ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ရန်ခက်ခဲနေသူများအတွက် အရစ်ကျငွေပေးချေရသည့် နေအိမ်များ ဆက်လက်ဆောက်လုပ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ရန်ခက်ခဲနေသူများအတွက် အရစ်ကျငွေပေးချေရသည့် နေအိမ်များ ဆက်လက်ဆောက်လုပ်နေ google

ကျူးကျော်တွေအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ရန်ခက်ခဲနေသူများ နေရာချထား ပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့အစီအစဉ်ဖြင့် လူမှုအဖွဲ့အစည်း အခြေစိုက်အိမ်ယာတွေကို အကောင်အထည်ဖော် ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

 

နေထိုင်ရန်ခက်ခဲနေသူများကို လစဉ်အရစ်ကျပေးသွင်းပြီး နေထိုင်နိုင်မည့် လူထူအခြေပြု အိမ်ရာစီမံကိန်းတွေလည်း ရွှေပြည်သာမြို့နယ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးလျက်ရှိပါတယ်။

 

 

လက်ရှိမှာဆိုလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့တွင် တစ်ပြိုင်နက်တည်း ဆောက်လုပ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

 

 

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်အနီးနားတွင် အလုံး ၃၀၀ နီးပါးကို စတင်တည်ဆောက်နေပြီဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်လည်း အလုံး ၁၅၀ ကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။

 

 

ပထမဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရွှေပြည်သာမြို့နယ်တွင် ကျပ်သိန်း ၃၀ တန် နေအိမ်တွေကို ဆောက်လုပ် ပြီးစီးခဲ့ပြီဖြစ်ပြီး အခုနှစ် မြို့နယ်တွင်လည်း ငွေကျပ် ၂၅ သိန်းတန် စုစုပေါင်း နေအိမ် ၂ မျိုးရှိတယ်လို့ သိရပါတယ်။

 

 

ယခုလက်ရှိ ဆောက်လုပ်နေသည့် နေအိမ်တွေကိုတော့ လာမည့် မတ်လအတွင်း ပြီးစီးအောင်ဆောက်လုပ်နေတယ်လို့ သတင်းရရှိပါတယ်။

 

 

ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း တည်ထောင်သူ ဒေါ်ဗန်လီဇာအောင်က '' ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ (တောင်ပိုင်း) မြို့နယ်များတွင် လက်တွေ့သတင်းအချက်အလက် ကောက်ယူသည့်အခါ တစ်ယာက်နဲ့တစ်ယောက် ဝင်ငွေနှုန်းတွေ လုံးဝမတူပါဘူး။ အိမ်ဒီဇိုင်းတွေ စတင်ဆွဲတဲ့အခါမှာ ဝင်ငွေအရတတ်နိုင်တဲ့ ဒီဇိုင်းလေးတွေရှိပါတယ်။ အချို့ကမိသားစုအရ အိမ်ကြီးကြီးတွေ မလိုအပ်တာတွေလည်း တွေ့ရတဲ့အခါမှာ အိမ်ဒီဇိုင်းလေးတွေကို ပြင်ဆင်တာလေးတွေ ရှိပါတယ်။ အရှေ့ဒဂုံ၊ တောင်ဒဂုံတို့မှာ Size တွေက ကွာဟချက်လေးတွေတော့ရှိပါတယ်။ ''လို့ ပြောခဲ့ပါတယ်။

 

 

ဆက်လက်ပြီးတော့ '' တိုင်းဒေသကြီးအစိုးရက သူတို့ကို အဝေးကြီးပို့လိုက်တာထက် အကုန်လုံး infrastructure ရှိပြီးသား နေရာတွေမှာ ပံ့ပိုးပေးချင်ပါတယ်။ မြေနေရာတွေကိုလည်း ဒီလိုနေရာမျိုးမှာ ရွေးချယ်စေချင်တယ်။ ဒီလိုစီမံကိန်းတွေက အရမ်းအဆင်ပြေတယ်။ Infra တွေလည်းရှိပြီးသား ရပ်ကွက်ထဲမှာပေါ့နော် လူတွေအတွက် ပြောင်းရွေ့နေထိုင်ပြီးတော့ ဘဝအသစ်ကို အခြေကျဖို့ သူတု့ိက အရမ်းကို အဆင်ပြေတယ် '' လို့ ဒေါ်ဗန်လီဇာအောင်က ပြောခဲ့ပါတယ်။

 

 

နေထိုင်မည့်သူတွေကိုတော့ လွန်ခဲ့တဲ့ ၆ လ အတွင်းကပဲ သက်ဆိုင်ရာမြို့နယ်တွေမှာ စာရင်းကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ စာရင်းကောက်ပြီးတော့ အိမ်တန်ဖိုးတတ်နိုင်တဲ့သူတွေကို ရွေးချယ်ခဲ့တာပါ။

