သုံးခွမြို့နယ်၊ ဒဂုံဆပ်ကမ်းမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelter (၁)လုံးစီကို ခွင့်ပြုဘတ်ဂျက်ရရှိပါက ဆောက်လုပ်နိုင်မည်

သုံးခွမြို့နယ်၊ ဒဂုံဆပ်ကမ်းမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelter (၁)လုံးစီကို ခွင့်ပြုဘတ်ဂျက်ရရှိပါက ဆောက်လုပ်နိုင်မည် google

 

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် Cyclone Shelter တစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိကို သိလိုပါကြောင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွဋ်က မေးမြန်းခဲ့သည်။

 

 

မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီးက “ကွမ်းခြံကုန်းမြို့နယ်တွင် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelter (၄)လုံးရှိသော်လည်း သောင်ခုံကျေးရွာမှာ ပင်လယ်ဝဖြစ်၍ အမှန်တကယ် ဆောက်လုပ်သင့်ပါတယ်။

 

 

တိုင်းအစိုးရအဖွဲ့အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်ရာတွင် အထောက်အကူပြု အချက်အလက်များ ပေးနိုင်ရေးနှင့် Yangon Project Bank ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများတွင်လည်း သုံးခွမြို့နယ်၊ ဒဂုံဆပ်ကမ်းမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelter (၁)လုံးစီ ဆောက်လုပ်နိုင်ရေး ထည့်သွင်း ရေးဆွဲထားပါတယ်။

 

 

ထို့အပြင် ဒုတိယသမ္မတ ဦးဆောင်တဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့လည်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှာ ပါဝင်နိုင်ရန် တင်ပြ၍ လမ်းညွှန်မှု ခံယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ခွင့်ပြုဘတ်ဂျက်ရရှိပါက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

 

 

ဆက်လက်၍ ဆူနာမီဘေး၊ မုန်တိုင်းဘေးအစရှိသော သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပင်လယ်ကမ်းခြေနှင့် ထိစပ်သော ဒေသများမှ ပြည်သူများ ယာယီခိုလှုံနိုင်ရန်အတွက် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelterများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ၂၀၀၉ ခုနှစ်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် အလှူရှင်များ၏ အလှူငွေများဖြင့် တည်ဆောက်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဆိုင်ကလုန်း Shelter စုစုပေါင်း (၂၃၂) လုံးအား တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။

 

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်ကမ်းစပ်နှင့် နီးစပ်သော ကျေးရွာများတွင် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်း Shelter များ ဆောက်လုပ်ထားလျက်ရှိရာ ခရမ်းမြို့နယ်ရှိ အုန်းပင်ကျေးရွာနှင့် ဘိုကလေးကျေးရွာတို့တွင် (၂) လုံး၊ သုံးခွမြို့နယ်ရှိ ဇောတိကကျေးရွာတွင် (၁) လုံး၊ ကျောက်တန်းမြို့နယ်၊ ကုလားတန်း ကျေးရွာအုပ်စုရှိ သံတဲကျေးရွာတွင် (၁) လုံး၊ ကော့မှူးမြို့နယ်ရှိ သမင်ခြံကျေးရွာတွင် (၁)လုံးနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်းကျေးရွာ၊ မယ်ရကုန်းကျေးရွာ၊ မှော်ဘီကျေးရွာနှင့် သုံးခွကျေးရွာများတွင် (၄) လုံး၊ စုစုပေါင်း (၉) လုံးရှိခဲ့ပြီဖြစ်ပါတယ်။

 

 

အဆောက်အဦများ ရေရှည်ခိုင်ခံ့ ကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများမှ ထိန်းသိမ်းထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း လူမှုရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သုံးခြၿမိဳ႕နယ္၊ ဒဂုံဆပ္ကမ္းၿမိဳ႕နယ္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားတြင္ မုန္တိုင္းဒဏ္ခံ ဆိုင္ကလုန္း Shelter (၁)လုံးစီကို ခြင့္ျပဳဘတ္ဂ်က္ရရွိပါက ေဆာက္လုပ္ႏိုင္မည္

 

 

ယေန႔၊ နံနက္(၁၀)နာရီတြင္ က်င္းပေသာ လႊတ္ေတာ္အစည္းအေဝး၌ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ လိုအပ္လ်က္ရွိသည့္ Cyclone Shelter တစ္လုံး ေဆာက္လုပ္ေပးရန္ အစီအစဥ္ရွိ၊မရွိကို သိလိုပါေၾကာင္းကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးရဲထြဋ္က ေမးျမန္းခဲ့သည္။

 

 

ေမးခြန္းႏွင့္စပ္လ်ဥ္း၍ လူမႈေရးဝန္ႀကီးက “ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ မုန္တိုင္းဒဏ္ခံ ဆိုင္ကလုန္း Shelter (၄)လုံးရွိေသာ္လည္း ေသာင္ခုံေက်း႐ြာမွာ ပင္လယ္ဝျဖစ္၍ အမွန္တကယ္ ေဆာက္လုပ္သင့္ပါတယ္။

