အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ NPTDC

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးကို အငြိမ်းစားဝန်ထမ်းအိမ်ရာများတည်ဆောက်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး ဦးဆောင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

 

>>>ငမိုးရိပ်ချောင်းဘေးတစ်လျှောက် ကမ်းထိန်းပြုလုပ်ခြင်းလုပ်ငန်းများ (၅) လကျော် ဆောင်ရွက်မည်<<<

 

 

ပထမဦးစွာ ပန္နက်တင်ပွဲပြုလုပ်မည့်အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ပန္နက်တင်ပြီးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းစတင်နိုင်ရန်နှင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ အုတ်စက်ရုံမှ အုတ်များရောင်းချပေးမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

 

 

ဆက်လက်ပြီး မြေကြီးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဌာနမှစီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် အခြားအခြေခံအဆောက်အအုံ (infrastructure) လုပ်ငန်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

 

သစ်အချောထည် လုပ်ငန်းပေါင်း ၁၅၄ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက ပန္နက်တင်ရန်ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကာ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းအိမ္ရာ အိမ္ခန္းေပါင္း (၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပ

 

 

အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းအိမ္ရာ အိမ္ခန္းေပါင္း (၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးပြဲကို ၂၀၂၀ ျပည့္ႏွစ္ မတ္လ ၁၇ ရက္ေန႔ မြန္းလြဲ ၃ နာရီခြဲအခ်ိန္တြင္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

 

အဆိုပါအစည္းအေဝးကို အၿငိမ္းစားဝန္ထမ္းအိမ္ရာမ်ားတည္ေဆာက္ေရးဦးစီးေကာ္မတီ ဥကၠ႒၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး ဦးေဆာင္ကာ က်င္းပခဲ့ျခင္းျဖစ္သည္။

 

 

ပထမဦးစြာ ပႏၷက္တင္ပြဲျပဳလုပ္မည့္အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ လည္းေကာင္း၊ ပႏၷက္တင္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ လုပ္ငန္းစတင္ႏိုင္ရန္ႏွင့္ အျမန္ဆုံးေဆာင္႐ြက္ႏိုင္ရန္အတြက္ ေကာ္မတီ၏ အုတ္စက္႐ုံမွ အုတ္မ်ားေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဦးရဲမင္းဦးက ေျပာၾကားသည္။

 

 

ဆက္လက္ၿပီး ေျမႀကီးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ားကို ဌာနမွစီစဥ္ေဆာင္႐ြက္ေနပါေၾကာင္းႏွင့္ အျခားအေျခခံအေဆာက္အအုံ (infrastructure) လုပ္ငန္းမ်ားကိုလည္း အခ်ိန္မီၿပီးစီးေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

 

 

ထို႔ေနာက္ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံလိုင္စင္ရ ကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္တို႔မွ ကိုယ္စားလွယ္မ်ားက ပႏၷက္တင္ရန္ေဆာင္႐ြက္ေနမႈမ်ား၊ ဆက္လက္ေဆာင္႐ြက္လိုသည့္ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပရာ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက လိုအပ္သည္မ်ားကို ေမးျမန္းေဆြးေႏြးခဲ့ကာ အစည္းအေဝး ၿပီးဆုံးခဲ့ေၾကာင္း သိရွိရသည္။

 

Read 1520 times
Rate this item
(0 votes)
Tagged under