ကိုဗစ်ကာလမှ လွမ်းမောဖွယ်ရန်ကုန်မြို့ပြကြီး

ကိုဗစ်ကာလမှ လွမ်းမောဖွယ်ရန်ကုန်မြို့ပြကြီး

လူတစ်ချို့က မြို့ပြ ရဲ့ အလှအပ တွေကိုကြိုက်နှစ်သက်ကြတာရှိတယ် တိုက်တွေ ၊ အဆောက်အအုံတွေကို လွမ်းမောဖွယ် ငေးကြည့်နေရတာကို ကလည်း အင်မတန်မှ သဘောကျစရာကောင်းတဲ့ အရာပါပဲ။ရန်ကုန်မြို့ဆိုတာ မြန်မာပြည်မှာဆို အစည်ကားဆုံးနဲ့ အထပ်အမြင့် အဆောက်အအုံကြီးတွေ ရှိပြီး လူတွေ ၊ ကားသံတွေနဲ့ ဆူညံ ခဲ့တဲ့ မြို့ပြ တစ်ခုပဲ ကိုဗစ်ဖြစ်သွားတဲ့ အချိန်မှာ ရန်ကုန်မြို့ကြီးဟာ ကြည့်ရင်းတောင် ငိုချင်စဖွယ်ဖြစ်လာတယ်။

 

သစ်ပင်တွေက စိမ်းဖန့်ဖန့် ကားလေး တစ်စီးစ နှစ်စီးစ လမ်းမပေါ် တရွေ့ရွေ့သွားလျက် ရန်ကုန်မြို့ ရဲ့ တိမ်ဆိုင်တွေပေါ်ဝယ် ငှက်ငယ်လေးတချို့သာ အဖော်ကွဲစွာ ပျံသန်းလာတာတွေ့ရတယ်။ကားဟွန်းသံတွေ မရှိတော့ဘူး ၊ လမ်းအသွားအလာ လူတွေမရှိတော့ဘူး ချောက်ကပ်ပြီး မြို့ပြ အနေအထားနဲ့ အညီဆုံးမြို့ကြီးက လွမ်းတငွေ့ငွေ့ နဲ့ ငေးကြည့်ရင်း မိန်းမောဖွယ်ဖြစ်သွားတယ်။

 

အခု ဒီ ဗီဒီယို ထဲမှာဆိုရင် တိမ်ရောင်ကိုက မှောင်ရီရီနဲ့ နောက်ခံတီးလုံးလေးက လူရဲ့ စိတ်ကို ဆွေးသွားအောင်ဆွဲခေါ်သွားတယ် ဗီဒီယို တစ်ခုရဲ့ အရောင် အနေအထားက လူတွေနဲ့ စိတ်ကို ပြောင်းလဲနိုင်တယ်။ဥပမာ အနောက်တိုင်း ရုပ်ရှင်ကားတွေမှာဆိုဇာတ်ဝင်ခန်းတစ်ခုကို ပြသတဲ့ အရောင်နဲ့ ကြည့်ရှု့သူရဲ့ စိတ်ကို ဖမ်းစားတယ် ဒါရိုက်တာကြီး Woody Allen ရဲ့ အဆောက်အအုံကြီးတွေကို လွမ်းဆွေးဖွယ် ရိုက်ပြတဲ့ အခန်းဆို အမှောင်အရောင်တွေ အရောင်ဖျော့ဖျော့တွေကို သူသုံးလေ့ရှိတယ်။

 

အခု ရန်ကုန်မြို့ကြီး ကိုဗစ် ကိစ္စ တွေ မရှိခင်က အနေအထားကို သူရိုက်ချင်ရင် အရောင် အတောက်တွေ သုံးမယ် ( အဝါ အစ ရှိသဖြင့် ) ကိုဗစ်ကြောင့် ရန်ကုန်မြို့ကြီး ချောက်ကပ်သွားတာကို စိတ်မကောင်းဖွယ်ရိုက်ပြတော့ ကာလာ အမှိန် သုံးတာ မဆန်းဘူးပေါ့။

 

