မြန်မာ့အကြီးဆုံး ကုန်သွယ်ရေးအဆင့်မြင့်စင်တာ Semanea Yangon လက်ကားဈေးကို ဧပြီလအတွင်း ဖွင့်လှစ်မည်

မြန်မာ့အကြီးဆုံး ကုန်သွယ်ရေးအဆင့်မြင့်စင်တာ Semanea Yangon လက်ကားဈေးကို ဧပြီလအတွင်း ဖွင့်လှစ်မည် facebook

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်နှင့် ရတနာလမ်းထောင့်ရှိ မြေ ၁၆၇ ဧကပေါ်တွင် Semanea Yangon လက်ကားဈေးကို စင်္ကာပူအခြေစိုက် Semanea Group နဲ့ မြန်မာနိုင်ငံ EI Co.,Ltd တို့က အကျိုးတူပူပေါင်း တည်ဆောက်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဈေးကြီးကို နိုင်ငံတကာဈေးများကဲ့သို့ တစ်နေရာတည်းတွင် လွယ်ကူစွာဝယ်ယူနိုင်ပြီး ဆိုင်ခန်းပေါင်း ၇၂၁ ခန်း ပါဝင်၍ ရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၈၀ ရှိကြောင်း သိရသည်။

 

 

တည်ဆောက်ခြင်းလုပ်ငန်းများကို အပိုင်း (၃) ပိုင်းခွဲထားကာ အပိုင်း (၁) ကို ယခုနှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အပိုင်း (၂) ကို ဧပြီလ နောက်ပိုင်းမှ ဆက်လက် တည်ဆောက်မည်ဖြစ်၍ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

 

>>>ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းပြီးစီးပါက တစ်ရက်လျှင် ခရီးသည် ၂၆၀၀၀၀ ခန့်အထိ သွားလာနိုင်မည်<<<

 

 

စီမံကိန်း အပိုင်း (၃) တွင် လူနေအိမ်များ၊ Shopping စင်တာ၊ ဟိုတည်များ ပါဝင်မည်ဖြစ်ကြောင်း Samanea Yangon Development Limited မှ သိရသည်။

 

 

'' ဒီလက်ကားဈေးကို One Stop Wholesale Market အဖြစ် လုပ်သွားမည်ဖြစ်ပါတယ်။ အပိုင်း (၁) ကိုဖွင့်ပြီးရင်တော့ မြန်မာတစ်နိုင်ငံလုံးက ကုန်သည်တွေကို ဖိတ်ကြားကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ အသေးစားလုပ်ငန်းရှင်တွေ လုပ်ငန်းလုပ်လို့လွယ်ကူအောင် ကျွန်တော်တို့က သူတို့ကိုဆိုင်ခန်းငှားပေးမှာ ဖြစ်ပါတယ်။ မရောင်းပါဘူး။ ငှားတာဖြစ်လို့သူတို့လည်း လွယ်လွယ်ကူကူနဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်နိုင်အောင်လို့ပါ။ လုပ်ငန်းကြီးတွေလည်း ပူးပေါင်းနိုင်မှာဖြစ်ပါတယ် '' ဟု Samanea Yangon Development Limited ၏ DGM ကပြောသည်။

 

 

တံခါးနှင့် ပြတင်းပေါက် လုပ်ငန်းပေါင်း ၁၉၄ ခုကို ရှာရန်နှိပ်ပါ

 

 

ဆိုင်ခန်းဌားခအဖြစ် 1 meter square ကို ၁ လကို ကန် ၁၈ ဒေါ်လာပေးချေရမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲကာလ ပထမ ၃ နှစ်ကို ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားသောကြောင့် ပထမနှစ် ၈ လ၊ ဒုတိယနှစ် ၆ လ၊ တတိယနှစ် ၃ လအထိ ဝန်ဆောင်ခပေးစရာမလိုဘဲ ငှားရမ်းပေးသွားမည် ဖြစ်သည်။

 

 

ယင်းဈေးတွင် အလှကုန်ပစ္စည်း၊ အထည်အလိပ်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာပစ္စည်း၊ ဒီဂျစ်တယ်ထုတ်ကုန်၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်နှင့် ဇိမ်ခံအသုံးအဆောင်ပစ္စည်းများအပြင် အမျိုးအစားပေါင်း ၂၁ မျိုးအထိ ရောင်းချကာ တစ်နေရာတည်းတွင် လက်ကားဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ျမန္မာ့အႀကီးဆုံး ကုန္သြယ္ေရးအဆင့္ျမင့္စင္တာ Semanea Yangon လက္ကားေစ်းကို ဧၿပီလအတြင္း ဖြင့္လွစ္မည္

