ကသာမြို့၌ Sunrise Viewpoint ထပ်မံတည်ဆောက် ပြီးစီး

ကသာမြို့၌ Sunrise Viewpoint ထပ်မံတည်ဆောက် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ပြည်သူများ လာရောက်အပန်းဖြေ

အနားယူနိုင်ရန်ရည်ရွယ်၍ ကသာမြို့ လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint ကို တည်ဆောက်လျက်ရှိရာ ဇွန်လတွင် လုပ်ငန်းအားလုံး ပြီးစီးနေပြီ ဖြစ်ပြီး ပြည်သူများ လာရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။ ကသာမြို့တွင် ရွှေဂူကြီးဘုရားရှေ့ရှိ Viewpoint တစ်ခု၊ တောင်ပေါ် ကျောင်းခြေရင်းရှိ Sunset Viewpoint တစ်ခုနှင့် လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint ဟူ၍ Viewpoint သုံးခုရှိပြီး လေးထပ်ကျောင်းအနီးရှိ Sunrise Viewpoint သည် သုည ဒသမ ၁၀၃ ဧကရှိရာ မြေနေရာအတွက် မြေပိုင်ရှင်က မြို့နယ်စည်ပင်သာယာရေးကော်မတီကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

 

“ဒီနှစ်ဘတ်ဂျက်မှာ ပျက်စီးနေတဲ့ လက်ရန်းတန်း ပေ ၃၀၀ ဆောင်ရွက်ဖို့ ငွေကျပ် ၇၅ သိန်း ရရှိခဲ့တယ်။ အဲဒီလက်ရန်းတန်း ပေ ၃၀၀ အနက်မှာ ပေ ၂၄၀ ကို လေးထပ်ကျောင်းအနီး Sunrise Viewpoint ဆောင်ရွက်ပြီး ကျန်ပေ ၆၀ ကိုတော့ အခြားပျက်စီးနေတဲ့ လက်ရန်းတန်းတွေကို ပြုပြင်ဖို့ညှိနှိုင်းဆောင်ရွက်ခဲ့ တယ်။ အဲဒီ Viewpoint ရင်ပြင်အတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ က ထောက်ပံ့ပေးတဲ့ ဘိလပ်မြေအိတ် ၂၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပြီး မီးတိုင်တွေကိုတော့ အလှူရှင်တွေဆီက ရရှိခဲ့တာဖြစ်ပါတယ်” ဟု ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဦးသန်းဇော်က ပြောသည်။

 

အဆိုပါနေရာသည် အရှည် ပေ ၂၄၀၊ ရောင်စုံမီးလုံးများနှင့် အုန်းပင် တန်းများရှိသည့်အတွက် ကသာမြို့၏ အပန်းဖြေနိုင်မည့်နေရာလေးတစ်ခု တိုးလာစေရန်အတွက် ဒေသခံပြည်သူများနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် မီးတိုင် ၁၅ တိုင်၊ | ရောင်စုံမီးလုံးများ၊ ခုံတန်းရှည်များနှင့် လေ့ကျင့်ခန်းလုပ်နိုင်မည့် အားကစားပစ္စည်းများပါ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

 

The Mirror Daily

Read 698 times Last modified on Thursday, 09 July 2020 15:57
Rate this item
(1 Vote)