အင်းလျားကန်ဘောင်တလျှောက် မြေထိန်းနံရံများ ကြံ့ခိုင်မှုအားနည်း၍ စစ်ဆေးပြုပြင်ဆောင်ရွက်သွားမည်

အင်းလျားကန်ဘောင်တလျှောက် မြေထိန်းနံရံများ ကြံ့ခိုင်မှုအားနည်း၍ စစ်ဆေးပြုပြင်ဆောင်ရွက်သွားမည် facebook

လှိုင်မြို့နယ်ဘက်ခြမ်း အင်းလျားကန်ဘောင်အား ကြံ့ခိုင်မှုမရှိစေရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှပညာရှင်များအဖွဲ့၏ အကြံပြုချက်များကိုထပ်မံရယူပြီး အစဉ်တစိုက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးကပြောသည်။

 

'' အင်းလျားကန်သည် ၁၈၈၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ထိုအချိန်မှစတင်၍ ရန်ကုန်မြို့တော်ကို ရေပေးဝေလျက်ရှိသော ကန်တော်ကြီးအတွင်းသို့ ရေအားဖြည့် တင်းသည့် အထောက်အကူပြုရေကန်အဖြစ် အသုံးပြုခဲ့ပါကြောင်း၊

 

 

၁၉၀၄ ခုနှစ်တွင် လှော်ကားရေလှောင် ကန်နှင့်ရေပေးဝေရေးစနစ် တည်ဆောက်ပြီးစီးခဲ့၍ လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တော်သို့ ရေစတင်ပေးဝေနိုင်ခဲ့ပြီးချိန်မှစ၍ အင်းလျားကန်နှင့် ကန်တော်ကြီးကန်မှ ရေပေးဝေမှုစနစ်အားရပ်ဆိုင်းကာ အများပြည်သူအပန်းဖြေနိုင်သော နေရာတစ်ခုအဖြစ်အသုံးပြုခဲ့ပါကြောင်း၊

 

 

အင်းလျားကန် ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒိုက်ဆယ်စက် (Aquamarine) ဖြင့် ကန်အတွင်းရှိ ပကန်၊ ဗေဒါ၊ ဒိုက်နှင့် အမှိုက်များအား ပုံမှန်ဆယ်ယူရှင်းလင်းခြင်း၊ နုံးစုပ်စက် (Dredger) ဖြင့် ရေပိုလွှဲ(Spilway) ဝန်းကျင်၊ ကုက္ကိုင်းရေဝင်ပေါက် နှင့် အင်းယားမြိုင် ရေဝင်ပေါက်တို့တွင် နုံးများဆယ်ယူခြင်းကို ဆောင်ရွက်ထားရှိပါကြောင်း၊

 

 

၂၀၁၅ ခုနှစ်တွင် အင်းလျားကန် ရေဝင်ပေါက် (ကုက္ကိုင်း၊ အင်းယားမြိုင်)တို့တွင် နုံးစစ်ကန်နှင့် ရေဆိုးတားတမံပေအရှည် (၁၇၀)တည်ဆောက်ခြင်း၊ ပြည်လမ်း ကန်ဘောင်ဘက်အခြမ်းတွင် ကန်ဘောင်ကြံ့ခိုင်မှုနှင့် ကန်သာယာလှပမှုအတွက် ကျောက်စီနံရံနှင့် အုတ်ဘောင်တန်းပေအရှည် (၂၃၅၀) ဆောင်ရွက်ခြင်း၊ အင်းလျားပန်းခြံနှင့် ကုက္ကိုင်းပန်းခြံများအား အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

 

 

အင်းလျားကန်ဘောင် (ပြည်လမ်းဘက်ခြမ်း) ကြံ့ခိုင်မှုစစ်ဆေးခြင်းအတွက် ၂၀၁၇ ခုနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရှိ ပညာရှင်များမှ (Geophysical Investigation) အား ARES Resistvit Meter ဖြင့် Resistivity Method ကို အသုံးပြု၍ တိုင်းတာစစ်ဆေးခဲ့သည့်အပြင် (၃) နှစ်တာတစ်ကြိမ် ပုံမှန်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

 