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ ပဲခူးျမစ္ႏွင့္ ရတနာလမ္းေထာင့္ရွိ ေျမ ၁၆၇ ဧကေပၚတြင္ Semanea Yangon လက္ကားေဈးကို စကၤာပူအေျခစိုက္ Semanea Group နဲ႔ ျမန္မာႏိုင္ငံ EI Co.,Ltd တို႔က အက်ိဳးတူပူေပါင္း တည္ေဆာက္ေနေသာ စီမံကိန္းတစ္ခုျဖစ္ၿပီး ဧၿပီလအတြင္း ဖြင့္လွစ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါေစ်းႀကီးကို ႏိုင္ငံတကာေစ်းမ်ားကဲ့သို႔ တစ္ေနရာတည္းတြင္ လြယ္ကူစြာဝယ္ယူႏိုင္ၿပီး ဆိုင္ခန္းေပါင္း ၇၂၁ ခန္း ပါဝင္၍ ရင္းႏွီးျမဳပ္ႏွံမႈ ေဒၚလာသန္း ၈၀ ရွိေၾကာင္း သိရသည္။

 

 

တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို အပိုင္း (၃) ပိုင္းခြဲထားကာ အပိုင္း (၁) ကို ယခုႏွစ္ ဧၿပီလတြင္ ဖြင့္လွစ္ႏိုင္မည္ျဖစ္ၿပီး အပိုင္း (၂) ကို ဧၿပီလ ေနာက္ပိုင္းမွ ဆက္လက္ တည္္ေဆာက္မည္ျဖစ္၍ ဆိုင္ခန္းေပါင္း ၁၀၀၀ ေက်ာ္ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

စီမံကိန္း အပိုင္း (၃) တြင္ လူေနအိမ္မ်ား၊ Shopping စင္တာ၊ ဟိုတည္မ်ား ပါဝင္မည္ျဖစ္ေၾကာင္း Samanea Yangon Development Limited မွ သိရသည္။

 

 

'' ဒီလက္ကားေစ်းကို One Stop Wholesale Market အျဖစ္ လုပ္သြားမည္ျဖစ္ပါတယ္။ အပိုင္း (၁) ကိုဖြင့္ၿပီးရင္ေတာ့ ျမန္မာတစ္ႏိုင္ငံလံုးက ကုန္သည္ေတြကို ဖိတ္ၾကားကမ္းလွမ္းသြားမွာ ျဖစ္ပါတယ္။ အေသးစားလုပ္ငန္းရွင္ေတြ လုပ္ငန္းလုပ္လို႔လြယ္ကူေအာင္ ကၽြန္ေတာ္တို႔က သူတို႔ကိုဆိုင္ခန္းငွားေပးမွာ ျဖစ္ပါတယ္။ မေရာင္းပါဘူး။ ငွားတာျဖစ္လို႔သူတို႕လည္း လြယ္လြယ္ကူကူနဲ႔ စီးပြားေရးလုပ္ငန္းေတြ တည္ေထာင္ႏိုင္ေအာင္လို႔ပါ။ လုပ္ငန္းႀကီးေတြလည္း ပူးေပါင္းႏိုင္မွာျဖစ္ပါတယ္ '' ဟု Samanea Yangon Development Limited ၏ DGM ကေျပာသည္။

 

 

ဆိုင္ခန္းဌားခအျဖစ္ 1 meter square ကို ၁ လကို ကန္ ၁၈ ေဒၚလာေပးေခ်ရမွာျဖစ္ၿပီး ဖြံ႕ၿဖိဳးဆဲကာလ ပထမ ၃ ႏွစ္ကို ပ႐ိုမိုးရွင္းကာလအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ ပထမႏွစ္ ၈ လ၊ ဒုတိယႏွစ္ ၆ လ၊ တတိယႏွစ္ ၃ လအထိ ဝန္ေဆာင္ခေပးစရာမလိုဘဲ ငွားရမ္းေပးသြားမည္ ျဖစ္သည္္။

 

 

ယင္းေစ်းတြင္ အလွကုန္ပစၥည္း၊ အထည္အလိပ္၊ လွ်ပ္စစ္ပစၥည္း၊ ကုန္မာပစၥည္း၊ ဒီဂ်စ္တယ္ထုတ္ကုန္၊ စားေသာက္ကုန္ပစၥည္း၊ ေဆာက္လုပ္ေရးပစၥည္း၊ လူသံုးကုန္ႏွင့္ ဇိမ္ခံအသံုးအေဆာင္ပစၥည္းမ်ားအျပင္ အမ်ိဳးအစားေပါင္း ၂၁ မ်ိဳးအထိ ေရာင္းခ်ကာ တစ္ေနရာတည္းတြင္ လက္ကားဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read 9330 times
Rate this item
(0 votes)
Tagged under