြီး ရရှား သူဌေးကြီးမှ လက်မှတ်ထိုးပေးပြီးသွားပြီသိရပါတယ်။နန်းတော်ထဲမှ အကြံပေး အရာရှိကြီးများကတော့ ထို ဝယ်ယူမှုကို အပြင်းအထန်ကန့်ကွက်တားမြစ်ခဲ့ကြပါတယ်။

 

Ref : Daily Mail 

Read 447 times
Rate this item
(0 votes)