မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး (စကု) မြို့နယ်တွင် လူနေအိမ် အလုံး ၇၀ ခန့် မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး (စကု) မြို့နယ်တွင် လူနေအိမ် အလုံး ၇၀ ခန့် မီးလောင်မှုဖြစ်ပွား Ministry of information

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၏ အနောက်တောင်ဘက်တွင် တောမီးလောင်ကျွမ်းရာမှ တစ်ဆင့် လူနေအိမ် အလုံး ၇၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အိုးပြင်မဲကျေးရွာအနောက်ဘက်တွင် ယမန်နေ့ ၅ နာရီဝန်းကျင်လောက်က တောမီးလောင်ကျွမ်းခဲ့ရာမှ အိုးပြင်မဲကျေးရွာနေ ဦးတင်ရွှေ၏ နွားတင်းကုပ်ပေါ်သို့ မီးဖွားကျကာ မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် အနီးပတ်ဝန်းကျင် နေအိမ်များကိုပါ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

မီးလောင်ကျွမ်းရာနေရာသို့ မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၃ စီး၊ ထောက်ရှာပင် (ကမ်းနီ) ရေနံမြေမှ မီးသတ်ယာဉ် ၁ စီး၊ ရွှေစက်တော် မီးသတ် စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ပဒါန်းကျေးရွာမှ မီးသတ်ယာဉ် ၁ စီး၊ စကုနယ်မြေမီးသတ်စခန်းမှ မီးသတ် ယာဉ် ၁ စီး၊ စုစုပေါင်းမီးသတ်ယာဉ် ၈ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

 

အိမ်ထောင်ပရိဘောဂ လုပ်ငန်းပေါင်း ၈၉၉ ခုကို ရှာရန်နှိပ်ပါ

 

 

မီးငြှိမ်းသတ်ရာတွင် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ အိုင်းမကျေးရွာ ရဲစခန်းမှူး ရဲအုပ်ခင်မောင်ဇော်နှင့် အဖွဲ့ဝင်(၅) ဦး၊ အိုင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေး၊ အိုးပြင်မဲကျေးရွာ ရွာခွဲတာဝန်ခံနှင့် ကျေးရွာ ပြည်သူ လူထု(၂၀၀) ဦးခန့် ပါဝင်မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

Myanmar Builders Guide

 

---Zawgyi---

 

 

မေကြးတိုင္းေဒသႀကီးအတြင္းရွိ မင္းဘူး (စကု) ၿမိဳ႕နယ္တြင္ လူေနအိမ္ အလံုး ၇၀ ခန္႔ မီးေလာင္မႈျဖစ္ပြား

 

 

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကု)ၿမိဳ႕နယ္၊ အိုင္းမေက်း႐ြာအုပ္စု၊ အိုးျပင္မဲေက်း႐ြာ၏ အေနာက္ေတာင္ဘက္တြင္ ေတာမီးေလာင္ကၽြမ္းရာမွ တစ္ဆင့္ လူေနအိမ္ အလံုး ၇၀ ခန္႔ မီးေလာင္ကၽြမ္းခဲ့ေၾကာင္း သိရသည္။

 

 

အိုးျပင္မဲေက်း႐ြာအေနာက္ဘက္တြင္ ယမန္ေန႔ ၅ နာရီဝန္းက်င္ေလာက္က ေတာမီးေလာင္ကၽြမ္းခဲ့ရာမွ အိုးျပင္မဲေက်း႐ြာေန ဦးတင္ေရႊ၏ ႏြားတင္းကုပ္ေပၚသို႔ မီးဖြားက်ကာ မီးကူးစက္ ေလာင္ကၽြမ္းခဲ့သျဖင့္ အနီးပတ္ဝန္းက်င္ ေနအိမ္မ်ားကိုပါ မီးေလာင္ကၽြမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

 

 

မီးေလာင္ကၽြမ္းရာေနရာသို႔ မင္းဘူးခရိုင္ မီးသတ္ဦးစီးဌာနမွ မီးသတ္ယာဥ္ ၃ စီး၊ ေထာက္ရွာပင္ (ကမ္းနီ) ေရနံေျမမွ မီးသတ္ယာဥ္ ၁ စီး၊ ေ႐ႊစက္ေတာ္ မီးသတ္ စခန္းမွ မီးသတ္ယာဥ္ ၂ စီး၊ ပဒါန္းေက်း႐ြာမွ မီးသတ္ယာဥ္ ၁ စီး၊ စကုနယ္ေျမမီးသတ္စခန္းမွ မီးသတ္ ယာဥ္ ၁ စီး၊ စုစုေပါင္းမီးသတ္ယာဥ္ ၈ စီးတို႔ျဖင့္ ဝိုင္းဝန္းမီးၿငိွမ္းသတ္ခဲ့ရာ ည ၁၀ နာရီ ၂၀ မိနစ္ခန္႔တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။

 

 

မီးၿငိွမ္းသတ္ရာတြင္ မင္းဘူးခရိုင္ မီးသတ္ဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းႏွင့္ သေႏၶတပ္ဖြဲ႕ဝင္(၄၀)ဦး၊ အိုင္းမေက်း႐ြာ ရဲစခန္းမႉး ရဲအုပ္ခင္ေမာင္ေဇာ္ႏွင့္ အဖြဲ႕ဝင္(၅) ဦး၊ အိုင္းမေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ေဌး၊ အိုးျပင္မဲေက်း႐ြာ ႐ြာခြဲတာဝန္ခံႏွင့္ ေက်း႐ြာ ျပည္သူ လူထု(၂၀၀) ဦးခန႔္ ပါဝင္မီးၿငိွမ္းခဲ့ေၾကာင္း သိရသည္။

Read 715 times
Rate this item
(0 votes)
Tagged under