မလေးရှားတွင် ဆောက်လုပ်ရေးလုပ်ငန်း ၁၀၀၀ ကျော် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ခွင့်ပြု
မလေးရှားတွင် ဆောက်လုပ်ရေးလုပ်ငန်း ၁၀၀၀ ကျော် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ခွင့်ပြု
မလေးရှားနိုင်ငံသည် ကိုဗစ်ကူးစက်ပျံံ့နှံ့မှုကို ထိန်းချုပ်ရန် သွားလာမှု ထိန်းချုပ်မိန့် movement control order (MCO) ဖြင့်
ကန့်သတ်ချုပ်ချယ်ထားသည်။ ပဓာနကျပြီး မရှိမဖြစ် လုပ်ငန်းများကိုသာ ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်ပြုပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်မျာ အပါအ၀င် လုပ်ငန်း အများစုကို ပိတ်ခိုင်းထားခဲ့သည်။ 
MCO ကို မတ်လ ၁၈ ရက်တွင် စတင်ခဲ့ပြီး အဆင့်ဆင့်ပိုင်းခြားပြီး လုပ်ကိုင်ခဲ့ရာ ယခုအခါ ဆောင်ရွက်လျက် ရှိသည့် တတိယအဆင့်သည် ဧပြီလ ၂၈ ရက်တွင် အဆုံးသတ်မည် ဖြစ်သည်။ သို့ဖြစ်ရာ စတုတ္ထအဆင့်ကို ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ပထမအဆင့်မှ တတိယအဆင့်အထိ အဆင့်တိုင်းကို အချိန်ကာလ ၂ ပတ် သတ်မှတ်ခဲ့သဖြင့် ယခု ဆောင်ရွက်ဖွယ်ရှိသည့် စတုတ္ထအဆင့်ကိုလည်း ၂ ပတ်ကာလ သတ်မှတ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ယခုအခါ မလေးရှား အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
အဆင့်တိုင်းတွင် ဖြေလျော့မှုများ သင့်တော်သလို ပေးခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများသည် အလုပ်ဆက်လက်လုပ်ကိုင်ခွင့် လျှောက်ထားကြရပြီး အများစုမှာ ခွင့်ပြုမိန့် မရရှိခဲ့ကြချေ။
အစိုးရထံ အလုပ်ဆက်လုပ်ခွင့် လျှောက်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ၁၉ ၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး ယခုအခါ စိစစ်ပြီးသည်တို့တွင် ၁၈၅၆ ခုကို ခွင့်ပြုမိန့် ချပေးခဲ့ပြီးပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။ ၇၃၈၇ ခုကို ပယ်ချခဲ့သည်။
နေအိမ်တိုက်တာ မွမ်းမံပြုပြင်ခြင်းအလုပ်များ လုပ်ကိုင်ကြသည့် အသေးစား ကန်ထရိုက်တာများသည် သူတို့၏ အလုပ်များကို ပြန်လည်စတင်ရန် ခွင့်ပြုထားသည်။ သို့သော် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တို့ထံမှ ခွင့်ပြုမိန့် လျှောက်ထားရယူဖို့ လိုအပ်သည်။
Read 467 times
Rate this item
(0 votes)