 

 

ငွေကျပ်သိန်း ၃၀ တန် နေအိမ်တွေကတော့ တစ်လကို ငွေကျပ် ၇၉၅၀၀ ကျပ်ဖြင့် ၆ နှစ် အရစ်ကျပေးချေရမှာလည်း ဖြစ်ပါတယ်။

 

 

ငွေကျပ် ၂၅ သိန်းတန် နေအိမ်တွေကတော့ တစ်လကို ငွေကျပ် ၆၀၀၀၀ ဝန်းကျင် ပေးသွင်းရမှာ ဖြစ်ပါတယ်။

 

 

အခုနေအိမ်တွေကိုတော့ အစိုးရမြေပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီးတော့ ကနဦးအနေနဲ့တော့ နှစ် ၃၀ နေခွင့်ရှိတာဖြစ်ပြီး လိုအပ်သော ရေ၊ မီး ၊လမ်း တွေအတွက်ကို အစိုးရက ပံပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

 

လူမှုအဖွဲ့အစည်း အခြေပြုအိမ်ယာစီမံကိန်းကို ရွှေပြည်တော်မြို့နယ်မှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး အိမ်ထောင်စုတစ်ခုကိုတော့ နေအိမ်တစ်လုံးနှုန်းကို (၁၈×၂၅) ပေ ပုံစံတူ နေအိမ် ၂၆၄ လုံးကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြီးစီးသွားပြီဖြစ်၍ ဇန်နဝါရီလ ၁ရက်နေ့မှ စတင် နေထိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္ရန္ခက္ခဲေနသူမ်ားအတြက္ အရစ္က်ေငြေပးေခ်ရသည့္ ေနအိမ္မ်ား ဆက္လက္ေဆာက္လုပ္ေန

 

 

က်ဴးေက်ာ္ေတြအပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္ရန္ခက္ခဲေနသူမ်ား ေနရာခ်ထား ေပးႏိုင္ဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲ႕အစီအစဥ္ျဖင့္ လူမႈအဖြဲ႔အစည္း အေျခစိုက္အိမ္ယာေတြကို အေကာင္အထည္ေဖာ္ ဆက္လက္ ေဆာင္ရြက္ေနတယ္လို႔ သိရွွိရပါတယ္။

 

 

ေနထိုင္ရန္ခက္ခဲေနသူမ်ားကို လစဥ္အရစ္က်ေပးသြင္းၿပီး ေနထို္င္ႏိုင္မည့္ လူထူအေျချပဳ အိမ္ရာစီမံကိန္းေတြလည္း ေရႊျပည္သာၿမိဳ႕နယ္တြင္ စတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ၿပီးစီးလ်က္ရွိပါတယ္။

 

 

လက္ရွိမွာဆိုလည္း ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တို႔တြင္ တစ္ၿပိဳင္္နက္တည္း ေဆာက္လုပ္ေဆာင္ရြက္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

 

 

ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္ ဒဂံုတကၠသိုလ္အနီးနားတြင္ အလံုး ၃၀၀ နီးပါးကို စတင္တည္ေဆာက္ေနၿပီျဖစ္ၿပီး ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တြင္လည္း အလံုး ၁၅၀ ကို တည္ေဆာက္ေနၿပီ ျဖစ္ပါတယ္။

 

 

ပထမဆံုးအေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့သည့္ ေရႊျပည္သာၿမိဳ႕နယ္တြင္ က်ပ္သိန္း ၃၀ တန္ ေနအိမ္ေတြကို ေဆာက္လုပ္ ၿပီးစီးခဲ့ၿပီျဖစ္ၿပီး အခုႏွစ္ ၿမိဳ႕နယ္တြင္လည္း ေငြက်ပ္ ၂၅ သိန္းတန္ စုစုေပါင္း ေနအိမ္ ၂ မ်ိဳးရွိတယ္လို႔ သိရပါတယ္။

 

 

ယခုလက္ရွိ ေဆာက္လုပ္ေနသည့္ ေနအိမ္ေတြကိုေတာ့ လာမည့္ မတ္လအတြင္း ၿပီးစီးေအာင္ေဆာက္လုပ္ေနတယ္လို႔ သတင္းရရွိပါတယ္။

 

 

