စင်ကာပူ Lockdown မှာ ဒေါ်လာ ၇၀၀၀ ပေးပြီး ရေကူးတဲ့သူ

စင်ကာပူ Lockdown မှာ ဒေါ်လာ ၇၀၀၀ ပေးပြီး ရေကူးတဲ့သူ

စိတ်ထင်တိုင်းကြဲတဲ့ အာရှသူဌေးတွေရှိတဲ့ နေရာလို့ ပြောဆိုကြတဲ့ စင်ကာပူမှာ အမျိုးသားတစ်ဦးက ကိုဗစ်ကြောင့်

တစ်နိုင်ငံလုံး Lockdown ချထားချိန်မှာ သူက ရေကူးချင်လို့ဆိုပြီး ရေကူးကန်တစ်ခုကို တစ်လ အမေရိကန်ဒေါ်လာ ၇၀ ၄၀ ( စင်ကာပူဒေါ်လာ ၁၀ ၀၀၀ ) ပေးပြီး ငှားရမ်းလိုက်ပါတယ်။

စင်ကာပူမှာ နေထိုင်လုပ်ကိုင်နေတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးက သူနေထိုင်ရာ ကွန်ဒိုမီနီယံရဲ့ ရေကူးကန်မှာ ရေကူးခွင့် ပိတ်ပင်ထားတာကြောင့် ရေကူးချင်တဲ့ ဆန္ဒမပြည့်၀တာကို ယခုလို ရေကူးကန်ကို လပေးဖြင့် ငှားရမ်းပြီး ရေကူးတာ ဖြစ်ပါတယ်။

စစချင်းမှာ သူက စင်ကာပူတောင်ပိုင်းကမ်းခြေရှိ ကျွန်းအပြင်ဘက် လူနေရပ်ကွက် Sentosa Cove မှာ တည်ရှိတဲ ဘန်ဂလို တစ်ခုလုံးကို စင်ကာပူဒေါ်လာ သန်း ၃၀ နဲ့ ငှားရမ်း ဖို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းSingapore Realtors Inc ကို ငှားရမ်းခိုင်းတဲ့အခါမှာယင်းလုပ်ငန်းမှ Lester Chen က အကြံပေးခဲ့ပါတယ်။
"ငှားရမ်းခ အိမ်လခက တစ်လကို စင်ကာပူဒေါ်လာ သုံးသိန်း ပေးရမယ်။ ဒီတော့ ကျွန်တော်က မေးတယ်။ ဘာလို့ ဘန်ဂလိုကို အခုလို ကိုဗစ်ကာလမှာ ကြေးကြီးပေးပြီး ငှားချင်ရတာလဲ။ အခု သူနေတဲ့နေရာမှာ အပြင်မထွက်ရတာမို့ စိတ်ကျဉ်းကျပ်နေလို့လား။ သူက ပြန်ပြောတယ်။ သူက ရေကူးကန်မှာ ရေကူးချင်တယ်။ ဒါပေမဲ့ ရေကူးကန်က lockdown ချထားလို့ ပိတ်ထားတယ်တဲ့။ ဒီတော့ သူက ရေကူးကန်ပါတဲ့ အဲဒီ ဘန်ဂလိုကို တစ်ခုလုံး ငှားလိုက်ပြီး ရေကူးကန်မှာ ရေကူးဖို့ စိတ်ကူးထားတယ်"

စင်ကာပူက တစ်စိတ်တစ်ပိုင်း lockdown ချတာ စတုတ္ထအပတ်ကို ရောက်ရှိလာချိန်မှာ လာမယ့် ဇွန်လ ၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်။ ဒီတော့ လူတွေ အပြင်ကို မထွက်မဖြစ်တဲ့ကိစ္စအတွက်သာ ထွက်ကြရတယ်။ အားကစားရုံတွေ၊ ရေကူးကန်တွေ အကုန် ပိတ်ခိုင်းထားတယ်။ လူတွေ မလိုက်နာရင် ဒဏ်ငွေရိုက်တဲ့အပြင် ထောင်ချတယ်။ နိုင်ငံခြားသားဆိုရင် အလုပ်လုပ်ခွင့် ပါမစ် ရုပ်သိမ်းတယ်။
"ကျွန်တော်က ဘန်ဂလို ပိုင်ရှင်နဲ့ ဆွေးနွေးကြည့်တယ်။ သတ်မှတ်ချက် နှစ်ရပ်ဖြင့် သဘောတူညီချက် ရရှိတယ်။ ပထမတစ်ချက်က ဘန်ဂလိုရဲ့ ရေကူးကန်ကို ကာလတို သုံးလသာ ငှားရမ်းမယ်။ တကယ်လို့ ဘန်ဂလိုကို တစ်ခုလုံး ငှားမယ့်သူ ရှိလာရင် သဘောတူစာချုပ်ကို ဖျက်သိမ်းမယ်"
ဘန်ဂလိုက သူနေထိုင်တဲ့ ကွန်ဒိုကနေ လမ်းလျှောက်သွားရင် ၁၀ မိနစ်စာ ဝေးတယ်။ ဂေါက်ကွင်းမှာ သုံးတဲ့ ယာဉ်ငယ်ဖြင့် သွားဖို့ အဆင်ပြေတယ်။

bloomberg

စင္ကာပူ Lockdown မွာ ေဒၚလာ ၇၀၀၀ ေပးၿပီး ေရကူးတဲ့သူ

စိတ္ထင္တိုင္းႀကဲတဲ့ အာရွသူေဌးေတြရွိတဲ့ ေနရာလို႔ ေျပာဆိုၾကတဲ့ စင္ကာပူမွာ အမ်ိဳးသားတစ္ဦးက ကိုဗစ္ေၾကာင့္ တစ္ႏိုင္ငံလုံး Lockdown ခ်ထားခ်ိန္မွာ သူက ေရကူးခ်င္လို႔ဆိုၿပီး ေရကူးကန္တစ္ခုကို တစ္လ အေမရိကန္ေဒၚလာ ၇၀ ၄၀ ( စင္ကာပူေဒၚလာ ၁၀ ၀၀၀ ) ေပးၿပီး ငွားရမ္းလိုက္ပါတယ္။