ထို့အပြင် JICA Expert များ၏ နည်းပညာအကြံပြုချက်များရယူပြီး ကန်ဘောင် ကြံ့ခိုင်ရေးအတွက် အစဉ်တစိုက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ကန်ဘောင်ကြံ့ခိုင်မှုကို အားနည်းစေနိုင်သော ကန်ဘောင်တစ်လျှောက် ကာရံထားသည့် မြေကာနံရံအောက်ခြေများမှ ကြွက်တွင်းများအား လျော့နည်းပပျောက်စေရေးအတွက် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ တစ်လလျှင် (၃)ကြိမ် ကြွက်နှိမ်နင်းရေး ရှင်းလင်းဆောင်ရွက်ခြင်း၊

 

 

ကြွက်တွင်းပေါက်များအတွင်းသို့လည်း လိပ်သဲကျောက်များနှင့် သဲများ၊ ဘိလပ်မြေများဖြင့် Groultingလုပ်ခြင်း၊ အမှိုက်များနှင့် စားကြွင်းစားကျန်များ၊ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် ကန်ဘောင်အပေါ်ပိုင်းတွင် ပေ ၁၀၀စီ ခြား၍လည်းကောင်း၊ ကန်ဘောင်အောက်ပိုင်းတွင် ပေ ၅၀ စီခြား၍လည်းကောင်း အမှိုက်ပုံးများစီစဉ်ထား ရှိခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ထားရှိပါကြောင်း '' ဝန်ကြီးကပြောကြားသည်။

 

 

Myanmar Builders Guide

 

 


မီးစက္ႏွင့္ ထရန္စေဖာ္မာ လုပ္ငန္းေပါင္း ၃၂၈ ခုကို ရွာေဖြရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

အင္းလ်ားကန္ေဘာင္တေလွ်ာက္ ေျမထိန္းနံရံမ်ား ႀကံ႕ခိုင္မႈအားနည္း၍ စစ္ေဆးျပဳျပင္ေဆာင္႐ြက္သြားမည္

 

 

လႈိင္ၿမိဳ႕နယ္ဘက္ျခမ္း အင္းလ်ားကန္ေဘာင္အား ႀကံ႕ခိုင္မႈမရွိေစေရးအတြက္ စစ္ေဆးျပဳျပင္ေဆာင္႐ြက္ျခင္းလုပ္ငန္းကို ျမန္မာႏိုင္ငံတမံႀကီးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီမွပညာရွင္မ်ားအဖြဲ႕၏ အႀကံျပဳခ်က္မ်ားကိုထပ္မံရယူၿပီး အစဥ္တစိုက္စစ္ေဆးေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးကေျပာသည္။

 

 

'' အင္းလ်ားကန္သည္ ၁၈၈၄ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့ၿပီး ထိုအခ်ိန္မွစတင္၍ ရန္ကုန္ၿမိဳ႕ေတာ္ကို ေရေပးေဝလ်က္ရွိေသာ ကန္ေတာ္ႀကီးအတြင္းသို႔ ေရအားျဖည့္ တင္းသည့္ အေထာက္အကူျပဳေရကန္အျဖစ္ အသုံးျပဳခဲ့ပါေၾကာင္း၊

 

 

၁၉၀၄ ခုႏွစ္တြင္ ေလွာ္ကားေရေလွာင္ ကန္ႏွင့္ေရေပးေဝေရးစနစ္ တည္ေဆာက္ၿပီးစီးခဲ့၍ ေလွာ္ကားေရေလွာင္ကန္မွ ရန္ကုန္ၿမိဳ႕ေတာ္သို႔ ေရစတင္ေပးေဝႏိုင္ခဲ့ၿပီးခ်ိန္မွစ၍ အင္းလ်ားကန္ႏွင့္ ကန္ေတာ္ႀကီးကန္မွ ေရေပးေဝမႈစနစ္အားရပ္ဆိုင္းကာ အမ်ားျပည္သူအပန္းေျဖႏိုင္ေသာ ေနရာတစ္ခုအျဖစ္အသုံးျပဳခဲ့ပါေၾကာင္း၊

 

 

အင္းလ်ားကန္ ေရရွည္တည္တံ့ေစေရးႏွင့္ သန႔္ရွင္းသာယာလွပေစေရးအတြက္ စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိရာ ဒိုက္ဆယ္စက္ (Aquamarine) ျဖင့္ ကန္အတြင္းရွိ ပကန္၊ ေဗဒါ၊ ဒိုက္ႏွင့္ အမႈိက္မ်ားအား ပုံမွန္ဆယ္ယူရွင္းလင္းျခင္း၊ ႏုံးစုပ္စက္ (Dredger) ျဖင့္ ေရပိုလႊဲ(Spilway) ဝန္းက်င္၊ ကုကၠိဳင္းေရဝင္ေပါက္ ႏွင့္ အင္းယားၿမိဳင္ ေရဝင္ေပါက္တို႔တြင္ ႏုံးမ်ားဆယ္ယူျခင္းကို ေဆာင္႐ြက္ထားရွိပါေၾကာင္း၊