ပ်ိဳေမ့အိမ္လူမႈဖြံ႕ျဖိဳးတိုးတက္ေရးအသင္း တည္ေထာင္သူ ေဒၚဗန္လီဇာေအာင္က '' ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း)၊ (ေတာင္ပိုင္း) ၿမိဳ႕နယ္မ်ားတြင္ လက္ေတြ႕သတင္းအခ်က္အလက္ ေကာက္ယူသည့္အခါ တစ္ယာက္နဲ႔တစ္ေယာက္ ဝင္ေငြႏႈန္းေတြ လံုးဝမတူပါဘူး။ အိမ္ဒီဇိုင္းေတြ စတင္ဆြဲတဲ့အခါမွာ ဝင္ေငြအရတတ္ႏိုင္တဲ့ ဒီဇိုင္းေလးေတြရွိပါတယ္။ အခ်ိဳ႕ကမိသားစုအရ အိမ္ႀကီးႀကီးေတြ မလိုအပ္တာေတြလည္း ေတြ႔ရတဲ့အခါမွာ အိမ္ဒီဇိုင္းေလးေတြကို ျပင္ဆင္တာေလးေတြ ရွိပါတယ္။ အေရွ႕ဒဂံု၊ ေတာင္ဒဂံုတို႔မွာ Size ေတြက ကြာဟခ်က္ေလးေတြေတာ့ရွိပါတယ္။ ''လို႔ ေျပာခဲ့ပါတယ္။

 

 

ဆက္လက္ၿပီးေတာ့ '' တိုင္းေဒသႀကီးအစိုးရက သူတို႔ကို အေဝးႀကီးပို႔လိုက္တာထက္ အကုန္လံုး infrastructure ရွိၿပီးသား ေနရာေတြမွာ ပံ့ပိုးေပးခ်င္ပါတယ္။ ေျမေနရာေတြကိုလည္း ဒီလိုေနရာမ်ိဳးမွာ ေရြးခ်ယ္ေစခ်င္တယ္။ ဒီလိုစီမံကိန္းေတြက အရမ္းအဆင္ေျပတယ္။ Infra ေတြလည္းရွိၿပီးသား ရပ္ကြက္ထဲမွာေပါ့ေနာ္ လူေတြအတြက္ ေျပာင္းေရြ႕ေနထိုင္ၿပီးေတာ့ ဘဝအသစ္ကို အေျခက်ဖို႔ သူတု႔ိက အရမ္းကို အဆင္ေျပတယ္ '' လို႔ ေဒၚဗန္လီဇာေအာင္က ေျပာခဲ့ပါတယ္။

 

 

ေနထိုင္မည့္သူေတြကိုေတာ့ လြန္ခဲ့တဲ့ ၆ လ အတြင္းကပဲ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ စာရင္းေကာက္ခံခဲ့တာပဲ ျဖစ္ပါတယ္။ စာရင္းေကာက္ၿပီးေတာ့ အိမ္တန္ဖိုးတတ္ႏိုင္တဲ့သူေတြကို ေရြးခ်ယ္ခဲ့တာပါ။

 

 

ေငြက်ပ္္သိန္း ၃၀ တန္ ေနအိမ္ေတြကေတာ့ တစ္လကို ေငြက်ပ္ ၇၉၅၀၀ က်ပ္ျဖင့္ ၆ ႏွစ္ အရစ္က်ေပးေခ်ရမွာလည္း ျဖစ္ပါတယ္။

 

 

ေငြက်ပ္ ၂၅ သိန္းတန္ ေနအိမ္ေတြကေတာ့ တစ္လကို ေငြက်ပ္ ၆၀၀၀၀ ဝန္းက်င္ ေပးသြင္းရမွာ ျဖစ္ပါတယ္။

 

 

အခုေနအိမ္ေတြကိုေတာ့ အစိုးရေျမေပၚမွာ ေဆာက္လုပ္ထားတာျဖစ္ၿပီးေတာ့ ကနဦးအေနနဲ႔ေတာ့ ႏွစ္ ၃၀ ေနခြင့္ရွိတာျဖစ္ၿပီး လုိအပ္ေသာ ေရ၊ မီး ၊လမ္း ေတြအတြက္ကို အစိုးရက ပံပိုးေပးသြားမွာ ျဖစ္တယ္လို႔ သိရွိရပါတယ္။

 

 

လူမႈအဖြဲ႕အစည္း အေျချပဳအိမ္ယာစီမံကိန္းကို ေရႊျပည္ေတာ္ၿမိဳ႕နယ္မွာ စတင္အေကာင္အထည္ ေဖာ္ခဲ့တာျဖစ္ၿပီး အိမ္ေထာင္စုတစ္ခုကိုေတာ့ ေနအိမ္တစ္လံုးႏႈန္းကို (၁၈×၂၅) ေပ ပံုစံတူ ေနအိမ္ ၂၆၄ လံုးကို ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၿပီးစီးသြားၿပီျဖစ္၍ ဇန္နဝါရီလ ၁ရက္ေန႔မွ စတင္ ေနထိုင္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

 

Read 1424 times Last modified on Thursday, 30 January 2020 16:53
Rate this item
(1 Vote)
Tagged under