ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) အောက်တိုဘာလကုန်အတွင်း အပြီးဆောင်ရွက်သွားမည်

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) အောက်တိုဘာလကုန်အတွင်း အပြီးဆောင်ရွက်သွားမည်

ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် နှင့် ယာဉ်ကြောရှုပ်ထွေးမှု လျော့နည်းစေရန် ရည်ရွယ်၍ ပဲခူးမြို့ (မြို့ဦးကင်း)ကျေးရွာအနီ၌ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) ၊ တံတားအထူးအဖွဲ့(၉) မှ တည်ဆောက်နေသည့် ပဲခူးမြစ်ကူး တံတား(မြို့ဦးကင်း)သည် ယခုအခါ ၇၇ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)အား ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ စတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန် ပုံကျပ်သန်း ၄၂၀၀ ဖြင့် ပဲခူးမြစ်ကို ဖြတ်‌ပြီး မီတာ ၅၀ အခန်းတစ်ခန်း၊ ၁၈ မီတာအခန်း ခြောက်ခန်းပါရှိသည့် ၁၅၈ မီတာအရှည်ရှိ သံကူကွန်ကရစ် တံတားအမျိုးအစားအဖြစ် တံတားအထူးအဖွဲ့ (၉)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည်။

 

ယာဉ်သွားလမ်းအကျယ်မှာ ၂၈ ပေနှစ်လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေစီပါရှိကြောင်း သိရသည်။

 

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် ဥဿာမြို့သစ် သမိန်ဗရမ်းလမ်းတို့ကို ဆက်သွယ်သွားလာနိုင်သည့် လမ်းဖြစ်သည့်အပြင် မြို့ရှောင်လမ်းနှင့်ပါ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ပြီး ယခုနှစ် အောက်တိုဘာလအကုန်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတား တည်ဆောက်ပြီးစီးသွားပါက ပဲခူးမြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုများ လျော့ချခြင်း၊ ခရမ်းသုံးခွနှင့် သနပ်ပင်မြို့များမှ ကုန်စည်စီးဆင်းမှုများ မြန်ဆန်ခြင်း၊ တံတားအနီးရပ်ကွက်‌ ကျောင်းသား ကျောင်းသူများ ကျောင်းတတ်ရာတွင် သွားလာမှုလွယ်ကူစေခြင်းများ ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

 

The Mirror Daily

Read 1024 times
Rate this item
(0 votes)