ရန်ကုန်ဆိုတဲ့မြို့ပြ ကြီးက ဆူညံကားသံတွေ ၊ မြို့သူ မြို့သားတွေနဲ့ ပျော်ပါးရယ်မောစကားပြောသံတွေပျောက်သွားတဲ့ အခါမယ် နေရာ အသစ်ကြီးတစ်ခုလိုဖြစ်သွားတယ် ရန်ကုန်လို့ သင်သိထားတာ ဒီ ဗီဒီယိုထဲက သင်သိထားတဲ့ မြို့မဟုတ်ဘူး လို့တောင်တွေးမိနိုင်တယ်။

 

ဒီဗီဒီယိုက ဧပြီလ ကိုဗစ်ရောဂါကြောင့် လူတွေ အိမ်ထဲမှာ နေတဲ့ အချိန် မြို့ကြီးကို မီးမောင်းထိုးရိုက်ပြခဲ့တာကတော့ Beyond The Destinations အဖွဲ့က ရိုက်ပြထားတာပါ အတော်လေး အသက်ဝင်တဲ့ ဗီဒီယိုမို့ ပရိသတ်များ ကြည့်လို့ရအောင် ထည်သွင်း ဖော်ပြလိုက်ပါတယ်။

 

အခုဆိုရင်တော့ ရန်ကုန်မြို့ပြကြီးဟာ ၎င်းကာလကလိုမဟုတ်တော့ပါဘူး နဂို ပုံစံ စည်ကားလာပါပြီ ၊ ကားသံတွေ လူသံတွေနဲ့ သာမာန်မြို့ပြလေးသဖွယ် ချစ်စဖွယ် ပြန်စည်ကားလာပါပြီ။

 

 

<<< Zawgyi >>>

 

ကိုဗစ္ကာလမွ လြမ္းေမာဖြယ္ရန္ကုန္ျမိဳ႕ျပၾကီး

-------------------------------------------------------

 

လူတစ္ခ်ိဳ႕က ျမိဳ႕ျပ ရဲ႕ အလွအပ ေတြကိုၾကိဳက္နွစ္သက္ၾကတာရွိတယ္ တိုက္ေတြ ၊ အေဆာက္အအုံေတြကို လြမ္းေမာဖြယ္ ေငးၾကည့္ေနရတာကို ကလည္း အင္မတန္မွ သေဘာက်စရာေကာင္းတဲ့ အရာပါပဲ။ရန္ကုန္ျမိဳ႕ဆုိတာ ျမန္မာျပည္မွာဆို အစည္ကားဆုံးနဲ႕ အထပ္အျမင့္ အေဆာက္အအုံၾကီးေတြ ရွိျပီး လူေတြ ၊ ကားသံေတြနဲ႕ ဆူညံ ခဲ့တဲ့ ျမိဳ႕ျပ တစ္ခုပဲ ကိုဗစ္ျဖစ္သြားတဲ့ အခ်ိန္မွာ ရန္ကုန္ျမိဳ႕ၾကီးဟာ ၾကည့္ရင္းေတာင္ ငိုခ်င္စဖြယ္ျဖစ္လာတယ္။

 

သစ္ပင္ေတြက စိမ္းဖန္႕ဖန္႕ ကားေလး တစ္စီးစ နွစ္စီးစ လမ္းမေပၚ တေရြ႕ေရြ႕သြားလ်က္ ရန္ကုန္ျမိဳ႕ ရဲ႕ တိမ္ဆိုင္ေတြေပၚ၀ယ္ ငွက္ငယ္ေလးတခ်ိဳ႕သာ အေဖာ္ကြဲစြာ ပ်ံသန္းလာတာေတြ႕ရတယ္။ကားဟြန္းသံေတြ မရွိေတာ့ဘူး ၊ လမ္းအသြားအလာ လူေတြမရွိေတာ့ဘူး ေခ်ာက္ကပ္ျပီး ျမိဳ႕ျပ အေနအထားနဲ႕ အညီဆုံးျမိဳ႕ၾကီးက လြမ္းတေငြ႕ေငြ႔ နဲ့ ေငးၾကည့္ရင္း မိန္းေမာဖြယ္ျဖစ္သြားတယ္။

