ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ တည်ဆောက်မည့် ချင်းရိုးရာအိမ်

ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ တည်ဆောက်မည့် ချင်းရိုးရာအိမ် google

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းရိုးရာအိမ်ကို အိန္ဒိယနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ကျပ်သိန်းပေါင်း ၁၅၀၀ အကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

အိန္ဒိယနိုင်ငံကူညီမှုဖြင့် ဖလမ်းမြို့တွင် တည်ဆောက်မည့် ချင်းရိုးရာအိမ်ကို သုံးထပ်ဖြင့်တည်ဆောက်သွားမည် ဖြစ်ပြီး ပထမထပ် အကျယ်ပေ ၁၂×၄၀ ၊ ဒုတိယထပ် အကျယ်ပေ ပေ ၁၆×၄၀ နှင့် တတိယထပ်အကျယ်ပေ၂၀ × ၄၀ ဖြင့်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

ဖလမ်းချင်းလူမှုကူမှုကူညီရေးအသင်း ဥက္ကဌ Pu Suan Za Tuang က '' ကျွန်တော်တို့ အေဆာက်အဦးအတွက် ပန္နက် ရိုက်ထားပြီးပြီ။ ဒါပေမဲ့ ဘယ်အချိန်အတိအကျ လုပ်ငန်းစမလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဆောက်လုပ်ဖို့ကတော့ အဆင်သင့်ရှိနေပြီ။ လုပ်ငန်းတာဝန်ယူမယ့်သူတွေနဲ့ မတွေ့သေးလို့ ဖြစ်တယ်။ ဆောက်လုပ်ဖို့ကုန်ကြမ်းတွေတော့ ရောက်ပြီ ''ဟု ပြောသည်။

 

 


အဆိုပါ ချင်းရိုးရာအိမ်ကို Dr. Run Bik ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးသို့ အစီရင်ခံရန်ပုံငွေတောင်းခံခဲ့ကြောင်း Dr. Run Bik ကပြောသည်။

 

 

Dr. Run Bik က '' ဒီကိစ္စဖြစ်မြောက်ရေးအတွက် ၂၀၁၇ ကတည်း ကျွန်တော်စလုပ်ခဲ့တာပါ၊ လိုအပ်တဲ့ အင်ဂျင်နီယာဆွဲပေးဖို့ကိုလည်း ကိုယ့်အိတ်စိုက်နဲ့ ကျွန်တော်စတင်ခဲ့တာ၊ ၊ ပြီးတော့အစိုးရ ထောက်ခံပေးမှုလိုတော့ ဖလမ်းလူမှုရေးအသင်းက ထောက်ခံပေးကြတယ်၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ၁ နှစ် ဒေါ်လာ ၅ သန်းထဲကနေ စတုတ္ထသုတ်အနေဖြင့် ကူညီပေးတာပါ ''ဟု ပြောသည်။

 

 

ချင်းရိုးရာအိမ်တည်ဆောက်မည့်နေရာသည် ဖလမ်းမြို့နယ်ခမ်းမ အောက်နားတွင် နေရာသတ်မှတ်ထားကြောင်းသိရသည်။

 

 

Myanmar Builders Guide

 

 

မီးသတ္ပစၥည္း လုပ္ငန္းေပါင္း ၇၄ ခုကိုရွာရန္ႏွိပ္ပါ

 

---Zawgyi---

 

 

က်ပ္သိန္း ၁၅၀၀ ကုန္က်ခံကာ တည္ေဆာက္မည့္ ခ်င္း႐ိုးရာအိမ္

 

 

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕တြင္ ခ်င္း႐ိုးရာအိမ္ကို အိႏၵိယႏိုင္ငံ၏ ေထာက္ပံ့မႈျဖင့္ က်ပ္သိန္းေပါင္း ၁၅၀၀ အကုန္က်ခံကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

 

အိႏၵိယႏိုင္ငံကူညီမႈျဖင့္ ဖလမ္းၿမိဳ႕တြင္ တည္ေဆာက္မည့္ ခ်င္း႐ိုးရာအိမ္ကို သုံးထပ္ျဖင့္တည္ေဆာက္သြားမည္ ျဖစ္ၿပီး ပထမထပ္ အက်ယ္ေပ ၁၂×၄၀ ၊ ဒုတိယထပ္ အက်ယ္ေပ ေပ ၁၆×၄၀ ႏွင့္ တတိယထပ္အက်ယ္ေပ၂၀ × ၄၀ ျဖင့္တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ဖလမ္းခ်င္းလူမႈကူမႈကူညီေရးအသင္း ဥကၠဌ Pu Suan Za Tuang က '' ကၽြန္ေတာ္တို႔ ေအဆာက္အဦးအတြက္ ပႏၷက္ ရိုက္ထားၿပီးၿပီ။ ဒါေပမဲ့ ဘယ္အခ်ိန္အတိအက် လုပ္ငန္းစမလဲဆိုတာေတာ့ ေျပာလို႔မရေသးပါဘူး။ ေဆာက္လုပ္ဖို႔ကေတာ့ အဆင္သင့္ရွိေနၿပီ။ လုပ္ငန္းတာဝန္ယူမယ့္သူေတြနဲ႔ မေတြ႕ေသးလို႔ ျဖစ္တယ္။ ေဆာက္လုပ္ဖို႔ကုန္ၾကမ္းေတြေတာ့ ေရာက္ၿပီ ''ဟု ေျပာသည္။

 

 


အဆိုပါ ခ်င္း႐ိုးရာအိမ္ကို Dr. Run Bik ဦးေဆာင္မႈျဖင့္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ကတည္းက ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးသို႔ အစီရင္ခံရန္ပုံေငြေတာင္းခံခဲ့ေၾကာင္း Dr. Run Bik ကေျပာသည္။

 

 

Dr. Run Bik က '' ဒီကိစၥျဖစ္ေျမာက္ေရးအတြက္ ၂၀၁၇ ကတည္း ကၽြန္ေတာ္စလုပ္ခဲ့တာပါ၊ လိုအပ္တဲ့ အင္ဂ်င္နီယာဆြဲေပးဖို႔ကိုလည္း ကိုယ့္အိတ္စိုက္နဲ႔ ကၽြန္ေတာ္စတင္ခဲ့တာ၊ ၊ ၿပီးေတာ့အစိုးရ ေထာက္ခံေပးမႈလိုေတာ့ ဖလမ္းလူမႈေရးအသင္းက ေထာက္ခံေပးၾကတယ္၊ အိႏၵိယႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို ၁ ႏွစ္ ေဒၚလာ ၅ သန္းထဲကေန စတုတၳသုတ္အေနျဖင့္ ကူညီေပးတာပါ ''ဟု ေျပာသည္။

 

 

ခ်င္း႐ိုးရာအိမ္တည္ေဆာက္မည့္ေနရာသည္ ဖလမ္းၿမိဳ႕နယ္ခမ္းမ ေအာက္နားတြင္ ေနရာသတ္မွတ္ထားေၾကာင္းသိရသည္။

 

Read 595 times Last modified on Friday, 31 January 2020 14:31
Rate this item
(0 votes)
Tagged under

Related items