စင်ကာပူတွင် အဆောင်နေ ရွှေ့ပြောင်းလုပ်သား ကိုဗစ်ကူးစက်မှုများ မြင့်မားနေဆဲ

စင်ကာပူတွင် အဆောင်နေ ရွှေ့ပြောင်းလုပ်သား ကိုဗစ်ကူးစက်မှုများ မြင့်မားနေဆဲ

စင်ကာပူ ကျန်းမာရေး ၀ န်ကြီးဌာန (MOH) သည် မေလ ၁၁ ရက်တနင်္လာနေ့တွင်

စင်ကာပူနိုင်ငံ၌Covid-19 ဖြစ်ပွားမှုအသစ် ၄၈၆ ခုကို ထုတ်ပြန်ခဲ့ပြီး စုစုပေါင်းအရေအတွက် ၂၃,၈၂၂ ရှိပြီ ဖြစ်သည်။

လူနာသစ်များထဲတွင် စင်ကာပူနိုင်ငံသားနှစ်ဦးနှင့် အမြဲတမ်းနေထိုင်သူများပါဝင်သည်။

MOH က တနင်္လာနေ့တွင် ဆေးစစ်သည့်စက်တွင် အမှားရလဒ် ပြသခဲ့သဖြင့် ပြန်ချိန်ညှိနေရသဖြင့် စစ်ဆေးသည့် အရေတွက် လျော့နည်းနေသဖြင့် စမ်းသပ်မှုအနည်းငယ်သာရှိခြင်းကြောင့် ရောဂါဖြစ်ပွားမှုတွေ့ရှိရခြင်း လျော့နည်းနေသည်ဟု ရှင်းပြသည်။

အဆောင်တွင် နေထိုင်သောရွှေ့ပြောင်းအလုပ်သမားများအကြား ကူးစက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်။


တနင်္ဂနွေနေ့က တွေ့ရှိခဲ့သော ဖြစ်ပွားမှုအသစ် ၈၇၆ ခု တွင် တစ်ခုမှာ ပြည်ပမှ ပြန်လာသူ ဖြစ်သည်။
သူသည် အသက် ၆၁ နှစ်အရွယ်စင်ကာပူနိုင်ငံသားဖြစ်ပြီး ကာတာနိုင်ငံသို့ခရီးထွက်ခဲ့သူဖြစ်သည်။
စင်ကာပူသို့ ဆိုက်ရောက်သောအခါ stay-home အိမ်မှ တစ်ဖဝါးမှ မခွာရန် ညွှန်ကြားထားသည်။

ဧပြီ ၂၆ ရက်က ပြည်ပပြန် ကူးစက်ခံလူနာ ၂ ဦး တွေ့ခဲ့ပြီးသည့်နောက် နှစ်ပတ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်ပပြန်တွင် တွေ့သည့်ကူးစက်မှု ဖြစ်သည်။

အဆောင်များတွင် နေထိုင်ကြသော Work permit ကိုင်ဆောင်သူ ရွှေ့ပြောင်းလုပ်သားများတွင် ကူးစက်ခံလူနာအသစ် ၈၆၀ ဦး တွေ့ခဲ့သည်။
သို့ဖြစ်ရာ အဆောင်ပြင်ပတွင် တွေ့ရှိသော လူနာအသစ်မှာ ၁၁ ဦီး ဖြစ်သည်။


အကြမ်းအားဖြင့် အဆောင်နေ ရွှေ့ပြောင်းလုပ်သား ၃၂၃ ၀၀၀ ဦး ရှိပြီး အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အမျိုးမျိုးတို့ တွင် လုပ်ကိုင်နေကြသူများဖြစ်သည်။ အဆောင်နေ ရွှေ့ပြောင်းလုပ်သား ၂၀ ၉၆၁ ဦးကို ဆေးစစ်ခဲ့ပြီးပြီဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၆ . ၅ ရာခိုင်နှုန်း ဖြစ်သည်။

အကယ်၍ အဆောင်နေ ရွှေ့ပြောင်းလုပ်သား ကူးစက်မှုကို ထည့်မတွက်ပါက လွန်ခဲ့သည့် နှစ်ပတ်က တစ်နေ့ ပျမ်းမျှ ၁၁ ဦီး ရှိခဲ့ပြီး ယခုအခါ ၉ ဦးသို့ လျော့ကျခဲ့သည်။