 

အခု ဒီ ဗီဒီယို ထဲမွာဆိုရင္ တိမ္ေရာင္ကိုက ေမွာင္ရီရီနဲ႕ ေနာက္ခံတီးလုံးေလးက လူရဲ႕ စိတ္ကို ေဆြးသြားေအာင္ဆြဲေခၚသြားတယ္ ဗီဒီယို တစ္ခုရဲ႕ အေရာင္ အေနအထားက လူေတြနဲ႕ စိတ္ကို ေျပာင္းလဲနိုင္တယ္။ဥပမာ အေနာက္တိုင္း ရုပ္ရွင္ကားေတြမွာဆိုဇာတ္၀င္ခန္းတစ္ခုကို ျပသတဲ့ အေရာင္နဲ႕ ၾကည့္ရႈ႕သူရဲ႕ စိတ္ကို ဖမ္းစားတယ္ ဒါရိုက္တာၾကီး Woody Allen ရဲ႕ အေဆာက္အအုံၾကီးေတြကို လြမ္းေဆြးဖြယ္ ရိုက္ျပတဲ့ အခန္းဆို အေမွာင္အေရာင္ေတြ အေရာင္ေဖ်ာ့ေဖ်ာ့ေတြကို သူသံုးေလ့ရွိတယ္။

 

အခု ရန္ကုန္ျမိဳ႕ၾကီး ကိုဗစ္ ကိစၥ ေတြ မရွိခင္က အေနအထားကို သူရိုက္ခ်င္ရင္ အေရာင္ အေတာက္ေတြ သံုးမယ္ ( အ၀ါ အစ ရွိသျဖင့္ ) ကိုဗစ္ေၾကာင့္ ရန္ကုန္ျမိဳ႕ၾကီး ေခ်ာက္ကပ္သြားတာကို စိတ္မေကာင္းဖြယ္ရိုက္ျပေတာ့ ကာလာ အမွိန္ သံုးတာ မဆန္းဘူးေပါ့။

 

ရန္ကုန္ဆိုတဲ့ျမဳိ႕ျပ ၾကီးက ဆူညံကားသံေတြ ၊ ျမိဳ႕သူ ျမိဳ႕သားေတြနဲ႕ ေပ်ာ္ပါးရယ္ေမာစကားေျပာသံေတြေပ်ာက္သြားတဲ့ အခါမယ္ ေနရာ အသစ္ၾကီးတစ္ခုလိုျဖစ္သြားတယ္ ရန္ကုန္လို႕ သင္သိထားတာ ဒီ ဗီဒီယိုထဲက သင္သိထားတဲ့ ျမိဳ႕မဟုတ္ဘူး လို႕ေတာင္ေတြးမိနိုင္တယ္။

 

ဒီဗီဒီယိုက ဧျပီလ ကိုဗစ္ေရာဂါေၾကာင့္ လူေတြ အိမ္ထဲမွာ ေနတဲ့ အခ်ိန္ ျမိဳ႕ၾကီးကို မီးေမာင္းထိုးရိုက္ျပခဲ့တာကေတာ့ Beyond The Destinations အဖြဲ႕က ရိုက္ျပထားတာပါ အေတာ္ေလး အသက္၀င္တဲ့ ဗီဒီယိုမို႕ ပရိသတ္မ်ား ၾကည့္လို႕ရေအာင္ ထည္သြင္း ေဖာ္ျပလိုက္ပါတယ္။

 

အခုဆိုရင္ေတာ့ ရန္ကုန္ျမိဳ႕ျပၾကီးဟာ ၎ကာလကလိုမဟုတ္ေတာ့ပါဘူး နဂို ပုံစံ စည္ကားလာပါျပီ ၊ ကားသံေတြ လူသံေတြနဲ႕ သာမာန္ျမိဳ႕ျပေလးသဖြယ္ ခ်စ္စဖြယ္ ျပန္စည္ကားလာပါျပီ။

 

Myanmar Builders Guide ( Review ) 

Crd : Beyond The Destinations

Read 358 times Last modified on Wednesday, 17 June 2020 20:52
Rate this item
(1 Vote)