ခါမ်းပါတ်မြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၉၆ သန်း အကုန်ကျခံဆောင်ရွက်

ခါမ်းပါတ်မြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၉၆ သန်း အကုန်ကျခံဆောင်ရွက်

၂၀၁၉ - ၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း

ခွင့်ပြုရန် ငွေကျပ်သန်း ၁၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ခါမ်းပေါတ်မြို့ အမှတ်(၁) ရပ်ကွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ရွှေစင်ငွေသွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အလျားပေ ၅၅၀ ရှိ နံရံဆောင်ရွက်ခြင်း နှင့် အလျားပေ ၈၀၀ နှင့် အနံပေ ၇၀ ရှိ သောင်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၄ - ၂၀၁၅ ခုနှစ် မိုးရာသီကာလ ရေကြီးမှုဖြစ်စဉ်တွင်ကမ်းပြို ကာကွယ်မှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် အလျားပေ ၉၂၀ ရှိ သုံးတန်းသွားမျောတိုင်းတန်း ကျောက်စီရေကာတာကို ဆောင်ရွက်ပေးခဲ့သော်လည်း ပြန်လည်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မြန်မာအလင်း

Read 235 times
Rate this item
(0 votes)