 

zawgyi

စင္ကာပူတြင္ အေဆာင္ေန ေ႐ႊ႕ေျပာင္းလုပ္သား ကိုဗစ္ကူးစက္မႈမ်ား ျမင့္မားေနဆဲ

စင္ကာပူ က်န္းမာေရး ၀ န္ႀကီးဌာန (MOH) သည္ ေမလ ၁၁ ရက္တနလၤာေန႔တြင္ စင္ကာပူႏိုင္ငံ၌Covid-19 ျဖစ္ပြားမႈအသစ္ ၄၈၆ ခုကို ထုတ္ျပန္ခဲ့ၿပီး စုစုေပါင္းအေရအတြက္ ၂၃,၈၂၂ ရွိၿပီ ျဖစ္သည္။

လူနာသစ္မ်ားထဲတြင္ စင္ကာပူႏိုင္ငံသားႏွစ္ဦးႏွင့္ အၿမဲတမ္းေနထိုင္သူမ်ားပါဝင္သည္။

MOH က တနလၤာေန႔တြင္ ေဆးစစ္သည့္စက္တြင္ အမွားရလဒ္ ျပသခဲ့သျဖင့္ ျပန္ခ်ိန္ညႇိေနရသျဖင့္ စစ္ေဆးသည့္ အေရတြက္ ေလ်ာ့နည္းေနသျဖင့္ စမ္းသပ္မႈအနည္းငယ္သာရွိျခင္းေၾကာင့္ ေရာဂါျဖစ္ပြားမႈေတြ႕ရွိရျခင္း ေလ်ာ့နည္းေနသည္ဟု ရွင္းျပသည္။

အေဆာင္တြင္ ေနထိုင္ေသာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအၾကား ကူးစက္မႈမ်ား ဆက္လက္ ျဖစ္ေပၚေနသည္။


တနဂၤေႏြေန႔က ေတြ႕ရွိခဲ့ေသာ ျဖစ္ပြားမႈအသစ္ ၈၇၆ ခု တြင္ တစ္ခုမွာ ျပည္ပမွ ျပန္လာသူ ျဖစ္သည္။
သူသည္ အသက္ ၆၁ ႏွစ္အ႐ြယ္စင္ကာပူႏိုင္ငံသားျဖစ္ၿပီး ကာတာႏိုင္ငံသို႔ခရီးထြက္ခဲ့သူျဖစ္သည္။
စင္ကာပူသို႔ ဆိုက္ေရာက္ေသာအခါ stay-home အိမ္မွ တစ္ဖဝါးမွ မခြာရန္ ၫႊန္ၾကားထားသည္။

ဧၿပီ ၂၆ ရက္က ျပည္ပျပန္ ကူးစက္ခံလူနာ ၂ ဦး ေတြ႕ခဲ့ၿပီးသည့္ေနာက္ ႏွစ္ပတ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျပည္ပျပန္တြင္ ေတြ႕သည့္ကူးစက္မႈ ျဖစ္သည္။

အေဆာင္မ်ားတြင္ ေနထိုင္ၾကေသာ Work permit ကိုင္ေဆာင္သူ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားတြင္ ကူးစက္ခံလူနာအသစ္ ၈၆၀ ဦး ေတြ႕ခဲ့သည္။
သို႔ျဖစ္ရာ အေဆာင္ျပင္ပတြင္ ေတြ႕ရွိေသာ လူနာအသစ္မွာ ၁၁ ဦီး ျဖစ္သည္။


အၾကမ္းအားျဖင့္ အေဆာင္ေန ေ႐ႊ႕ေျပာင္းလုပ္သား ၃၂၃ ၀၀၀ ဦး ရွိၿပီး အမ်ားစုမွာ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ အမ်ိဳးမ်ိဳးတို႔ တြင္ လုပ္ကိုင္ေနၾကသူမ်ားျဖစ္သည္။ အေဆာင္ေန ေ႐ႊ႕ေျပာင္းလုပ္သား ၂၀ ၉၆၁ ဦးကို ေဆးစစ္ခဲ့ၿပီးၿပီျဖစ္ရာ ရာခိုင္ႏႈန္းအားျဖင့္ ၆ . ၅ ရာခိုင္ႏႈန္း ျဖစ္သည္။

အကယ္၍ အေဆာင္ေန ေ႐ႊ႕ေျပာင္းလုပ္သား ကူးစက္မႈကို ထည့္မတြက္ပါက လြန္ခဲ့သည့္ ႏွစ္ပတ္က တစ္ေန႔ ပ်မ္းမွ် ၁၁ ဦီး ရွိခဲ့ၿပီး ယခုအခါ ၉ ဦးသို႔ ေလ်ာ့က်ခဲ့သည္။

Read 288 times
Rate this item
(0 votes)