 

 

တိုင္းအစိုးရအဖြဲ႕အေနျဖင့္လည္း ရန္ကုန္တိုင္းေဒသႀကီး ဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအား ဖိတ္ေခၚရာတြင္ အေထာက္အကူျပဳ အခ်က္အလက္မ်ား ေပးႏိုင္ေရးႏွင့္ Yangon Project Bank ၏ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေဆာင္႐ြက္မည့္ လုပ္ငန္းစီမံကိန္းမ်ားတြင္လည္း သုံးခြၿမိဳ႕နယ္၊ ဒဂုံဆပ္ကမ္းၿမိဳ႕နယ္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားတြင္ မုန္တိုင္းဒဏ္ခံ ဆိုင္ကလုန္း Shelter (၁)လုံးစီ ေဆာက္လုပ္ႏိုင္ေရး ထည့္သြင္း ေရးဆြဲထားပါတယ္။

 

 

ထို႔အျပင္ ဒုတိယသမၼတ ဦးေဆာင္တဲ့ အမ်ိဳးသားသဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီသို႔လည္း ၂၀၂၀-၂၀၂၁ ခု ဘ႑ာေရးႏွစ္မွာ ပါဝင္ႏိုင္ရန္ တင္ျပ၍ လမ္းၫႊန္မႈ ခံယူေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း၊ ခြင့္ျပဳဘတ္ဂ်က္ရရွိပါက ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။” ဟု ဝန္ႀကီးဦးႏိုင္ငံလင္းက ေျပာသည္။

 

 

ဆက္လက္၍ ဆူနာမီေဘး၊ မုန္တိုင္းေဘးအစရွိေသာ သဘာဝေဘးအႏၲရာယ္မ်ား က်ေရာက္ခ်ိန္တြင္ ပင္လယ္ကမ္းေျခႏွင့္ ထိစပ္ေသာ ေဒသမ်ားမွ ျပည္သူမ်ား ယာယီခိုလႈံႏိုင္ရန္အတြက္ မုန္တိုင္းဒဏ္ခံ ဆိုင္ကလုန္း Shelterမ်ားကို တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးတြင္ ၂၀၀၉ ခုႏွစ္မွစ၍ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာနႏွင့္ အလႉရွင္မ်ား၏ အလႉေငြမ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီးျဖစ္ရာ ယခုအခါ ဆိုင္ကလုန္း Shelter စုစုေပါင္း (၂၃၂) လုံးအား တည္ေဆာက္ေပးခဲ့ၿပီးျဖစ္ပါတယ္။

 

 

ရန္ကုန္တိုင္းေဒသႀကီး ေတာင္ပိုင္းခ႐ိုင္အတြင္း ၿမိဳ႕နယ္မ်ားရွိ ပင္လယ္ကမ္းစပ္ႏွင့္ နီးစပ္ေသာ ေက်း႐ြာမ်ားတြင္ မုန္တိုင္းဒဏ္ခံ ဆိုင္ကလုန္း Shelter မ်ား ေဆာက္လုပ္ထားလ်က္ရွိရာ ခရမ္းၿမိဳ႕နယ္ရွိ အုန္းပင္ေက်း႐ြာႏွင့္ ဘိုကေလးေက်း႐ြာတို႔တြင္ (၂) လုံး၊ သုံးခြၿမိဳ႕နယ္ရွိ ေဇာတိကေက်း႐ြာတြင္ (၁) လုံး၊ ေက်ာက္တန္းၿမိဳ႕နယ္၊ ကုလားတန္း ေက်း႐ြာအုပ္စုရွိ သံတဲေက်း႐ြာတြင္ (၁) လုံး၊ ေကာ့မႉးၿမိဳ႕နယ္ရွိ သမင္ၿခံေက်း႐ြာတြင္ (၁)လုံးႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ရွိ လက္ခုပ္ကုန္းေက်း႐ြာ၊ မယ္ရကုန္းေက်း႐ြာ၊ ေမွာ္ဘီေက်း႐ြာႏွင့္ သုံးခြေက်း႐ြာမ်ားတြင္ (၄) လုံး၊ စုစုေပါင္း (၉) လုံးရွိခဲ့ၿပီျဖစ္ပါတယ္။

 

 

အေဆာက္အဦမ်ား ေရရွည္ခိုင္ခံ့ ေကာင္းမြန္ေစရန္ ပညာေရးဝန္ႀကီးဌာနႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား၊ လူမႈကူညီေရးအသင္းမ်ားမွ ထိန္းသိမ္းထားရွိၿပီး ေဆာင္႐ြက္လ်က္ရွိေၾကာင္း လူမႈေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။

Read 333 times Last modified on Friday, 31 January 2020 16:51
Rate this item
(0 votes)
Tagged under