စင္ကာပူမွာ ေနထိုင္လုပ္ကိုင္ေနတဲ့ ၿဗိတိန္ႏိုင္ငံသားတစ္ဦးက သူေနထိုင္ရာ ကြန္ဒိုမီနီယံရဲ႕ ေရကူးကန္မွာ ေရကူးခြင့္ ပိတ္ပင္ထားတာေၾကာင့္ ေရကူးခ်င္တဲ့ ဆႏၵမျပည့္၀တာကို ယခုလို ေရကူးကန္ကို လေပးျဖင့္ ငွားရမ္းၿပီး ေရကူးတာ ျဖစ္ပါတယ္။

စစခ်င္းမွာ သူက စင္ကာပူေတာင္ပိုင္းကမ္းေျခရွိ ကြၽန္းအျပင္ဘက္ လူေနရပ္ကြက္ Sentosa Cove မွာ တည္ရွိတဲ ဘန္ဂလို တစ္ခုလုံးကို စင္ကာပူေဒၚလာ သန္း ၃၀ နဲ႔ ငွားရမ္း ဖို႔ အိမ္ၿခံေျမ အက်ိဳးေဆာင္ လုပ္ငန္းSingapore Realtors Inc ကို ငွားရမ္းခိုင္းတဲ့အခါမွာယင္းလုပ္ငန္းမွ Lester Chen က အႀကံေပးခဲ့ပါတယ္။
"ငွားရမ္းခ အိမ္လခက တစ္လကို စင္ကာပူေဒၚလာ သုံးသိန္း ေပးရမယ္။ ဒီေတာ့ ကြၽန္ေတာ္က ေမးတယ္။ ဘာလို႔ ဘန္ဂလိုကို အခုလို ကိုဗစ္ကာလမွာ ေၾကးႀကီးေပးၿပီး ငွားခ်င္ရတာလဲ။ အခု သူေနတဲ့ေနရာမွာ အျပင္မထြက္ရတာမို႔ စိတ္က်ဥ္းက်ပ္ေနလို႔လား။ သူက ျပန္ေျပာတယ္။ သူက ေရကူးကန္မွာ ေရကူးခ်င္တယ္။ ဒါေပမဲ့ ေရကူးကန္က lockdown ခ်ထားလို႔ ပိတ္ထားတယ္တဲ့။ ဒီေတာ့ သူက ေရကူးကန္ပါတဲ့ အဲဒီ ဘန္ဂလိုကို တစ္ခုလုံး ငွားလိုက္ၿပီး ေရကူးကန္မွာ ေရကူးဖို႔ စိတ္ကူးထားတယ္"

စင္ကာပူက တစ္စိတ္တစ္ပိုင္း lockdown ခ်တာ စတုတၳအပတ္ကို ေရာက္ရွိလာခ်ိန္မွာ လာမယ့္ ဇြန္လ ၁ ရက္အထိ ရက္တိုးျမႇင့္သတ္မွတ္လိုက္တယ္။ ဒီေတာ့ လူေတြ အျပင္ကို မထြက္မျဖစ္တဲ့ကိစၥအတြက္သာ ထြက္ၾကရတယ္။ အားကစား႐ုံေတြ၊ ေရကူးကန္ေတြ အကုန္ ပိတ္ခိုင္းထားတယ္။ လူေတြ မလိုက္နာရင္ ဒဏ္ေငြ႐ိုက္တဲ့အျပင္ ေထာင္ခ်တယ္။ ႏိုင္ငံျခားသားဆိုရင္ အလုပ္လုပ္ခြင့္ ပါမစ္ ႐ုပ္သိမ္းတယ္။
"ကြၽန္ေတာ္က ဘန္ဂလို ပိုင္ရွင္နဲ႔ ေဆြးေႏြးၾကည့္တယ္။ သတ္မွတ္ခ်က္ ႏွစ္ရပ္ျဖင့္ သေဘာတူညီခ်က္ ရရွိတယ္။ ပထမတစ္ခ်က္က ဘန္ဂလိုရဲ႕ ေရကူးကန္ကို ကာလတို သုံးလသာ ငွားရမ္းမယ္။ တကယ္လို႔ ဘန္ဂလိုကို တစ္ခုလုံး ငွားမယ့္သူ ရွိလာရင္ သေဘာတူစာခ်ဳပ္ကို ဖ်က္သိမ္းမယ္"
ဘန္ဂလိုက သူေနထိုင္တဲ့ ကြန္ဒိုကေန လမ္းေလွ်ာက္သြားရင္ ၁၀ မိနစ္စာ ေဝးတယ္။ ေဂါက္ကြင္းမွာ သုံးတဲ့ ယာဥ္ငယ္ျဖင့္ သြားဖို႔ အဆင္ေျပတယ္။

 

bloomberg

Read 12255 times
Rate this item
(0 votes)