သိန်း ၁,ဝ၀ဝ ဝန်းကျင်ဖြင့် အရောင်းဖွင့်နေသော မန္တလေးဈေးချိုအနီးက အဆာဟိကွန်ဒိုအခန်းများ

သိန်း ၁,ဝ၀ဝ ဝန်းကျင်ဖြင့် အရောင်းဖွင့်နေသော မန္တလေးဈေးချိုအနီးက အဆာဟိကွန်ဒိုအခန်းများ google

        KT Construction မှတည်ဆောက်နေသော အဆာဟိကွန်ဒို အခန်းများကို မတ် ၁၅ မှ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ မန္တလေးမြို့ ဘူတာကြီးအပေါ်ရှိ Hotel Marvel၊ အမရပူရ ခန်းမတွင် အရောင်းပြပွဲပြုလုပ်၍ စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ရွေးချယ်ဝယ်ယူနိုင်

        အဆိုပါကွန်ဒိုစီမံကိန်းသည် မန္တလေးမြို့ ၏အထင်ကရဖြစ်သော ဈေးချိုအနီးတွင် တည်ရှိပြီး ကွန်ဒိုဥပဒေနှင့်အညီ ဝယ်ယူသူများအား မြေအချိုးကျပိုင်ဆိုင်ခြင်းပေးမည် ဖြစ်သည်။ တစ်ဧကကျယ်ဝန်းသော ဂရန်မြေပေါ်တွင် တည်ဆောက်လျက်ရှိပြီး ၉၇၅ sqft မှ ၁၄၆၆ sqftအထိ ကျယ်ဝန်းသောအခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ရေကူးကန်၊ အားကစားခန်းမ၊ ကားပါကင်၊ ဓာတ်လှေ ကား၊ Rooftop Garden ၊ Barbeque Terrace စသည့် ကွန်ဒို Facilities အပြည့်အစုံ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

<< မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတွေကို ဒုတိယအကြိမ်မြောက် ဘယ်လိုမျိုး ရောင်းချပေးနေပြီလဲ??? >>

 

လုံခြုံရေးစနစ်များပါဝင်

        အဆိုပါစီမံကိန်းတွင် လူနေအိမ်ခန်းပေါင်း ၁၉၂ ခန်း၊ မော်တော် ယာဉ် ၁၇၁ စီးခန့်အတွက် ကားပါကင်၊ ဆိုင်ကယ်ပါကင်အစီး ၃၀ဝ ခန့် ထည့်သွင်းနိုင်ရန် ဆောက်လုပ်ထားသည်။ မြေအောက်ပါကင်နှစ်ထပ် ပါဝင်ပြီး၂၄ နာရီ လုံခြုံရေးစနစ်များလည်း ပါဝင်သည်။

 

Source: Myanmar Times

 

Myanmar Builders Guide

Read 124 times Last modified on Friday, 15 March 2019 14:47
Rate this item
(1 Vote)
Tagged under