 

 

၂၀၁၅ ခုႏွစ္တြင္ အင္းလ်ားကန္ ေရဝင္ေပါက္ (ကုကၠိဳင္း၊ အင္းယားၿမိဳင္)တို႔တြင္ ႏုံးစစ္ကန္ႏွင့္ ေရဆိုးတားတမံေပအရွည္ (၁၇၀)တည္ေဆာက္ျခင္း၊ ျပည္လမ္း ကန္ေဘာင္ဘက္အျခမ္းတြင္ ကန္ေဘာင္ႀကံ႕ခိုင္မႈႏွင့္ ကန္သာယာလွပမႈအတြက္ ေက်ာက္စီနံရံႏွင့္ အုတ္ေဘာင္တန္းေပအရွည္ (၂၃၅၀) ေဆာင္႐ြက္ျခင္း၊ အင္းလ်ားပန္းၿခံႏွင့္ ကုကၠိဳင္းပန္းၿခံမ်ားအား အဆင့္ျမႇင့္တင္ျခင္းတို႔ကို ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊

 

 

အင္းလ်ားကန္ေဘာင္ (ျပည္လမ္းဘက္ျခမ္း) ႀကံ႕ခိုင္မႈစစ္ေဆးျခင္းအတြက္ ၂၀၁၇ ခုႏွစ္တြင္ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာနရွိ ပညာရွင္မ်ားမွ (Geophysical Investigation) အား ARES Resistvit Meter ျဖင့္ Resistivity Method ကို အသုံးျပဳ၍ တိုင္းတာစစ္ေဆးခဲ့သည့္အျပင္ (၃) ႏွစ္တာတစ္ႀကိမ္ ပုံမွန္စစ္ေဆးျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊

 

 

ထို႔အျပင္ JICA Expert မ်ား၏ နည္းပညာအႀကံျပဳခ်က္မ်ားရယူၿပီး ကန္ေဘာင္ ႀကံ့ခိုင္ေရးအတြက္ အစဥ္တစိုက္ေစာင့္ၾကည့္စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊

 

 

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသည္ ကန္ေဘာင္ႀကံ့ခိုင္မႈကို အားနည္းေစႏိုင္ေသာ ကန္ေဘာင္တစ္ေလွ်ာက္ ကာရံထားသည့္ ေျမကာနံရံေအာက္ေျခမ်ားမွ ႂကြက္တြင္းမ်ားအား ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ တိရစာၦန္ေဆးကုႏွင့္ သားသတ္႐ုံမ်ားဌာနမွ တစ္လလွ်င္ (၃)ႀကိမ္ ႂကြက္ႏွိမ္နင္းေရး ရွင္းလင္းေဆာင္႐ြက္ျခင္း၊

 

 

 ႂကြက္တြင္းေပါက္မ်ားအတြင္းသို႔လည္း လိပ္သဲေက်ာက္မ်ားႏွင့္ သဲမ်ား၊ ဘိလပ္ေျမမ်ားျဖင့္ Groultingလုပ္ျခင္း၊ အမႈိက္မ်ားႏွင့္ စားႂကြင္းစားက်န္မ်ား၊ စနစ္တက်စြန႔္ပစ္ႏိုင္ေရးအတြက္ ကန္ေဘာင္အေပၚပိုင္းတြင္ ေပ ၁၀၀စီ ျခား၍လည္းေကာင္း၊ ကန္ေဘာင္ေအာက္ပိုင္းတြင္ ေပ ၅၀ စီျခား၍လည္းေကာင္း အမႈိက္ပုံးမ်ားစီစဥ္ထား ရွိျခင္းတို႔ကို စဥ္ဆက္မျပတ္ေဆာင္႐ြက္ထားရွိပါေၾကာင္း '' ဝန္ႀကီးကေျပာၾကားသည္။

Read 264 times Last modified on Tuesday, 18 February 2020 13:10
Rate this item
(0 votes)